ကြိုးစားမှု ၁

Mon LayOctober 23, 20201min1820

ကိုယ်တွေ အလုပ် လုပ်ပြီဟေ့ဆို…ထမင်းမေ့ ဟင်းမေ့တင်မက ဘူး..ရေသောက်ဖို့ပါမေ့တာ။ ရေလည်း အနားမှာထားရင် ထိုင်ရာကမထဖြစ်မှာစိုးလို့  အ‌ေ၀◌းမှာထားထားတယ်။ အဲ့တော့ ရေ သောက်ဖို့က ပိုမေ့ရော..ဒီတော့ ရေသောက်ဖို့ alarm ကို iwatch မှာလုပ်ထားလိုက်တယ်။ ကျန်းမာရေးအရပေါ့လေ…မလုပ်လို့မရဘူး

ပြီးတော့ နိုးကတည်းက တစ်နေကုန် iphone ရယ် macbook ရယ်နဲ့ ၂ လုံးနဲ့ကို  အလုပ်တွေ   ထိုင်လုပ်နေတော့တာ…အဲ့ကြားထဲ ၀◌ါသနာပါတဲ့ စာကို ပြေးရေးရသေးတယ်။ ကြားထဲ အဲ့လိုရေးဖို့ စာအုပ်တွေ ဖတ်သေးတာ။ အင်္ဂလိပ်စာလည်းမေ့ထားလို့မရလို့ ..လုပ်လိုက်သေး။ အလဟဿ အလေ လိုက် ဖို့အချိန်တကယ်ကိုမရှိ။ ပိတ်ရက်ဆိုတာ ကိုယ့်အတွက်မရှိ။ ရှာရင်အသေရှာတယ် သုံးလည်းသုံးတယ်။

ခေါင်းထဲ တစ်ခုထဲ နစ်ထားတယ်။ အဲဒါ၁ရက်ထက် ၁ရက် ဝင်ငွေတိုးဖို့ပဲ။
နားတဲ့အချိန်က အိပ်ချိန်ပဲရှိတယ်။ တခါတလေအိမ်မက်ထဲတောင်အလုပ်လုပ်နေတာ။
ရည်မှန်းချက်တွေကြီးတော့ ကြိုးစားနေရတာပေါ့လေ။