အင်္ဂလိပ်စကားပြောတတ်လိုသော် (၂) – ပါမောက္ခမျိုးကျော်မြင့်

kaiJuly 14, 20204min3731
ယခင်လက မိတ်သစ်ဆွေသစ်များ ရလိုသူများအတွက် အသုံးပြုနိုင်တဲ့ Small talk ခေါ်တဲ့ Dialog လေးတွေ အတန်ငယ်ဖော်ပြပေးခဲ့ပါတယ်။ မည်သူမဆို၊ အလုပ်အကိုင်မှာဖြစ်စေ၊ ခရီးသွားလာတဲ့ခါ အကူအညီတေင်းရဖို့ ကြုံလာတတ်ပါတယ်။ မိမိက အကူအညီပေးရတာမျိုးလည်း ကြုံကြိုက်ရမှာ သေချာပါတယ်။

ဒီတော့ ဒီလို request for help လေးတွေနဲ့ ကြုံတွေ့တဲ့အခါ၊ မိမိကိုယ်တိုင်က assistane လေးတွေ တောင်းဆိုလိုတဲ့အခါ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ပြောနိုင်အောင်၊ သုံးနိုင်အောင် ဖော်ပြပါ dialog လေးတွေကို လေ့လာထားစေလိုပါတယ်။
ဥပမာ- စားသုံးဆိုင် တခုမှာ မိမိရဲ့စားပွဲမှာ ခုံတစ်ခုံလိုနေတယ်ဆိုပါစို့ ဘေးစားပွဲက ခုံအလွတ်ကို ဆွဲမယူခင် ဒီစားပွဲမှာထိုင်နေသူရှိရင် ခွင့်တောင်းရမှာပါ။
-you: Excuse me, do you mind if I grab this chair?
-Stranger: No problem. Go ahead and take it.
-you: Thank you, I appreciate it.
-Stranger: Glad to be of help.
မိမိက အကူအညီတောင်းဆိုသည့် အခါ အထက်ဖော်ပြပါ ကိုလိုက်လျောမည့်သူ၊ ကူညီသူနဲ့ တွေဆုံရတတ်သလို၊ အကြောင်းမျိုးစုံကြောင့် မကူညီနိုင် သူ၊ မကူညီလိုုသူများနှင့်လည်း ကြုံရတတ်ပါသည်။ ဒီတော့ ဒီလို အချိန်အခါမျိုး၌လည်း ပြန်လည်ပြောဆိုတတ်ရန် လေ့ကျင့်ထားဖို့ ပြင်ထားဖို့ လိုအပ်ပါသည်။
You: Excuse me. Mind if I take this chair?
Stranger: I’m sorry. I’m saving for my wife. She’ll be here soon.
You: That’s okay. I’ll just find another one.
Stranger: Sorry about that.
နောက်ထပ် dialog လေး တစ်ခုကို လေ့လာကြပါစို့။ ဒီနေရာမှာ အကူအညီတောင်းဆိုတယ်ဆိုတာ သူစိမ်းတရံစာဆီမှာ အကူအညီတောင်းတာနော်။
ဒါ့ကြောင့် အထူးယဉ်ကျေးသိမ်မွေ့ဖို့လိုတာကို သတိပြုမိပါစေ။ တစ်ဖက်က အကူအညီမပေးနိုင်ခဲ့ရင်လည်း lost face မဖြစ်စေရဖို့ အရေးကြီးပါတယ်။
you: Excuse me. Would you mind opening the window just a tad?
Stranger: Oh! Sure! No problem. Is this enough?
You: Thank you, I just felt a bit dizzy.
Stranger: Would you like to change seats with me? Maybe sit nearer to the window.
you: Thank you, but I am okay. I do appreciate it though.
Stranger: any time.
မိမိက အကူအညီတောင်းဆိုကတည်းက တစ်ဖက်သားအနေနဲ့ ငြင်းဆိုနိုင်ရန် လမ်းဖွင့်ပေးထားပြီးသားဆိုတော့ တကယ်လို့ သူက ငြင်းဆိုလျှင် အလွယ်တကူပဲ ငြင်းဆိုနိုင်ပါတယ်။ Lost face ဖြစ်စရာ embarrassed ပြင်စရာမရှိပါ။ ဥပမာ-
you: Excuse me. Would you mind opening the window just a tab?
Stranger: I’m sorry My wife here has a cold. I’d rather not.
You: Oh! So sorry. That’s okay then. It’s just a bit stuffy in here, but I can handle it.
Stranger: Thank you for your understanding.
You: Not at all. No problem.
Do you mind? တို့ Would you mind? ဆိုတာ ရင်းနှီးသူများနဲ့ သုံးရတာပါ။ ရင်းနှင်းပြီးသား၊ ခင်မင်ပြီးသား မိတ်ဆွေ သူငယ်ချင်း များနှင့် သုံးနိုင် သော်လည်း သာမန်ကိစ္စများ၌ သုံးရန်မလိုပါ။ အခြားစကားလုံးလေးများ Modals လေးများနှင့် ပြောင်းလဲသုံးစွဲနိုင်ပါတယ်။ Would you mind? တို့Do you mind? တို့ကို နည်းနည်းခက်ခဲတဲ့ကိစ္စများ၌သာ ရင်းနှီးသူများနှင့် သုံးစွဲသင့်ပါသည်။ ဥပမာ-
You: Can I borrow a five, here? I want to get a hotdog but I forgot to bring cash.
Friend: Of course, here you go.
You: Thanks, I will give it back tomorrow.
Friend: Hey, don’t worry about it. It’s only a five.
You: Well, I appreciate it.
Frind: Any time, man. Any time.
ရင်းနှီးသူများပင် တခါတရံ မိမိ၏ အကူအညီတောင်းဆိုမှုကို ငြင်းဆိုနိုင်ပါသေးသည်။ ထို့ကြောင့် ဖော်ပြပါလေးကို လေ့လာထားဖို့လိုပါသည်။
You: Hey, can I get a glass of water?
Friend: I,m sorry. We’re out of drinking water.
You: That’s okay. I’ll just grab some water on my way home.
Friend: I’m sorry. I should have been better prepared. I knew you guys were coming over.
You: Hey, don’t worry about it. We’re fine.
Friend: Thanks man for understanding.
မိမိကို အကူအညီတောင်းလာသည့်အခါ မိမိတတ်နိုင်က ကူညီလိုက်ပေါ့။ ဥပမာ
Classmate: Excuse me. Can I borrow your notes for a second?
you: Sure, here you go.
Classmate: I just need to check if I missed anything.
You: I’m pretty sure you didn’t.
Classmate: Actually, I did. Right here. I got it, now. Thanks to you.
You: No big deal. Glad I could help.
အကယ်၍ အကူအညီ မပေးနိုင်ပါက ဦးစွာပထမ တောင်းပန်ရပါသည်။ တောင်းပန်ပြီးနောက် ငြင်းဆိုသည့်အခါ ဘာကြောင့် ငြင်းဆိုရသည့် အကြောင်း ရှင်း ပြပေးရပါမည်။ ဥပမာ-
Classmate: Excuse me. Would you mind changing seats with me?
You: I’m sorry. I chose this seat because I need to leave early today.
Classmate: Me too, but that’s okay, I’ll ask another classmate.
You: Sorry about that.
Classmate: Hey, no problem. We are in the same boat. I understand.
You: I hope you find someone willing to change seats.
Classmate: Me too. Thanks!
COVID 19 , Protests စသည်များနှင့် ကြုံတွေကနေချိန်မှာ စာဖတ်သူအားလုံး ဘေးအန္တရာယ်ကင်းကြပါစေ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက် ပါသည်။