လက်ဖက်ရည်သောက်နည်းလေး :P

sniqueSeptember 7, 20101min1065

ကျွန်တော်တို ့သူငယ်ချင်းအချင်းချင်း နောက်တာလေး တစ်ခု ပြန် share ချင်လို ု့ပါ။ Print Screen Trick လို ့ကျွန်တော့်တို ကတော့ခေါ်တယ်။

သူ ့သဘောတရားကတော့ ရှင်းပါတယ်။ Desktop ပေါ် က icon တွေ ကို ကလစ်သေအောင် နှိပ်ပါစေ အလုပ်မလုပ်အောင်လုပ်ထားတာပါ။ ဒီနည်းလေးသုံးပြီးတော ့ကျွန်တော်ဆို တစ်လလောက် လက်ဖက်ရည် အလကားသောက်ရဖူးတယ်ဗျာ။ ဟဲဟဲ

ကဲ စကြည့် မယ် ပထမဆုံး ဓားစာခံရဲ ့စက်ရှေ ့ကို ဝင်ထိုင်လိုက်ပါ။ ပြီးရင် Desktop ဖော်ထားလိုက်ပြီး တစ်ခြား program တွေ အကုန် ပိတ်လိုက်ပါ။

ပြီးရင် Keyboard ပေါ် printscn ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီးရင် Ctrl + C လေးနဲ ့Copy လုပ်ထားလိုက်ဗျာ။

ပြီးရင် run box ကိုဖွင့် mspaint ဆိုတာကို ရိုက်။ အဲဒီမှာ Ctrl + V နဲ ့Paste လေး လုပ်ပြီးကိုကြိုက်ရာ နာမည် နဲ ့ ကြိုက်တဲ့နေရာ မှာ save လုပ်လိုက်ပါ။ ပြီးရင် save လုပ်ထားတဲ ့ဖိုင်ရှိရာ ကိုသွားပြီ right click နှိပ် setup desktop background ဆိုတာလေးကို ကလစ်နှိပ် အဲဒါဆိုရင် ကိုယ်လုပ်ထားတဲ့ပုံဟာ Desktop အယောင်ဆောင်ပြီး ရှိနေပါပြီ။ နောက်တဆင့်ကတော့ Desktop ပေါ်ကိုသွား Right- click နှိပ် viewmenu>>Show desktop icon ဘေးက အမှန်ခြစ်လေးကိုဖြုတ်လိုက်ပြီးရင် ဓားစာခံကို စိတ်ကြိုက်သာ ပေးနှိပ်ပေတော့ သူ နှိပ်ရင်း နဲ ့အသက်ကြီးသွားမယ် သူ ့လိုရာ ဖြစ်လာမှာမဟုတ်ဘူး။ ဟဲဟဲ အဲဒီမှာလက်ဖက်ရည်ဆိုတာတော့ ပြောမနေ နဲ ့တော့ပေါ့ဗျာ

5 comments

  • Maung Dae`

    September 8, 2010 at 3:55 am

    ဟား ဟား ဟား.. လုပ်လဲလုပ်တက်ပ…. တကယ်နောက်လို့ကောင်းတဲ့နည်းလေးပဲ.. System ကိုလဲမထိခိုက်ဖူး… မဆိုးဘူး…

  • mG

    September 8, 2010 at 12:47 pm

    ဟီး ဟီး…..။ဒါနဲ့လေ။ လုပ်တာတော့ ဟုတ်ပါရဲ့။ဘယ်လိုပြန်ဖျက်ရမှာလည်းဗျ။

  • snique

    September 8, 2010 at 2:55 pm

    လွယ်ပါတယ် အကိုရ နောက်ဆုံး အဆင့်လေး show destop icon ကို ပြန်ပြီး check ပေးလိုက်ပေါ့ း)

  • yuupar

    September 10, 2010 at 10:05 am

    ကျေးဇူး သူငယ်ချင်းတွေကို စရမယ်

  • kaunglaynge

    September 24, 2010 at 9:23 pm

    သူ့စက်ပျက်သွားတယ်ထင်ပြီး ရန်ရှာနေဦးမယ် 😛

Leave a Reply