စေ◌ျးကွက်ရှာဖွေခြင်း၏ ပီ(P)ခုနှစ်လုံး 🧵

Mon LaySeptember 24, 20201min1950

သင့်လုပ်ငန်းမှာ အခြားသူများနဲ့မတူ ကွဲပြားခြားနားစွာ ဖောက်သည်များရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ စေ◌ျးကွက်ရှာဖွေခြင်း၏ ပီ(P) ခုနှစ်လုံးကို ဖော်ပြပေးလိုက်ပါတယ်။

🧵ကုန်ပစ္စည်း – ဖောက်သည်များကိုပေးအပ်သည့်ပစ္ညည်း။ ၄◌င်းသည် ဖောက်သည် များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရမည့် အရာဖြစ်ရမည်။

(ရှင်းလင်းချက်) – ကိုယ်ရောင်းမယ့်ပစ္စည်းက ပတ်၀◌န်းကျင်မှာ လုပ်တဲ့သူနည်းပါးပြီး လူအများစိတ်၀◌င်စားနိုင်သည့်၊ အသုံး၀◌င်နိုင်သည့် ပစ္ညည်းဖြစ်နေရမယ်။ အဲ့လိုလုပ်တဲ့သူနည်းမှ ကိုယ်က စေ◌ျးကွက်ထဲမှာ လက်ဉီးမှုအရင်ဖြစ်နေပြီး အမြတ်တွေလည်းပိုမိုရရှိမှာဖြစ်တယ်။

🧵စေ◌ျးနှုန်း – အမြတ်အစွန်းရရှိစေရုံသာမက ဖောက်သည်တွေကလည်း လိုလိုလားလား ပေးလိုသည့်စေ◌ျးဖြစ်နေရမည်။

(ရှင်းလင်းချက်) – အဲ့လိုစေ◌ျးကွက်ထဲကို ကိုယ့်ပစ္ညည်းစဖြန့်တဲ့အချိန်မှာ စေ◌ျးက အရမ်းချိုသာနေစရာမလိုသလို၊ အရမ်းလည်း စေ◌ျးကြီး စရာလည်းမလိုပါ။ ကို်ယ့်ပစ္ညည်းက ဖောက်သည်တွေ ပေးရတဲ့စေ◌ျးနဲ့ တန်တဲ့ အရည်အသွေးရှိနေရမယ်။ ပြီးတော့ ကိုယ့်အတွက်အမြတ် ကျန်နေရမယ့် စေ◌ျးနှုန်းဖြစ်နေရမယ်။ စေ◌ျးရောင်းတယ်ဆိုတာ မြတ်ချင်လို့မဟုတ်လား။

🧵ရောင်းအားမြှင့်တင်ခြင်း – ဖောက်သည်များကို သတင်းပေးခြင်း နဲ့ ဆွဲဆောင်ခြင်း ဖြစ်သည်။

(ရှင်းလင်းချက်) – တခါတလေ promotion တွေလုပ်ပေးရမယ်။ လူဆိုတာ စေ◌ျးလျှော့ရင် သတိထားမိတတ်ကြတဲ့အမျိုးလေ။ အနည်းဆုံး တစ်လတစ်ခါ စေ◌ျးလျှော့ရောင်းတာမျိုးတွေ၊ ရာသီပွဲတွေနဲ့နီးလာရင် စေ◌ျးချတာမျိုးလုပ်ပေးသင့်ပါတယ်။

🧵နေရာ – ကုန်ပစ္ညည်း (သို့) ၀◌န်ဆောင်မှုကို ဖောက်သည်များထံသို့ မည်သည့်နည်းဖြင့် ရောက်ရှိအောင် ပြုလုပ်ခြင်းဖြစ်သည်။

(ရှင်းလင်းချက်) – ၀◌ယ်သူတွေလာ၀◌ယ်လို့ကောင်းတဲ့နေရာမျိုးမှာ၊ လူစည် ကား တတ်တဲ့နေရာမျိုးမှာ ဆိုင်ခန်းဖွင့်ပါ။ ကိုယ့်ပစ္ညည်းက ပိုက်ဆံ ရှိတဲ့လူ တန်းစားဆို ကားပါကင်ရှိတဲ့နေရာမျိုးကိုရှာပါ။ သာမာန်လူတန်းစားပဲဆို ..သာမာန်သင့်တင့်တဲ့နေရာမျိုး၊ သွားရလာရကောင်းတဲ့နေရာမျိုးမှာဖွင့်ပါ။

🧵လူပုဂ္ဂိုလ်များ – အရေးပါသော ၀◌န်ထမ်းများကို ရွေးချယ်ခန့်အပ် လေ့ကျင့် သင်ကြား ဖြစ်သည်။

(ရှင်းလင်းချက်) – ကျွမ်းကျင်တဲ့၀◌န်ထမ်း တွေဖြစ်လာအောင်ပြုစုပျိုးထောင် ပေးဖို့လိုအပ်တယ်။ ကို်ယ့်အလုပ်ကိုချစ်တဲ့၀◌န်ထမ်းမျိုး၊ ဧည့်သည်ကိုယဉ်ယဉ် ကျေးကျေး နှုတ်ဆက်ပြီး စေ◌ျးရောင်း တတ်တဲ့၀◌န်ထမ်းမျိုးကို သေချာ ရွေးပြီး ဘောနပ်စ်ပါပေးသင့်တယ်။

🧵လုပ်ငန်းဖြစ်စဉ် – ဖောက်သည်ဆီ ပစ္ညည်းတွေအလျင်အမြန်ရောက်ရှိစေဖို့ အလုပ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

(ရှင်းလင်းချက်) – လုပ်ငန်းဆောင်တာများကိုလည်း စနစ်တကျတိတိကျကျ မှုရှိရမယ်။ ဖောက်သည်တွေဆီ ဒီနေ့ရောက်မယ်ဆို ဒီနေ့အဲ့ပစ္ညည်းရောက် ကိုရောက်နေရမယ်။ ဘာမှ အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာနဲ့ ဖောက်သည် ဆီရောက်နို်င်ရမယ်။

🧵အပြင်ပန်း သဣာန် – ဖောက်သည်တွေစိတ်ထဲမှာ မိမိစီးပွားရေးလုပ်ငန်း နဲ့သက်ဆိုင် တဲ့ ပုံရိပ်ကို ပုံဖော်ပေးခြင်းဖြစ်သည်။

(ရှင်းလင်းချက်) – နောက်ဆုံးဒီအချက်ကသိပ်အရေးကြီးပါတယ်။ ကို်ယ့်ဆိုင်ရဲ့သွင်ပြင်က သူတို့နောက်တစ်ခါလာချင်အောင် စွဲဆောင်မှုရှိ နေရမယ်။

ဒါကတော့ မွန်လေး စေ◌ျးကွက်ရှာဖွေခြင်း စာအုပ်က သင်ခန်းစာ (၁)မှာ ပါတဲ့ အကြောင်းအရာကို ပြန်ဆွေးနွေးတာပါ။ နောက်ပို့စ်ကျရင် လေ့ကျင့်ခန်း ထည့်ပေးရင်ကောင်းမလား။ လုပ်ချင်ရင် ကော်မန့်မှာရေးပေးပါ။ နောက်ပို့စ်ကျရင်ရေးပေးပါမယ်။ အခုတော့ဒီလောက်ပဲနော်။