လိုက်လုပ်စေချင်တဲ့ပို့စ်တွေထဲကမှ လိုက်မလုပ်စေချင်တဲ့ပို့စ်

Mon LaySeptember 28, 20204min1550

အရင်ကပို့စ်တွေဆို ..ကိုယ်ခရီးသွားသလို.. ချစ်တို့သွားရင်လည်း အကုန်နီးပါး မတူရင် တောင်..လိုက်လုပ်လို့ရတယ်ဆိုတာမျိုးဖြစ်အောင်ရေးပေးတာပေါ့နော်။ အခုရေးမယ့်ပို့စ့်ကျတော့ ကိုယ်လုပ်သလို လိုက်မလုပ်စေချင်လို့ရေးပေးတဲ့ပိုစ့်ပါ။ 😁

တခြားတော့မဟုတ်ပါ့ဘူး။ ကိုယ် oversea ခရီးသွားတုန်းက သေချာ လည်း အန္တရာယ်ရှိမယ် မှန်း မသိခဲ့လို့ လုပ်ခဲ့မိတဲ့ အမှားတစ်ခုပေါ့နော်။

အဲ့ဒါကတော့ ipad ကို ခရီးဆောင် luggage ထဲမှာထည့်တာပါပဲ။ 😜

အစကတော့မသိလို့ထည့်ယူတာပါ။ အန္တရာယ်ဖြစ်တတ်မှန်းလည်းမသိဘူးလေ။ ကိုယ်က နိုင်ငံခြားရောက်ရင် လိုင်းသုံးတတ်တော့ ဟိုရောက်ရင်သုံးမယ်ဆိုပြီးထည့်တာ။ အမှန်က Hand carry အိတ်ထဲကိုထည့်ရမှာ..ကိုယ်က hand carry ကို ယူလေ့မရှိဘူး။ ကျောပိုးအိတ်နဲ့ သွားတဲ့ခရီးကနည်းတယ်။ စလင်းဘတ်အိတ်ကိုင်တဲ့အခါကိုင်တယ်။ ပိုက်ဆံအိတ်ခပ်သေးသေးကိုင်တဲ့အခါကိုင်တော့ အဲ့ipad ကမဆန့်ဘူးလေ။ ကိုင်တာများရင် လေးလာလို့ ရှုပ်တယ်ဆိုပြီး လေယာဉ်ဗိုက်ထဲထည့်တဲ့ luggage ထဲထည့်လိုက်တာ။

ရယ်လည်းရယ်တယ်သိလား။ ကိုယ်အဲ့လိုထည့်တာ တစ်ယောက်မှမသိသလို တခါမှလည်း အဲ့လိုထည့်ထားတယ်လို့ custom မှာ မမိဖူးဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကသေချာထည့်တာကိုး။ ဘယ်လိုထည့်လဲဆိုတာတော့ မပြောတော့ဘူးနော်။ တော်ကြာကိုယ့်လိုလိုက်ထည့်လို့ အခန့်မသင့်ရင် လေယာဉ်ပေါက်ကွဲပြီး ဘို်င်ဘိုင်ဖြစ်သွားမှာစိုးလို့ပါ။ အဲတော့ ကိုယ်လုပ်သလို ipad ကို Luggage ထဲလိုက်မထည့်ပါနော်။ အရမ်းကို အန္တရာယ်များတယ်ဆိုတာ ကိုယ်နောက်မှသိခဲ့ရတော့ တွေးပြီးကြောက်လိုက်တာ။

ဒီတော့ Hand carry အနေနဲ့ယူသွားရမယ့်၊ သယ်သွားရမယ့်ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါမယ်နော်။
🍀 Laptop, Ipad, power bank စတဲ့ Electronic devices
🍀 သေချာထုပ်ပို့းထားတဲ့ ဆေး၀◌ါးတွေ
🍀 အားသွင်းကြိုးတွေ
🍀 တန်ဖိုးကြီးလက်၀◌တ်လက်စားပစ္ညည်းများ
🍀 ကင်မရာ

သတိတစ်ခုပေးချင်လို့…ကို်ယ် Air Asia နဲ့သွားတုန်းကတော့ check in counter မှာတွေ့လို့..Macbook pro 15 inch ကို စက်တင်ဘာ ၂၀၁၅ ကနေ ဖေဖော်၀◌ါရီ ၂၀၁၇ အတွင်း model သက်တမ်းရှိတာတွေကိုတော့ Luggage ထဲထည့်ပေးပါဆိုတာပါပဲ။ တစ်အဲလိုင်းနဲ့ တစ်အဲလိုင်းက policy မတူတော့ ကိုယ်သွားတဲ့အခါ ကိုယ်စီးတဲ့အဲလိုင်းရဲ့ policy ကို မေးမြန်းပြီး ထည့်တာပိုအဆင်ပြေမယ်ထင်ပါတယ်။ ဘာမှထွေထွေထူးထူး ရေးထားတာမျိုးမရှိရင်တော့ အပေါ်မှာ မွန်လေးပြောတဲ့အတိုင်း ထည့်လို့ရပါတယ်နော်။

စာရေးရင်းနဲ့ ခရီးတွေသွားချင်လာပြီနော်..

ခရီးတွေအမြန်သွားခွင့်ရကြပါစေ။

#travel #handcarry #air #airplane #flight