ဟိုးအဝေးဆီကနေ ငါဆီကို ရိုက်ခတ်လာတဲ့ လှိုင်းလုံးတွေက အပြာရောင် လဲ့လဲ့နဲ့ နေရောင်ကို အလျားလိုက် ပြိုင်နေသလိုမျိုး။ ဘ၀ရဲ့ အဓိပါယ်မဲ့နေတဲ့ ငါအတွက်တော့ သစ်ရွတ်တွေ တဖြုတ်ဖြုတ် ကြွေကျနေတာ ရင်နင့်စရာကောင်းပေမယ့် မလွမ်းနေခဲ့မိတာ အတော်ကြာပြီ။

အိပ်တန်းတက်တဲ့ ငှက်တွေ ငါ့အနား လာနားနေခဲ့ကြတာလည်း ငါ့ခနာကိုယ် စတင်ပြီး လူပျိုဖော် ၀င်ခါစပေါ့။ သူတို့ ပြောတဲ့ တွတ်တီတွတ်တာတွေ၊ ငါ နားမလည်သလို ငါ့သက်ပြင်းချသံတွေကို သူတို့တွေ ကြားမိကြမှာ မဟုတ်ဘူး။

လှိုင်းကြပ်ခွပ်ကလေးတွေ ချီတက်တဲ့ ကဟန်ကလည်း လရောင်အောက်မှာ မိန်းမပျိုတစ်ယောက် စည်းချက်ညီညီ ကနေဟန်နဲ့ တော့ အတော်တူတယ်။ သာယာတဲ့ စစ်ချီတေး တစ်ပုဒ်ကို ဟစ်ကြွေးရင်း ငါဆီကို လွင့်ပျံ့လာတဲ့ အသံက ငါကို အေးချမ်းအောင် လုပ်နိုင်ပေမယ့် ငါ့ လွမ်းမောမူကို ပြေပျောက်အောင် မလုပ်ပေးနိုင်ဘူး။

တကယ်တမ်းကျတော့ ငါ့သက်ပြင်းချသံတွေ အသံမထွက်ခဲ့တာလည်း တစ်ယောက်တည်း နေခဲ့တဲ့ နေရာကို စပြီး စိတ်ပျက်တဲ့ နေ့က စပြီးတော့ပေါ့။ အထီးကျန်တဲ့ ခံစားချက်တွေနဲ့ ရှင်သန်မူတွေ ကုန်ခန်းနေခဲ့တာ ငါ့အသားအရေတွေတောင် ခြောက်သွေ့နေပြီး။ မွေးရာပါ ဒဏ်ရာတွေနဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေခဲ့ရတာ ငါကို ပေးမယ်ဆိုတဲ့ အားပေးမူတွေ၊ နှစ်သိမ့်မူတွေ၊ ကြင်နာမူတွေ ဘယ်အချိန်ကျမှ ရမှာလဲ။ လိုချင်တောင့်တစိတ်တွေ ထိန်းမရ သိမ်းမရနဲ့ အဲဒီစိတ်တွေ ရေစီးကမ်းပြိုလိုက်နေခဲ့တာလည်း အတော်ကြာနေပြီ။

About မောင်လင်းငယ်

Zaw Lin has written 83 post in this Website..