အငျ်ဂလိပျစာရေးတတျလိုသောျ(၁၅) – ပါမောက်ခမြိုးကြောျမွငျ့

kaiFebruary 28, 20204min1940

အရင်လက ကြားဖြတ်အနေနဲ့ e-mail လေးတွေ ရေးတတ်လာအောင် အတော်အသင့် ဖော်ပြပေးခဲ့ပါတယ်။ ယခုလမှာတော့ essay ရေးတတ်လိုသူ ကျောင်းသူကျောင်းသားလေးများကို essay ရေးနည်းများစွာရှိတဲ့ အနက်က အလွယ်ကူဆုံး နည်းတစ်နည်းဖြစ်တဲ့ paragraph မှ essay အဖြစ်သို့ ပြောင်းလဲ ရေးသားတဲ့နည်းကို လေ့လာကြပါစို့။ မိမိရေးထားပြီးသား paragraph လေးတစ်ပုဒ်ကို essay တပုဒ်အဖြစ်သို့် expand လုပ်လိုက်ဖို့၊ တနည်းအားဖြင့် ချဲ့တွင် ရေးသားလိုက်ဖို့ လွယ်ကူပါတယ်။ ဖော်ပြပါ diagram လေးကိုကြည့်လိုက်ပါ။
Paragraph Essay
-Topic Sentence Thesis Statement
-Idea 1 Body paragraph 1
-Idea 2 Body paragraph 2
-Idea 3 Body paragraph 3
-Conclusion Concluding Paragraph
အထက်ပါ diagram လေးကို နမူနာလေးတွေနဲ့ ဖြည့်စွက်ပေးလိုက်တဲ့အခါ ပိုမိုရှင်းသွားပါလိမ့်မယ်။
Paragraph Essay
There are three types of child abuse. Of the three types of child abuse- physical,
verbal, and sexual abuse, it is clear that the
last one, sexual abuse, is the most heinous and
most damaging to the child.
Physical abuse + examples Body paragraph on physical abuse of children
Verbal abuse + examples Body paragraph on verbal abuse of children
Sexual abuse + examples Body paragraph on sexual abuse of children
Concluding sentence concluding paragraph
ဖော်ပြပါ ဥပမာလေးတွေကို အားမရသေးဘူးဆိုရင် နောက်ထပ် ဥပမာလေးတွေ ဖော်ပြပေးပါမယ်။
Paragraph Essay
-We can divide loneliness into three types. Of the three types of loneliness- temporary,
situational, and chronic loneliness, it is clear that the
last one, chronic loneliness, is the most dangerous since
it can lead to depression and suicidal thoughts.
-Temporary loneliness+explanation Body paragraph on temporary loneliness
-Situational loneliness+explanation Body paragraph on situational loneliness
-Chronic loneliness+explanation Body paragraph on chronic loneliness
-Concluding sentenced concluding paragraph
ကဲဒီ Diagram လေးကို သဘောပေါက်လောက်ပြီထင်ပါတယ်။ ဒီတော့ ဦးစွာပထမ essay ရဲ့ အနှစ်သာရဖြစ်တဲ့ thesis statement ပါတဲ့ introduction လေး ရေးပုံရေးနည်းကို လေ့လာကြပါစို့။ introductory paragraph မှာ မဖြစ်မနေပါရမှာက Hook နဲ့ ××တို့ ဖြစ်ပါတယ်။ thesis statement ဆိုတာကတော့ စာဖတ်သူ စိတ်ဝင်စားလာအောင် essay ကို ဖတ်ချင်လာအောင် စွဲဆောင်နိုင်မဲ့ ဝါကျလေးများကို ဆိုပါတယ်။ hook မျိုးစုံ ရှိပါတယ်။
မေးခွန်းလေးတွေနဲ့ စွဲဆောင်တတ်သလို၊ လှပခန့်ညားတဲ့ quotations လေးတွေနဲ့လည်း စွဲဆောင်ပေးနိုင်ပါတယ်။ တချို့က စာဖတ်သူများ မမျှော်လင့်ထားတဲ့ Story လေးတွေနဲ့ ဖမ်းပြီး ချိတ်တတ်ပါသေးတယ်။ မိမိရေးအားသန်တဲ့ hook လေးကိုသာသုံးပါ။ အဓိကကတော့ စာဖတ်သူကို စွဲဆောင်နိုင်ဖို့ ပါပဲ။
ဥပမာ- A Soldier’s Life ဆိုတဲ့ခေါင်းစဉ်လေးနဲ့ စာရေးသူဖတ်ခဲ့ဘူးတဲ့ essay လေး တပုဒ်မှာ နာမည်ကျော် ကဗျာဆရာကြီး Tennyson ရဲ့ကဗျာက ” Verse” လေး နှစ်လိုင်းနဲ့ စထားပါတယ်။ အထူးထိရောက်ပါတယ်။ လှလည်း လှပပါတယ်။ စာဖတ်သူကို စွဲဆောင်နိုင်စွမ်း ရှိပါတယ်။
Yours is not to question why
yours is but to do and die
ကဲ ဘယ်လောက်လှပတယ်ဆိုတာ တွေ့ပြီ မဟုတ်လား။ စစ်သားတစ်ယောက်ရဲ့ဘဝကို တိုတိုတုပ်တုပ် ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ hook လေးပါ။ hook နောက်တစ်မျိုး ရေးလိုတယ်ဆိုရင် မေးခွန်းလေးတွေ ရေးကြည့်ပါ။ ဥပမာ- The Birth Order Myth ဆိုတဲ့ခေါင်းစဉ်နဲ့ essay လေးတပုဒ်မှာ ဟောဒီလို မေးခွန်း လေးတွေနဲ့ စာဖတ်သူကို စွဲဆောင်ထားပါတယ်။

  • Are you the firstborn among your siblings? Are you the last among your siblings or are you somewhere in the middle? Do you know that birth order can affect your personality, intelligence and general well-being?
    ဒီလိုလှလှပပ hook လေးတွေနဲ့ စနိုင်သလို် အချို့ essay ရေးသူများကတော့ funnel ခေါ် ကန်တော့ပုံလေးကို ကျယ်ဝန်းတဲ့ general ဖြစ်တဲ့အကြောင်း အရာများနဲ့စပြီး တဖြေးဖြေးနဲ့ မိမိရေးသားလိုတဲ့ specific အကြောင်းအရာဆီကို ဆွဲသွားတတ်ပါသေးတယ်။ ဥပမာ-
    There can be no doubt that children are among the most beautiful creatures in the world. It is hard to imagine that
    anyone would be interested in harming such wonderful creatures let alone torture them
    and abuse them physically, verbally or sexually.Unfortunately, however,
    there are monsters living among us who indeed see children
    – yours and mine-as prey to be abused
    and tortured and killed.
  • ကဲ Hook လေးတွေရေးတတ်သွားပြီဆိုရင် essay ရဲ့ အသက်သွေးကြောဖြစ်တဲ့ Thesis statement လေးဖက်ကိုလှည့်ရအောင်။ Paragraph လေးရေးပြီး သားရှိနေရင်တော့ Essay အဖြစ်ပြောင်းပေးလိုက်ဖို့ လွယ်ပါတယ်။
    ဥပမာ-There are the three main causes of poverty. ဆိုတဲ့ topic sentence လေးကို ယခုလို thesis statement အဖြစ်သို့ ပြောင်းပေးလိုက်နိုင်ပါတယ်။
    -There are three main reasons why people fall into poverty-health issues resulting in financial ruin, lack of a proper education leading to dead-end jobs, and addiction to drugs, alcohol or gambling resulting in the loss of everything dear to them.
    ဒီ thesis statement ဟာ အထူးအရေးကြီးပါတယ်။ Thesis statement ကောင်းမှ essay တစ်ပုဒ်လုံးကောင်းမှာ ဖြစ်ပါတယ်။ ဒီတော့ဒီ Thesis statement လေးတွေအကြောင်း နောက်လမှာ ဆက်လက်ဖော်ပြပေးပါ့မယ်။ thesis statement ဟာ Essay ရဲ့ အသက်သွေးကြောဖြစ်သလို၊ အစိုးရအဖွဲ့အစည်းဟာ တိုင်း ပြည်အတွက် အရေးကြီးပါတယ်။ ဒီတော့ ဒီနှစ်အတွင်း ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဖြစ်တဲ့ NLD ကို မဲထည့်ဖြစ်အောင် ထည့်ကြဖို့ တိုက်တွန်းရင်း ဒီလမှာ နားပါဦးမယ်။