……………………… သွားချည်ပြန်လှည့်နဲ့ ဘောင်မဝင်တော့သော ရက်စွဲတစ်ခု
ဘာသာအမျိုးမျိုးပြန်ဆိုလည်း မေတ္တာရဲ့အပေါ်သွေးက နံပါတ်မရှိတော့ပါဘူး
ဦးတည်ရာမဲ့ ဆင့်ခေါ်စာလို လိပ်ပတ်လည်အောင်လည်း ချစ်မပြတတ်တော့ဘူး
အရပ်လေးမျက်နှာက ဆင်တူဝတ်စုံတွေ မှန်ဘောင်ထဲပဲ ငေးကြည့်နေလိုက်ရုံ……
အတိတ်ကို ခတ်ဆတ်ဆတ် ဆွဲဆိတ်မိတော့
အော်ပီကျယ်မှာ ခမ်းနားခဲ့တာတွေ
ရွှေမြင်းတင်မှာ ရေးထွင်းခဲ့တဲ့ ခိုင်မာမှုတွေ
ရွှေသိမ်တော်မှာ ကြိမ်ဆိုခဲ့တဲ့ ဘယ်တော့မှ မခွဲကြေးတွေ
မယ်နုအုတ်ကျောင်းမှာ လွှင့်လူးခဲ့တဲ့ စာနာတာတွေ
ဘုရားကြီးမှာ ရွှေသင်္ကန်းကပ်ခဲ့တာတွေ
ကျွန်းတန်းလမ်းမှာ ဖွနင်းခဲ့တဲ့ခြေရာတွေ
ခုနေ အတူတူလွမ်းလွန်းလို့ပြီး နာနိုနည်းပညာနဲ့ ဖက်နမ်းချင်လည် မရတော့ဘူး။
ကာလယန္တားအောက် မေတ္တာကို အပျောက်ဖျောက်ပစ်ပြီးမှ အလွမ်းနဲ့ ပုံဖော်နေလည်း ရင်မောနေရုံမဟုတ်လား။
အဲဒီ ၁၄ ရက်နေ့ဆိုတာ ဒီနေ့အတွက် အမြတ်ငွေဟာ မနက်ဖြန်အတွက် အရင်းအနှီးမျှသာပါ ချစ်သူ။

ကိုစစ်(Phys) 2 ,Feb,2020

ko six

About ko six

ko six has written 108 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014

   Send article as PDF