ဘင်စွန်း Aha..

nivirna sightseeing

ဘင်ဆိုလို့ တီးတဲ့ဘင်ခရာကို သွားမမြင် လိုက်ပါနဲ့။ တရား အားထုတ်သူ တွေ ဆိုလေ့ရှိတဲ့ ဥပါဒ်၊ ဌီ၊ ဘင်ကို ပြောတာပါ။ တချို့က ခန္ဓာနဲ့သိပေမဲ့ စာလို မပြန်တတ်လို့ တရား အားထုတ်နေပြီး ဒါတောင် မသိဘူးလား ဆိုပြီး အထင်လွဲခံ ကြပါတယ်။ သဲအင်းဂူ ဆရာတော် လူဝတ်ကြောင် ဘဝနဲ့ တရား အားထုတ် နေတုန်း ယခင်ကျော်ဇော သတင်းတွေကြောင့် လာဖမ်းသူ မှုခင်းစစ်ရဲက မင်းတရား အားထုတ် တယ်ဆိုရင် ဥပါဒ်၊ဌီ၊ဘင် ဆိုတာသိလား လို့ မေးတော့ အောက်အရိယာ ဖြစ်နေပြီဖြစ်တဲ့ ဆရာတော်လောင်း မဖြေနိုင်ခဲ့။ ဒါနဲ့ပဲ လူလိမ်ဆိုပြီး ရဲ ညှင်းပမ်း နှိပ်စက်တာကို ခံခဲ့ရပါ တယ်။ ဒီလို ရဟနာ္တလောင်းလျာတောင် မချန် ဒုက္ခပေး တဲ့ဟာကြီးကို ဘာလည်းလို့ ဆန်းစစ် လိုက်တော့ လူတိုင်း ပြောနေတဲ့ ဖြစ်ခြင်းပျက်ခြင်း ပါပဲ။
ကဲကူးလက်စ် သချာင်္မှာ အရာဝထ္တု တခုကို အပေါ်သို့ မြှောက်တင်လိုက်ရင် အတက်၊ အရပ် နဲ့ အကျ တို့ရဲ့ အရှိန်နှုန်းကို တွက်လို့ရပါ တယ်။ တက်တဲ့နှုန်းဟာ အချိန်နဲ့အမျှ ကမာ္ဘ့ဆွဲအား နဲ့ ဝေး ဝေးသွားလို့ ပြောင်း နေသလို ကျပြန်ရင် လည်း ကမာ္ဘ့ဆွဲအား နဲ့ ပိုနီး နီးလာလို့ နှုန်းသေ ဖြစ်လို့မရ။ ရုတ်တရက် ကြည့်လိုက်ရင် တက်တာနဲ့ ပြန်ကျ လာတာဟာ ဆက်တိုက် လို့ထင်ရပေမဲ့ တကယ်တမ်းတော့ အစက်ပေါင်း များစွာ စဉ်ဆက်မပျက် ဖြစ်နေကြတာပါ။ တက်တယ်၊ ဆုံးသွားတယ်၊ ထပ်တက်တယ်ပေါ့၊ ပြန်ကျရင်လည်း ဒီလိုပါပဲ။ ရင်းနှီး မြှုုပ်နှံမှု တခုရဲ့ အလား အလာ ကိုလည်း ကွန်ပြူတာနဲ့ ဆိုင်မယ်လို့ ထင်ရတဲ့ အချက်ပေါင်း များစွာကို တွက်ချက် ရပါတယ်။ အရာတခုဟာ သူ့ဖာသာသူ လွတ်လပ်စွာ ဖြစ်တည် မနေဘဲ အချင်းချင်း တုံ့ပြန် သက်ရောက်ပြီး ရေတွက်လို့ မရ တဲ့ သီးခြား ဖြစ်ရပ်ပေါင်း များစွာရဲ့ ရိုက်ခတ်မှု တွေကို ခံရ ပါတယ်။ ဖြစ်လာတဲ့ အရာကလည်း အခြား အခြားသော ရပ်တည်မှု တွေကို တန်ပြန် သက်ရောက် ပြန်ပါတယ်။ သံသရာမှာ ဒီလိုနဲ့ မဆုံးတော့ပဲ သုခ၊ဒုက္ခ လည်ကြ ရပါတယ်။ ဒီလို ဆင့်ကဲ ဖြစ်စဉ်တွေကို သိနိုင်တဲ့ ဖေါ်မြူလာ သာရှိရင် ရှေ့ဖြစ် နောက်ဖြစ်ကို သိနိုင်ကြမှာပါ။ ကြုံလို့ပြောရရင် နိုင်ငံခြားမှာ စီးပွာရေး၊ အုပ်ချုပ်ရေး၊ အိုင်တီ သင်မဲ့သူ များ အင်္ဂလိပ်စာ အပြင် အခြေခံသချာင်္ နဲ့ စာရင်းအင်း သချာင်္ statistics ကို ပိုင်အောင် လုပ်ခဲ့ကြပါ။ စကားလည်း မပြောတတ်၊ သချာင်္လည်း မနိုင်ဆိုရင် နေ့စဉ် ညည်းနေရတဲ့ ခိုဘဝကို ရောက်မှန်း မသိ ရောက်သွား ပါလိမ့်မယ်။
အရာရာတိုင်းမှာ ဖြစ်ပျက် ဆိုတာ ရှိပါတယ်။ အဲဒီ နှစ်ခုအကြား နာနိုစက္ကန့်ပိုင်း ကာလလေး ကို ဌီ လို့ခေါ်ပါတယ်။ တည်နေတဲ့ ကာလလေး တခုပဲ ဆိုဆို၊ ရွေ့လျားခြင်း သဘောလို့ပဲ ပြောပြော သမာဓိ ကောင်းသူများ ကတော့ ဖြစ်၊ ပြောင်း၊ ပျက်တွေကို စိတ်ကနေ အသံ ထွက်ပြီး ကြားရတယ် လို့ ဆိုပါတယ်။ သဲအင်းဂူယောဂီ ဦးမြင့်အောင်က အဲဒီ ရွေ့လျားခြင်း သင်္ခါရသည် အသစ်အသစ် တွေကို ဖြစ်စေသော အရာလို့ သူ့ကိုယ်တွေ့ ကို ဘုရားဟော ပါဠိနဲ့ ယှဉ်ပြောတာ နာဖူးပါတယ်။ သဲအင်းဂူ ဆရာတော်ကြီး ကတော့ ဖြစ်ပြီးပျက်လို့ နောက်ပြန် မဖြစ်ခင် တနည်းအားဖြင့် ဖြစ်ပျက်တို့ လွတ်ရာ မျက်စိတမှိတ်၊ လျှပ်တပြတ် ကာလ ဘင်စွန်း ကို မြင်ရင် နိဗ္ဗာန် ကို မြင်ဘူးသွားပြီ၊ အပါယ် မလားတော့ လို့ ဆိုထားပါတယ်၊ သောတာပန် မဖြစ်သေးပေမဲ့ သေတတ် သွားတဲ့ သဘောပါ။ ဘင်စွန်း ဟာ နေရာ တိုင်းမှာ ရှိပါတယ်။ ဥပမာ- ထွက်သက် ပြီး ဝင်သက် မဖြစ်ခင် စပ်ကြားက ဖြစ်ခြင်း ပျက်ခြင်း လွတ်နေ တဲ့ ကာလလေး တခုပေါ့။ အသိစိတ် လို့ပြောလဲ ရမယ် ထင်ပါတယ်။ အဲဒါမျိုးကို မြင်ရင် ဘုရားဟော တဲ့ လက္ခဏာ သုံးပါးကို ပါရမီအလိုက် ဝိပဿနာညဏ် ဖြစ်နိုင် ကြပါတယ်။
တကယ်တွေ့ မတွေ့ ဆိုတာ ကတော့ မိမိရဲ့စိတ်ကို စစ်ကြည့်ပါ။ လုပ်ယူတဲ့ သင်ညာသိ က ဘာမှမပြောင်း၊ မိမိကိုယ် မိမိလိမ် မရလို့ပါ။ အရင်က နာလို့ မထိုင်နိုင်သူဟာ ရုပ်၊ နာမ် သဘော ကို ပိုင်းခြား သိသွားလို့ ထိုင်ရမှာ ဝန်မလေးတော့။ စိတ်သောင်းကျန်း ပျံ့လွင့်မှုများလည်း လျော့နည်း သွားပါတယ်။ စိတ်ငြိမ်မှတော့ ရုပ် ဝေဒနာတွေ အပေါ် ကပ်ညှိတာတွေ သက်သာ သွားပြီပေါ့။ အဲဒါ ကြောင်းကျိုး သင်္ခါရ သဘောပါပဲ။ နေရာ၊ အချိန်မရွေး ဆိုတဲ့ အကာလိကော တရားတော်ဂုဏ် အတိုင်း တခုခုလုပ် နေရင်း ဖြစ်နိုင်ပါတယ်။ အဲသလို ဖြစ်တော့ ဘာထူးမှာလဲ ဆိုရင် မိမိကို နှိပ်စက်မှန်း မသိ နှိပ်စက်နေတဲ့ မြင်၊တွေ့၊ကြား၊ သိ လို့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ စိတ္တသင်္ခါရ အကုသိုလ် တွေကနေ ကင်း သွားပါလိမ့်မယ်။ ဖြစ်ချင်တိုင်း မဖြစ်။ မဖြစ်လို့လည်း ဖြစ်သလို နေလိုက်မယ်ဆိုတဲ့ စိတ်မိုက်၊ စိတ်ရိုင်း တွေ နည်းသွားပြီး ကံတရား၊ သူ့သဘော သူဆောင်၊ ဘယ်သူမပြု မိမိမှု ဆိုတာတွေကို စာသိမဟုတ် ခန္ဓာကဖြစ်တဲ့ အသိနဲ့ ဘဝကို ဓမ္မဓိဌာန် ကျကျ ကျော်ဖြတ် သွားနိုင်ပါလိမ့်မယ်။

One comment

  • weiwei

    December 24, 2010 at 6:29 pm

    ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ် …. ဘင်စွန်းဆိုတဲ့စကားလုံးကို ငယ်ငယ်ကထဲက ကြားဖူးပေမယ့် သေသေချာချာမသိခဲ့ပါဘူး … တရားအားထုတ်ပြီးနောက်ပိုင်းမှာတော့ ဘင်ဆိုတာ ဘင်္ဂဉာဏ်က ဘင် … အဲဒါက အပျက်လို့တော့ အကြမ်းမျဉ်းသိထားခဲ့ဖူးပါတယ် … အခုလို သေသေချာချာ ရှင်းပြထားတာကို ဖတ်ရလို့ အကျိုးများပါတယ် …

Leave a Reply