Baiyoke sky dinner

Mon LayDecember 2, 20202min33270

Baiyoke Sky dinner 🌃🍽️ လို့ပြောလိုက်တာနဲ့ 🇹🇭 Bangkok 🇹🇭 မြို့ကြီးရဲ့ 🌇 ညနေပိုင်းသာယာလှပနေတဲ့ Skyline၊ စိတ်ကျေနပ်မှုကို အတိုင်းထက်အလွန် ပေးစွမ်းနိုင်မဲ့ buffet ညစာကိုပဲ မြင်ရောင်မိလိမ့်မယ်လို့ထင်ပါတယ်။ Baiyoke Sky hotel မှာ အထပ်ပေါင်း (၈၄) ရှိပြီး Buffet Dinner ကိုတော့ အထပ် ၇၅ မှာ စားလို့ရကာ ဘန်ကောက်တစ်မြို့လုံးရဲ့ ညအလှအပကို ခံစားကြည့်ရှုရပါတယ်။

သူကဟိုတယ်ပေါ့နော်။ ဒါမဲ့ buffet dinner က အမျိုးစုံပြီး စားကောင်းတဲ့အပြင် နာမည်ပါကြီး တော့ မြန်မာတိုးတွေတော်တော်များများ ဒီဟိုတယ်မှာ ညစာကျွေးလေ့ရှိပါတယ်။ မွန်လေး ပထမ ဆုံးစ စားဖူးတာတော့ Royal Active Travel က တိုးလီဒါလုပ်ရင်း စစားဖူးခဲ့တာပါ။ 

နေရာကတော့

120, 359 Soi Ratchaprarop 3, Makkasan, Ratchathewi , အနီးစပ်ဆုံးပြောရရင် Pratunam market နားတ၀◌ိုက်မှာပါ

ဟိုတယ် lobby က အထပ်(၁၈)ထပ်မှာရှိပါတယ်။ ဒါပေမဲ့ မွန်လေးတို့ကတော့ (၁၉) ထပ်ကို တိုက်ရိုက်သွားပြီး dinner booking ကို စစ်ပါတယ်။ 

အထပ်ကမြင့်တော့ ဓါတ်လှေကားဆိုတာ နားအူတတ်တယ်။ ‌ဒါပေမဲ့ ကိုယ်တွေရဲ့ဂိုက်မက အဲ့နေရာမှာတော်တယ်။ ကိုယ်တွေအဲ့လိုဖြစ်မှာဆိုးလို့ တောက်လျှောက် အကြာကြီး မစီးခိုင်းဘဲ…ဓါတ်ဖမ်းလို့ရတဲ့နေရာမျိုးဆို..ဓါတ်ဖမ်းရအောင် ခဏရပ်ပေးခဲ့တယ်။ ပြီးတော့မှ နောက်ဓါတ်လှေကားထပ်စီးခိုင်းတယ်။  အဲ့လိုလုပ်ပေးတာတောင် အထပ်မြင့်လာလေလေ ဓါတ်လှေကားစီးတာ ကနားအူတာပါပဲ…သက်တော့သက်သာပါတယ်လေ။

သူ့မှာ (၇၅) ထပ်ကစပြီး restaurant တွေရှိတယ်။ အဲ (၇၅) ထပ်မှာဆို Baiyoke Floating Market, အဲ့ (၇၅) ထပ်နဲ့ (၇၈) ထပ်မှာဆို Bangkok sky, (၇၉) ထပ်မှာဆို Lucky Caravan Buffet နဲ့ Stella Palace Restaurant, (၈၁) ထပ်မှာ Bangkok Balcony (indoor) နဲ့ Bangkok Balcony (premium), (၈၂) ထပ်မှာ  Crystal Grill Restaurant, (၈၃) ထပ်မှာ the Rooftop Bar and Music တို့ဆိုပြီး ခွဲထားပါတယ်။ မွန်လေးတို့ကတော့ (၇၈)  ထပ်မှာရှိတဲ့ Bangkok Sky ဆိုင်မှာစားခဲ့ကြပါတယ်။ ဘူဖေးဆိုတော့ သိတယ်ဟုတ်။ ကြိုက်  သလောက်စား…အခါ၁၀၀ ထပ်ယူရတယ်..ဒါမဲ့ ကုန်အောင်တော့ စားဖို့လိုပါတယ်..မကုန်ရင် လျော်ရပါတယ်။ နေ့လည်စာလည်းစားလို့ရပါတယ်.အချိန်ကတော့ မနက် (၁၁) ကနေ ညနေ(၃) နာရီအထိပါ။ ညစာကတော့ ညနေ (၅)ခွဲကနေ မနက် (၁၁)အထိပါ။

အစားအစာတွေကတော့ အများကြီးပဲ…ထိုင်းစာ၊ ဂျပန်စာနဲ့ အနောက်တိုင်းအစားအစာတော့ ပိုများတယ်။ 

အဲ့လိုစားနေရင်းနဲ့ live music အဖွဲ့လည်းရှိလည်း ပိုပြီး သာယာသေးတာ။

အဲ့မှာ ဒင်နာစားရုံနဲ့တော့ ဘယ်တန်ပါ့မလဲ..(၈၄) ထပ်မှာရှိတဲ့ Revoling tower ကနေ တစ်မြို့လုံးကို မြင်ရတဲ့ ရူခင်းကိုကြည့်ပြီးပြန်မှ တန်မှာပေါ့။ မြင်ရတဲ့ ညဘက်ရူခင်းမှာ လေကတဟူးဟူးနဲ့တိုက်တော့.. အရမ်းခံစားလို့ကောင်းတာပေါ့။ ရောင်စုံမီးရောင်တွေကလည်း တလက်လက်နဲ့။ 

Baiyoke Sky hotel မှာ ညစာစားတဲ့ အချိန်အခါသမယကို ဘယ်တော့မှ မမေ့တော့ပါဘူးရှင်။