သူတို ့အမြင်နဲ ့သူတို ့အတွေး

saundSeptember 8, 20101min1529

ကောလိပ်တခုတွင် ခင်မင်ခဲ့သော သူငယ်ချင်းက ပင်လယ်ကမ်းစပ်တနေရာ က နေဝင်ဆည်းဆာရှုခင်းအလှ ကို လိုက်ပြ ခဲ့ဖူးပါတယ်။ ဒီတခါ ကမ်းခြေ တနေရာက ဈေးဆိုင်တန်းများဘက် လိုက်ပြမယ် ဆိုလို ့ သူငယ်ချင်း စားဖို ့ဒါန်ပေါက်ပါ ချက်လာမယ်လို ့ပြောလိုက်ပါတယ်။ သူငယ်ချင်းက အလုပ်ပေးမယ် လုပ်မလားလို ့ မေးပါတယ်။ သူက ဂစ်တာတီးမယ် ကျမကို ကဖို ့ ပြောပြီး အလုပ် လုပ်ကြမယ် လို ့ပြောပါ တယ်။ ကျမက နောက်နေတယ် အထင်နဲ ့ ပြန်နောက်ပြောင် လိုက်ပါတယ်။ ခွက်တခု ယူလာမယ်။ ပြီးရင် ရပ်ကြည့်သူတွေဆီက အလျှူငွေ ကို မင်း လိုက်ကောက်လို  ့…….
ဒီလိုနဲ ့ ဒါန်ပေါက်ကျက်တော့ ထုပ်ပြီး ကျမ အိမ်က ထွက်လာခဲ့ပါတယ်။

ချိန်းထားတဲ့အချိန်က ၂နာရီခွာ ချိန်းထားလို ့ ဆုံမှတ်နေရာ ရောက်တော့ သူငယ်ချင်းဆီ ဖုံးဆက်ပြီး ရောက်နေကြောင်း  ရှာမတွေ ့လို ့ ဘယ်တော့ရောက်မလဲ မေးမှ လာနေကြောင်း ပြောပါတယ်။ နေရာက ပင်လယ်နားဖြစ်လို ့လေတဟူးဟူး တိုက် နေပါတယ်။ မိနစ် ၃ဝ ကြာ တဲ့အထိ မပေါ်လာလို ့ ဖုံးဆက်မေး တဲ့အခါ သူက ဂစ်တာတီး သီချင်းဆိုနေတာ ကြား ရပါတယ်။ ကျမ ခေါ်တဲ့ ဖုံးကို အမှတ်တမဲ့ နှိပ်မိပြီး လက်ခံ လိုက်တဲ့သဘော ကျမ ခေါ်တာ သူသိပုံ မပေါက်ပါဘူး။

နောက် နာရီဝက်လဲ မပေါ်လာလို ့ ထပ်ဆက်တော့ သူလာနေ ကြောင်း နောက်ထပ် ၁၅မိနစ် စောင့်ဖို ့ပြောရင်း ဂစ်တာသံ ကြားရပြန် ပါတယ်။

အဲဒီတော့မှ ကျမ မှာ ကျောချမှ ဓါးပြမှန်းသိရပါတယ်။ မျောက်ပြ ဆန်တောင်း ခံရတော့မဲ့ အဖြစ်လို ့ရိပ်မိပါတော့တယ်။ အစ က နောက်ပြောင်တယ် ထင်မိပေမဲ့။ သူငယ်ချင်း ပုံစံက လမ်းသွား လမ်းလာ တွေကို သီချင်းဆို ကပြ ပြီး ငွေတောင်းမဲ့ ပုံ ပေါက်နေ ပါတယ်။ ကျမ အတော် စိတ်ပျက်မိပါတယ်။ ကျမလည်း ချိန်းထား တဲ့ အချိန်မှ ၁နာရီတိတိထိ စောင့်မယ် မရောက်လာရင် ပြန်မယ် လို ့ပြောလိုက် ပါတယ်။ သူငယ်ချင်းက ထပ်စောင့်ပေးပါလို ့ထပ်ပြော ပါတယ်။

ကျမဘဝမှာ ချိန်းဆိုတဲ့ အချိန်ရဲ့ ၁၅မိနစ်ထက် ပို မစောင့်ချင်ပါဘူး။ အတော်ကို ရင်းနှီးလွန်းမှ လက်ခံသင့်တဲ့အကြောင်းရှိမှ နာရီဝက်ထိ စောင့် ပါတယ်။ အခုက ၁နာရီနောက်ကျ တဲ့ထိတောင် အချိန်မှီ မရောက်နိုင်သလို နောက်ကျမဲ့ အကြောင်း ကို ကျမဆီ အကြောင်း မကြားတာ က ပရော်ဖက်ရှင်နယ် မဆန်ပါဘူး။ သူငယ်ချင်းရဲ့ ဘဝနောက်ခံ ဘယ်လိုအဆင့်တန်းမှန်း မသိပေမဲ့ ချိန်းဆိုမှု ့ကို မလေးစားတာ ၊ တဖက်သားကို လေးစား တမှု ့နဲ ့ နောက်ကျကြောင်း အကြောင်း မကြားတတ်ခြင်း တွေကို စိတ်ပျက် ရပါတယ်။

ကျမတို ့ ခပ်ငယ်ငယ် ကလေးဘဝက လမ်းမှာ တောင်းစားတဲ့ သူတောင်းစား တွေ ကို ကြည့်ပြီး ကလေးတို ့ ဘာဝ လိုက်အော်ပြီး ဆော့ရင် အမေတို ့ အဖေတို ့ ဆရာမတို ့က ဒါလို အပြုအမှုကို ဆော့ကစားခြင်း တောင် မလုပ် သင့်ကြောင်း ဆုံးမ ခဲ့ကြပါတယ်။ ခြေလက် အပြည့်အစုံနဲ ့မိသားစုနဲ ့ တောင်းစားရသမျှ အရက် သောက်ပစ် ကြောင်း ရပ်ကွက်တူ သူ တွေ က မျက်မြင်ကိုယ်တွေ ့ပြောကြားသတိပေး တာတွေ လည်း ကြားသိခဲ့ရပါတယ်။

ယခု သူငယ်ချင်းက ကောလိပ်မှာ အင်ဂျင်နီယာ ဖတ်နေတဲ့ ကျောင်းသား ဖြစ်ပါတယ်။ သူတို  ့အမြင်မှာတော့ သူတို ့တတ်တဲ့ အနုပညာကို ပြပြီး အလျှူငွေ တောင်းတာ အလုပ်တခု တမာသမတ် ငွေရှာမှု ့ လို ့မြင်နေကြပါတယ်။

ကျမအမြင်ကတော့ မတူပါဘူး

အင်ဂလန်မှာ နေ ့လည် ရုံးတက် တဲ့ ဝန်ထမ်းတွေ တချို ့ ရုံးဆင်းတာနဲ ့ ပိတ်ပိုင်းလေး ချထိုင်၊ ဦးထုပ်လေးဆောင်း၊ ခွက်ကလေး ချပြီး ည ၉နာရီအထိ ရထား ဘူတာရုံ မှာတောင်းစား နေကြပါတယ်။ လေ့လာ ဆန်းစစ်ချက် အရ တပတ်ဝင်ငွေ ၂၀ဝနဲ ့စနေတနင်းဂနွေမှာ ၅၀ဝ ထိ ရတဲ့ အတွက် ပရော်ဖက်ရှင်နယ် သူတောင်းစားများ များပြားလာ ကြောင်း သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ပုလိပ်က သူတောင်းစား တယောက်ကို ဖမ်းပြီး စစ်ဆေးတော့မှ အစိုးရဆီမှ ထောက်ပံ့ကြေး ရယူနေသူ ဖြစ်ပြီး အပိုဝင်ငွေအတွက် တောင်းစား နေကြောင်း သိရပါတယ်။ ဒါဏ်ငွေ ပေါင် ၁၀ဝတပ်ပြီး ပြန်လွှတ် တဲ့အတွက် နောက်နေ ့တွေမှာ ဒီသူတောင်းစား နေရာပြောင်း တောင်းမှာ သေချာနေပါတယ်။

အင်ဂလန် မြေအောက် ဘူတာရုံတွေမှာ ဂီတ သမားတွေ မိုက်၊ လောစပီကာ၊ တူရိယာပစည်းများနဲ ့သီချင်းဆို နေကြသလို ခရီးသွားတွေကလည်း အနုပညာရှင်တွေရဲ့ ရှေ့က ခွက်ကလေး၊ ဂီတာအိတ် တွေထဲ ငွေစ ပစ်ထည့်သွားတာ တွေ အမြဲတွေ ့နေရဆဲ ပါဘဲ။

ပြီးခဲ့တဲ့ အပတ်က ခရီးထွက်တာ (ဒီနိုင်ငံက) ရထားပေါ်မှာ အာဖရိကန်နွယ်ဖွား သားအဖ ၄ယောက် သီချင်းဆို ဂစ်တာတီး၊ သားအငယ် ၂ယောက်က ဗုံတီးပြီး ငွေတောင်းပါတယ်။ ကျမရှေ ့တင် ထည့်လိုက်ကြတာ ၁၂ဒေါ်လာ လောက်ရ သွား ပါတယ်။ ၅မိနစ်အတွင်း အတော် အလုပ်ဖြစ်သွားတာပါ။ ရနစ်သား နဲ ့ ၁ဝနစ်သားလေးတွေကြောင့် လား။ သို  ့မဟုတ် ငွေတောင်းတာ မပေးရင် သူတို ့ နောင်တရ ဝမ်းနည်းရမှာ စိုးလို ့ (feel guilty) ပေးတာလား ၊ သူများပေးပြီး ကိုယ်မပေးရင် ရှက်စရာလို ့ထင်မှာ စိုးလို ့လား မသိပါ။ ရထားတတွဲမှာ ဒေါ်လာ ၂ဝဆိုရင် ရထား၁ဝတွဲ ပါတဲ့ ဒီရထားမှာ နာရီဝက်အတွင်း အတော် စီသွားမှာပါ။ စုန်ဆန်သွား နေတဲ့ ရထားတိုင်း လိုက်တောင်းရင် တနေ ့ကို ထောင်ချီ ဝင်ငွေကောင်းတဲ့ မိသားစုလို  ့တွေးတောမိပါတယ်။

မည်သို ့ပင် ဆိုစေ ကျမကတော့ သူငယ်ချင်း အမြင်နဲ ့မတူလို ့ သူပြောသလိုမျိုး မလုပ်နိုင်ပါဘူး။ ခင်မင်မှု ့ကို အမြတ်ထုတ်တဲ့ သူငယ်ချင်း လို ့သတ်မှတ် ရမလား။ သေဖော်ညှိတဲ့ သူငယ်ချင်း လို ့သတ်မှတ်ရမလား သူတို ့အမြင်နဲ ့ကိုယ့်အမြင် မတူတာဘဲ သတ်မှတ်ရမလား မသိနိုင်ပေမဲ့ ဒီလို သူငယ်ချင်းမျိုးတော့ ဝေးဝေးရှောင်မှ ဖြစ်မှာပါ။

စောင့်ရတာ ၁နာရီပြည့်တော့ ကျမလည်း မပေးဖြစ်တဲ့ ဒန်ပေါက် ထုပ်လေး ပြန်ဆွဲပြီး အိမ်ပြန်ခဲ့ပါတယ်။ မိုးအေးအေးမှာ ဒါန်ပေါက် မွေးမွေးလေး နဲ ့ စားအပြီး ညဘက် မှာ နွေးနွေးထွေးထွေး စောင်ခြုံပြီး အိပ်လိုက်ပါ တော့တယ်။

9 comments

  • bigcat

    September 8, 2010 at 3:59 am

    အလကား တောင်းစား ညာစားတာမှ မဟုတ်တာဗျာ။ ပေးဆပ်မှု တခုကို အရင်းအနှီးပြုပြီး ရှာတဲ့အတွက် ရှုံ့ချစရာမလိုတဲ့ ယဉ်ကျေးမှု တရပ်လို့ပဲ မြင်ပါတယ်။ ဘာတူရိယာမှ မပါဘဲနဲ့ သူချင်းအော်ဆို၊ အမူအယာလုပ်ပြပြီး သူများကိုအနှောက်အယှက် မဖြစ်စေဘူးဆိုရင် နားလည်ပေးသင့်ပါတယ်။ အဲဒီလို ဆိုလို့ မင်းလုပ်ရဲလားဆိုရင် မလုပ်ရဲပါ။ ဒါပေမဲ့ လုပ်ရဲသူတွေကို လေးစားစိတ်တောင် ပိုမိပါသေးတယ်။ စာရေးသူကြည့်ရတာ အင်္ဂလန်ကထင်ပါတယ်။ မသိလို့ တခုလောက် မေးပါရစေ။လူမဲတွေကို ကပ္ပလီလို့ ခေါ်တာ အင်္ဂလန်မှာ သုံးနေကျလား၊ ပို့စ်တင်သူ saund ရဲ့ အသုံးအနှုန်းလား။ သိရသလောက် အဲဒီအသုံးအနှုန်းဟာ အရမ်းကို လူမဲတွေကို နှိမ်ချသုံးတာဖြစ်လို့ နေရာအတော်များများ မှာမသုံးရဆိုတာ သိပြီးသားလိုဖြစ်နေလို့ပါ။

  • saund

    September 8, 2010 at 4:47 am

    ဟုတ်ကဲ့ bigcat အမြင်နဲ ့bigcat အတွေး က မှန်မှာပါ။ ကျမအတွက်တော့ အမြင်ချင်းမတူပါဘူး။ တကယ်လို ့ဒီလို အတွေးပေါက်သွားရင် ကျမ စာသားကို ပြန်ပြင်လိုက်ပါမယ်။
    ကျမ ရှုံ ့ချတဲ့ စိတ်မျိုးမရှိပါဘူး။
    ကပလီဆိုတာ အင်ဂလန်မှာ မသုံးပါဘူး။ အမဲလို ့ဘဲ ခေါ်ပါတယ်။ သူတို ့ကိုယ်တိုင်လည်း black လို ့သုံးပါတယ်။ ပုံမှန်အားဖြင့် အာဖရိကနွယ်တွေပါ။ လူတန်းစားခွဲခြမ်းတဲ့ စိတ်မရှိပါဘူး။ ကျမ သိရသလောက်က ကပလီ ဆိုတာ ဘယ်နိုင်ငံက စခေါ်သလဲ မသိပေမဲ့ မြန်မာနိုင်ငံမှာ ဘဲ ခေါ်တယ် လို ့ထင်မိပါတယ်။ အမဲ လို ့ခေါ်ရင်သာ လူတန်းစား နှိမ့်ချတယ် လို ့ပြောလို ့အမဲလို ့မခေါ်သင့် ကြောင်း သိထားပါတယ်။

  • saund

    September 8, 2010 at 4:56 am

    ကျမ တင်ပြတာ ၂မျိုးပါ။ တခု က အနုပညာရှင်တွေ တီးမှုတ်ကပြပြီး အလျှူငွေ ကောက်ခံတာတမျိုး။ နောက်တမျိုးက ပညာတတ် ဝန်ထမ်းတွေက အချိန်ပိုင်း အလုပ် အဖြစ်နဲ ့ ငွေတောင်းခြင်းပါ။ ပုလိပ်တွေရဲ့ စစ်တမ်းအရ အချိန်ပိုင်း သူတောင်းစား (သတင်းစာထဲမှ စာသား) တွေဟာ တနစ် ၂၀၀၀ဝ ပေါင် အထိ ဝင်ငွေရှိ ကြောင်း ပါ ထည့်သွင်း ရေးထားခြင်းပါ။

  • saund

    September 8, 2010 at 5:02 am

    ကိုဘစ်ကက်အတွက် ဗဟုသုတဖြစ်စရာ ထပ်ပြောလိုက်ပါအုန်းမယ်။ အင်္ဂလိပ် အဖြူတွေ ဟာ အမဲတွေကို မှ ရွေးပြီး အိမ်ထောင်ဖက် ချစ်သူရွေးကြပါတယ်။ WTMB Willing to Meet Black Girl/Man ဆိုပြီး ဒိတ်တင်းဆိုဒ်တွေမှာ ရှာကြတာ တွေ ့နိုင်ပါတယ်။ အမဲမိန်းခလေးဘေးမှာ အဖြူကောင်လေးတွေ အနည်းဆုံး ၃ယောက်လောက် ဝိုင်းနေပါတယ်။ အင်္ဂလန်မှာ လူမျိုးရေး ခွဲခြားမှု ့မရှိရုံမက အာဖရိက လူမျိုးတွေကို ရွေးချယ်ကြပါတယ်။ ကျမ ကိုယ်တိုင်လည်း လူမျိုးရေး ခွဲခြားမှု ့မရှိပါဘူး။ လူမျိုးကို ကွဲပြားအောင် ရေးချင်တဲ့ အတွက် ကပလီလို ့သုံးပါတယ်။ ဒီနိုင်ငံမှာ ကုလား လို ့ အိနိယရော ကပလီကိုရော ရောနှော ပြောပေမဲ့ ။ အင်ဂလန်မှာ ကုလား ဆိုတာ အိနိယ ဘန်ဂလားဒတ် စသဖြင့် နိုင်ငံသားတွေ ခေါ်ပြီး အမဲ ဆိုတာ ကပလီကို ရည်ညွန်းပါတယ်။

  • bigcat

    September 8, 2010 at 7:08 am

    ဒါဆို မိန်းခလေးအတော်များများ လူမဲမိန်းခလေး မဖြစ်ရတာ တော်တော်နာကြည်းနေကြမှာပဲ။ အတော်များများက ကိုဖြူတို့နဲ့တွဲရတာ ဂုဏ်ယူကြလို့ပါ။ ကျွန်တော်တို့လည်း သူတို့လို တိုင်းပြည်ဂုဏ်ဆောင်ချင်ပေမဲ့ ဖြူမတွေက ဖြူထီးတွေလို သဘောထားမကြီးကြလို့ ငြိမ်နေရပါတယ်။
    လူမျိုးရေးအသုံး အနှုန်းနဲ့ပက်သတ်လို့ ရှင်းပြတာ ကျေးဇူးပါ။ ကျွန်တော်ကတော့ အမဲတွေကိုယ်တိုင် သူတို့ကိုယ်သူတို့ ဘလက်လို့ သုံးလို့ အမဲကို ဘလက်၊ အဖြူကို ဝှိုက်လို့ အချင်းချင်းမှာ လွတ်လွတ်လပ်လပ် သုံးပါတယ်။ တိုက်ရိုက်စကားပြောရင်တော့ လူပေါ်ကိုကြည့်လို့ အာဖရိကန် တို့ အဖြူဆို ကော့ကေးရှန်းတို့ဆိုပြီး ယဉ်ကျေးချင်ယောင် ဆောင်သုံးပါတယ်။ ဒီအသုံးအနှုန်းတွေကို မေးရတာ တချို့မြန်မာတွေက သတိမေ့ပြီး လူကြားထဲမှာ ကပ္ပလီတို့၊ ပိုဆိုးတာ နီဂရိုးတို့ဆိုပြီး သုံးလို့ပါ။ သူတို့ကြားရင် အရမ်းစိတ်ဆိုးပါတယ်။ သူတို့ဘေးဘီဘင်တွေ ကျွန်ပြုခံရတုန်းက သုံးတဲ့ အခေါ်အဝေါ်ပါ။ အဖြူတွေသုံးရင် လူမျိုးရေးခွဲခြားတယ် ဆိုတာနဲ့ပြီ်းနိုင်ပေမဲ့ မြန်မာလို ဆင်းရဲတဲ့နိုင်ငံက လူတွေသံယောင်လိုက်သုံးရင်တော့ အခန့်မသင့်ရင် လူကြားထဲမှာ အဆဲခံရ အရိုက်ခံရနိုင်ပါတယ်။

  • saund

    September 8, 2010 at 8:07 am

    Bigcat အနေနဲ ့စာကို အသေချာ မဖတ်တာ သေချာပါတယ်။ အဖြူအမျိုးသမီး တွေကလည်း အမဲကို မှ ရွေးယူပါတယ်။ ကျမ အသိ အမဲက ကျဗန်းအလုပ် လုပ်ရပါတယ် ကင်ညာက လာတာပါ။ သူ ့မိန်းမက အကောင့်တင့် အင်ဂလိပ် အစစ်ပါ။ Bigcat ဆိုခဲ့သလို ယောကျာ်းလေးအတော်များများက လည်း လူမဲ မဖြစ်ရတာ နာကြည်းနေမှာလား (ဒါဆို မိန်းခလေးအတော်များများ လူမဲမိန်းခလေး မဖြစ်ရတာ တော်တော်နာကြည်းနေကြမှာပဲ။) ကိုBigcat အနေနဲ ့ကရော ဒီလို ဖြစ်မှာလား။

    အခုလို နီဂရိုးနဲ ့ကပလီ အခေါ်အဝေါ်အကြောင်း ရှင်းပြတာ ကျေးဇူးပါ။ ကာလံ ဒေသံအလိုက် အလိုက်ထိုက် နေဖို ့သတိပေးတာ လည်း ဝမ်းသာ ပါတယ်။ အင်ဂလန်မှာတော့ အထူးသဖြင့် လူမဲတွေကို ဦးစားပေးသလို ပိုတောင် အခွင့်ရေး ပေးပါတယ်။ သူတို ့ကိုယ်တိုင် အမဲ ခေါ်ခံရတာ အနှိမ်ခံ ရတယ်လို ့မထင်ကြပါဘူး။ အဖြူတွေ ကိုယ်တိုင်ကလည်း တတန်းထဲထား ပေါင်းသင်း ဆက်ဆံပါတယ်။

  • saund

    September 8, 2010 at 3:59 pm

    ကိုဘစ်ကက်ကို ကျေးဇူးတင်ပါတယ်။ အခေါ်ဝေါ်ကို ပြင်ထားပါတယ်။ ထောက်ပြဆွေးနွေး တဲ့ အတွက် ပြသနာအကြီးအကျယ် မဖြစ်အောင် ရှောင်နိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • kai

    September 8, 2010 at 5:48 pm

    ဒီပို့စ်လေးကို ကြိုက်ပါတယ်။ အတွေးတွေ ပေးလို့ပါ။
    – မီဒီယာနည်းလမ်းအရတော့ အဖြူတွေ၊ အမဲတွေ၊ အနီတွေ၊ အဝါတွေ (အရောင်)တပ်ပြီး လူကိုခေါ်တာ … မသင့်တော်ဘူးဆိုပါတယ်။ ရှေးက အဖြူတွေက ကျန်တဲ့လူမျိုးနွယ်တွေကို ကာလာတွေလို့ပြောတာက စခဲ့တယ်ဆိုပါတော့။ “ကာလာမဝင်ရ”ဆိုတဲ့စားသောက်ဆိုင်တွေ၊ ဘစ်ဇနက်တွေတောင်ရှိခဲ့တာကိုး..။
    အခုခေတ်တော့ စီအန်အန်လို မီဒီယာတွေ၊ ဘီဘီစီတွေမှာတောင် အဖြူတွေ၊ အမဲတွေ“ချ”နေတော့ အိုကေပုံပါပဲ။
    အာဖရိကန်တွေကလည်း ..အမဲဆိုပြီး ဂုဏ်ယူသလိုတောင် ပြောနေကြပြီမဟုတ်လား…။
    ဒါပေမဲ့ အနီဖြစ်တဲ့ နေးတစ်အင်ဒီယန်း..။ အဝါဖြစ်တဲ့အေရှန်း၊ အညိုဖြစ်တဲ့ လက်တီနာ၊နိုတွေကိုတော့ အရောင်တပ်ခေါ်ကြလေ့မရှိသေးပါဘူး။
    သိသလောက်ပြောရရင်.. ကပ်ပလီဆိုတာ ဗမာတွေသုံးတာထင်ပါတယ်။ မြန်မာပြည်နားမှာ..ကပ်ပလီကျွန်းစုရှိတာကိုး..။ အဲဒီကျွန်းကလူတွေအသားမဲသမို ့..ဗမာတွေကသီးသန့်ခေါ်တယ်ထင်မိပါတယ်။(နကိုက မြန်မာပိုင်ပြီး အခုတော့ အိနိ္ဒယပိုင်တယ်မှတ်ပါတယ်)
    မြန်မာရှေးသီချင်းတောင်ရှိသေးတယ်..။ (ဘာမှတော့မဆိုင်ပါဘူး..။ )ကပ်ပြီးပလီတဲ့ကောင်မလေးကို..ကပ်..ကပ်..ကပ်ပလီမလေးတဲ့..။(ကိုပေါက်ပိုသိမှာပေါ့)
    နီဂရိုးကတော့ … သိသလောက်..လက်တင်၊ဂရိ်စကားနဲ့အမဲကိုခေါ်တာပါပဲ။ ဒါပေမဲ့ အဲဒါက နှိမ်ခေါ်တဲ့သဘောသက်ရောက်တာမို ့…မသုံးသင့်ဘူး ဆိုကြပါတယ်။
    ဂျာမန်ကလာတဲ့ အမဲရောင်မှင်ပုလင်းကို…နီဂရိုးအရောင်တဲ့..။ ဗဟုသုတအဖြစ်..သိသလောက်လေးပါ။
    – သီချင်းဆို၊က ပိုက်ဆံတောင်းတာတော့ ကျုပ်အမြင်ကတမျိုးဗျ..။
    သူတို့တွေ..အိမ်မှာအသံဆူလို့ကျင့်မရတဲ့အတူူတူ လမ်းဘေးလာလေ့ကျင့်နေတယ်ထင်နေတာပါ။ ဝင်ငွေလေးလည်းရအောင် ဦးထုပ်၊ခွက်။ ဂစ်တာဗူး ချထားတော့ အလှူငွေလည်းရတယ်ပေ့ါ။ တပြိုင်ထဲပရိသတ်ကိုကြည့်ပြီး ..ကိုယ့်အရည်အချင်း..အတိုင်းအတာမှန်းဆနိုင်တယ်ပေါ့။
    အဲဒီကမှ..ပရိတ်သတ်ထဲကနေ…ငွေထုတ်ပေးမဲ့ပရိုဂျူဆာလည်း တွေ့နိုင်တာကိုး။
    အဲဒီထဲကတချို ့တလေ..ဂီတာတီး..သီချင်းဆိုကောင်းချက်က… ကိုချစ်စမ်းမောင်တို့ တောင် (ယူအက်စ်လာတုံးတွေ့တော့)“ဟာ”ကနဲ့ဖြစ်ရတဲ့သူတွေရှိတာပါ။
    အဲဒါအပြင်..ကနေတဲ့မိန်းကလေးတွေဆိုလည်း..အင်ဒီရုပ်ရှင်ရိုက်သူတွေက…ခေါ်သုံးဖို့သွားမေးနေကြတာမျိုးတွေ့ဖူးတာမို ့…ဒါက..ဘစ်ဇနက်ပရိုမိုးရှင်းတမျိုးလို့ထင်မိတာပါပဲ..။

  • saund

    September 8, 2010 at 11:15 pm

    ကိုကိုင်း ပြောမှဘဲ သတိထားမိတယ်။ နာမည်ကြီး အဆိုတော်တဦး လမ်းမပေါ် အဟစ်ကောင်းလို ့ ပရိုဂျူဆာနဲ ့တွေ ့တာ လို ့ကြားဖူး တာဘဲ။ ဒါလည်း ဟုတ်ပေသားဘဲ

Leave a Reply