Learning to Write in English – Prof: Myo Kyaw Myint

kaiApril 7, 20205min1650

US မှာကျောင်းတက်နေကြတဲ့ မြန်မာကျောင်းသူကျောင်းသားတစုက တလောကတောင်းဆိုလာပါတယ်။ Response wrriting လေးတွေအကြောင်း ဖော်ပြပေးပါတဲ့။ ဟုတ်ပါတယ်။ တောင်းလည်းတောင်းဆို သင့်ပါတယ်။ ဒီနိုင်ငံမှာ engineering ဘွဲ့ဖြစ်ဖြစ်၊ accounting ဘွဲ့ဖြစ်ဖြစ်၊ ဘာဘွဲ့ဖြစ်ဖြစ် လိုချင်ရင် English 1A အတန်းကိုတော့ အောင်မြင်ထားဖို့ လိုပါတယ်။ ဒီ English 1A မှာ writting assignment တွေ အများကြီးရှိတဲ့အနက် ဒီ response writting က အရေးကြီးဆုံးပါ။ response writting ဆိုတာကတော့ professor လုပ်သူကပေးထားတဲ့ prompt ကိုသေချာဖတ်ရှုပြီး မိမိရဲ့ Response တနည်းအားဖြင့် မိမိ ခံစားချက်ကို ပီပီပြင်ပြင် လှလှပပရေးသားဖော်ပြခြင်းကို ဆိုလိုပါတယ်။ prompt ဆိုတာ ထူးခြားတဲ့ အတွေးအခေါ်အယူအဆလေးတွေပါတဲ့ essay တစ်ပုဒ် သို့မဟုတ် စာအုပ်တအုပ်လည်းဖြစ်နိုင်ပါတယ်။ vedio တခုလည်းဖြစ်နိုင်ပါတယယ်။ တခါတလေထူးဆန်းတဲ့ new item လေးတခုဖြစ်တတ်ပါသေးတယ်။ prompt က ဘာပဲဖြစ်ပါစေ၊ လှပခန့်ငြားတဲ့ Response လေးရေးနိုင်ဖို့က အဓိကပါ။ ဒီတော့ ဦးစွာပထမ မှတ်သားထားဖို့ response writting မှာ အချက်လေး ချက်ပါကိုပါရမယ်ဖြစ်ပါတယ်။
1. Brief summary of the prompt
2. Reaction to the prompt
3. Explanation of the reaction
4. Plan or solution moving forward
ဖော်ပြပါ အချက် ၄ချက်အနက်၊ ပထမဆုံးအချက်ဖြစ်တဲ့ summary of the prompt ကိုအရင်ဆုံးလေ့လာကြပါစို့။ ဒီနေရာမှာ brief ဆိုတဲ့ စကားလေးကို အထူး တန်ဖိုးထားရပါတယ်။ prompt ကို အသေးစိပ် ရှင်းပြနေစရာ မလိုပါ။ လိုရင်းကို တိုတိုနဲ့ ရှင်းရှင်းဖေါ်ပြပေးဖို့ အထူးအရေးကြီပါတယ်။ Main points လေးတွေကို သာ ရွေးချယ် ဖော်ပြပေးပါ။ details တွေ မလိုအပ်ပါ။ ဥပမာ-အောက်ပါ prompt လေးကို ဆရာ ဆရာမ ကပေးထားတယ်ဆိုပါစို့။
At a media roundtable Wednesday, New York City Mayor Bill de Blasio condemned corona virus-related discrimination against Asian communities. De Blasio’s denouncement comes after two separate attacks against Asian Americans in New York on March 10. That morning, a 23-year-old woman told police another woman punched her in the face and made anti- Asian slurs, and the victim had to go to the hospital. Later in the evening, a 59-year-old man said he was approached by a suspect who used anti-Asian remarks and the kicked him, causing him to fall. The NYPD said the victim refused medical attention at the scene.
ဒီ prompt လေးတစ်ခုကို summarize လုပ်လို့ရပါတယ်။ Summary of the prompt New York City Mayor Bill de Blasio condemned two corona Virus related attacks against Asain Americans in New York on March 10. Both involved violent attacks on Asain Americans by American who blame them for the spread of the Corona Virus.
ဒုတိယအချက်က reaction ပေါ့နော်။ အထက်က prompt လေးကိုဖတ်ရတဲ့အခါ ဘယ်လို respond လုပ်မိသလဲ မိမိကိုယ် မိမိ စမ်းစစ်ကြည့်လိုက်ပါ။ အချို့က လန့်သွားမယ်။ ကြောက်သွားမယ်။ မိမိကိုယ်တိုင်က Asain Americans ဆိုတော့ ထိတ်လန့် တုန်လှုပ်သွားနိုင်တယ်။ အဲ American ရုပ်ပေါက်နေသူဆိုရင်တော့ ဒီလောက်ခံစားချင်မှ ခံစားရမယ်။ တတိယအချက်ကတော့ အရေးကြီးဆုံးပါပဲ။ မိမိရဲ့ reaction ကိုဖော်ပြရုံမကပဲ ရှင်းရှင်းလင်းလင်း တင်ပြရမှာကိုး။ ထိတ်လန့် သွားရင်လဲ ဘာ့ကြောင့်ထိတ်လန့်တာလဲ မတုန်လှုပ်ပါဘူးဆိုရင်လဲ ဘာကြောင့် မတုန်လှုပ်တာလဲ ဆိုတာကို နက်နက်နဲနဲ ရှင်းပြနိုင်ဖို့လိုပါတယ်။ အဓိကကတော့ ပေးထားတဲ့ prompt ကို မိမိရဲ့ ဘဝအတွေ့အကြုံ၊မိမိရဲ့ဘဝနဲ့ ဆက်စပ်ပြီး ခံစားပေးတတ်ဖု့ိ ပါပဲ။ ဒီလိုခံစားနိုင်ခြင်းကို စာတတ်လာပြီ၊ပညာရှိလာပြီလို့ ယူဆလေ့ ရှိပါတယ်။ ဒီလို မိမိရဲ့လက်တွေ့ ဘဝနဲ့ယှဉ်ပြီး ရေးတတ်၊တွေးတတ် တာကိုပဲ College တွေမှာ university တွေမှာ ရှိနေတဲ့ ဆရာ၊ဆရာမကြီးတွေက critical thinking skills ရှိလာပြီလို့ ဆိုလေ့ရှိပါတယ်။ ဒီလို critical thinking skills ရှိသူကို ဘွဲ့ရထိုက်ပြီ၊ ဘွဲ့ပေးထိုက်ပြီလို့ အများက ယူဆကြပါတယ်။ နမူနာ reaction လေးနဲ့ Explanation ကို အောက်မှာ ဖာ်ပြလိုက်ပါတယ်။
Reaction to the prompt
My initial reaction to this prompt was one of disbelief and shock. Next, came fear and anger. How could some Americans stoop so low as to blame Asain Americans in general and Chinese Americans in particular for this virus disrupting the lives of so many throughout the world? I found it hard to believe that some American could be so ignorant or so full of hate. Then, I began to worry and fear for my own safety as well as the safety of those I love since I could easily be mistaken for a Chinese American by some people. I remember the day following 9/11 when many people who were from the Middle East or look like someone from the Middle East was violently attacked and in some cases even killed by misguided and misinformed Americans. This made me angry as well as fearful for the safety of Chinese Americans and anyone looking like Chinese Americans.
ဒီနေရာမှာ right answer နဲ့ wrong answer ဆိုတာ မရှိဘူးဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ ဖော်ပြပါ reaction နဲ့ explanation လေးက Asain American တစ်ယောက်ရဲ့ ရှု့ထောင့်က ဖော်ပြထားခြင်းဖြစ်ပါတယ်။ American တစ်ယောက်ရဲ့ response ကာတစ်မျိုးဖြစ်နိုင်ပါတယ်။ ဥပမာ-ဖော်ပြပါ response လေးကိုကြည့် လိုက်ပါ။
My initial reaction to this prompt was one of disbelief and shock. Next came understanding and concern. I could see how some Americans given the circumstances and the fact that the coronavirus originated in China might blame the Asians in general and Chinese in particular for the spread of the virus. However, I totally disagree with their violent response to this issue. I worry that emotion could run hight and lead some Americans to commit crimes against the Asain American community. Since I have many friends in the Asain American community, I worry for their safety and hope the government will take appropriate action to prevent any violence against them.
ဒီနေရာမှာ response လေးနှစ်ခုဟာ ခပ်ဆင်ဆင်ဖြစ်နေသော်လည်း ကွဲပြားခြားနားတာကိုလည်း မြင်ဖို့လိုပါတယ်။ တစ်ယောက်က မိမိနဲ့ မိမိရဲ့ မိသားစုအတွက် စိုးရိမ်ရတာပါ။ နောက်တစ်ယောက်ကတော့ သူငယ်ချင်းမိတ်ဆွေများအတွက် စိုးရိမ်ရတာဆိုတော့ နည်းနည်းပေါ့နေတာပေါ့နော်။ နောက်ဆုံးအချက်ကတော့ ဒီလို ပြသနာမျိုးတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ သို့မဟုတ် မဖြစ်လာအောင် ဘယ်လိုဟန့်တားကြမလဲ ဆိုတဲ့ သဘောပါပဲ။ အချို့် prompt က solution ကိုလိုပါတယ်။
အချို့ prompt ကတော့ prevention ကိုဦးစားပေးရမှာပါ။ ကဲ နမူနာလေးတခုနဲ့ ယခုလမှာတော့ နိဂုံးချုပ်ကြပါစို့။
Moving forward, I really think the administration needs to react more quickly to such a crisis like a coronavirus. By dragging its feet and by doing nothing to dispel false information or rumours, the government of the US added to the confusion and may have even aided in the actions of some Americans against Asian Americans. I sincerely believe that the administration is to blame for Xenophobia and that those of us in positions of power and influence need to be more careful about what we say or what we do in such times.