ကပ်ဘေးသင့်စီးပွားရေးလုပ်ငန်းငယ်များကို ကူညီရေးဆွေးနွေးပွဲကျင်းပ- EMS LA County Fellowship Series-3)

kaiDecember 21, 20202min2420


LA County ကကြီးမှူးကျင်းပသော ” “Help for Small Businesses in a Worsening Pandemic” ဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ၁၀ရက်၊ မွန်းလွဲတစ်နာရီကကျင်းပခဲ့ရာ Ernesto Bobadilla, Consumer & Business Affairs Specialist, LA County Department of Consumer & Business Affairs; Carl Kemp, Environmental Health Public Affairs Manager, LA County Department of Public Health; Sarah Fisher, Economic Justice & Community Partnerships Manager, LA County Aging and Community Services; Alisa Shudofsky, Director of Pro Bono Programs, Bet Tzedek Legal Services Ethnic Media Services မှ Pilar Marrero က ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။

Carl Kemp, Environmental Health Public Affairs Manager, LA County Department of Public Health က ကပ်ရောဂါအတွက် ချမှတ်ထားသောလမ်းညွှန်ချက်များအတိုင်း လုပ်ငန်းများက လိုက်နာဆောင်ရွက်ရသောကြောင့် ကြုံတေ့ွရသောအခက်အခဲများစွာရှိကြောင်း၊ စားသောက်ကုန်အရောင်းဆိုင်များတွင် ဈေးဝယ်သူဦးရေကန့်သတ်မှုကြောင့် ၃၅ရာနှုံးခန့်၊ လက်လီအရောင်းဆိုင်များတွင် ၂၀ရာနှုံးခန့်လျော့ကျပြီး စားသောက်ဆိုင်များမှာလည်း စားသုံးသူအရေအတွက်မှာလျော့ကြကြောင်း၊ ပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန် ထားသောလမ်းညွှန်ချက်များကို လိုက်နာရခြင်းမှာလည်း ကိုဗစ်ကာလအသေးစားလုပ်ငန်းများ၏ ကျင့်သုံးရမည့်တာဝန်ဖြစ်ရာ Los Angeles County က စီးပွားရေးလုပ်ငန်းများ ဘေးအန္တရာယ်ကင်းပြီးလုံခြုံစိတ်ချစွာဖွင့်လှစ်နိုင်ရန်လမ်းညွှန်ချက်များကို ပို့ချပေးသည့် ၃၇မိနစ်စာ အခမဲ့ဗွီဒီယို ကို လုပ်ငန်းအမျိုးအစားအသီးသီးအတွက် http://publichealth.lacounty.gov/eh/index.htm နှင့် http://publichealth.lacounty.gov/eh/covid19cert.htm. တွင် လွှင့်တင်ထားပြီး စစ်တမ်းအကျဉ်းချုပ်ကိုလည်း ဖော်ပြထားရာ ဗွီဒီယိုကိုပြီးဆုံးအောင်ကြည့်ပြီး စစ်တမ်းကိုဖြည့်သူများသည် အသိအမှတ်ပြုလက်မှတ်ရရှိမည်ဖြစ်ပြီး စားသုံးသူများကို စိတ်ချလက်ချရှိစေမည်ဖြစ်ကြောင်း၊ ဘာသာစကား၁၃မျိုးဖြင့်ဖော်ပြထားပြီး ယခုချိန်ထိ လုပ်ငန်းပေါင်း၁၄၆၇၃ခု တက်ရောက်ခဲ့ပြီး ဝန်ထမ်းများလည်းတက်ရောက်နိုင်ကြောင်း၊ ကိုဗစ်ကာကွယ်မှုစည်းမျဉ်းများကို သေသေချာချာမလိုက်နာသောလုပ်ငန်းများရှိပါက ဖုန်း (888) 700-9995 ကိုဆက်သွယ်ပြီးဖြစ်စေ၊ အင်တာနက်စာမျက်နှာ https://tinyurl.com/LACountycomplaints မှဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားမှုများကိုစိစစ်ကာ ဟုတ်မှန်ပါက ဒဏ်ငွေ ဒေါ်လာ၅၀၀မှ ၁၀၀၀ ထိ ရိုက်မည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်ပန်းတိုင်မှာ ဒဏ်ငွေမဟုတ်ဘဲ ပြည့်စုံစွာလုံခြုံစိတ်ချရဖို့သာဖြစ် ကြောင်း ပြောကြားခဲ့သည်။

Ernesto Bobadilla, consumer and business affairs specialist with the county’s Department of Public Health က မတ်လ၂၆ရက်နေ့ကစတင်ခဲ့သော small business Disaster Help Center အကြောင်းရှင်းပြခဲ့ရာ ရည်ရွယ်ချက်လေးခုဖြစ်သော လုပ်ငန်းများဝင်ငွေကျဆင်းခြင်းနှင့်လုပ်ငန်းများရပ်ဆိုင်း ရခြင်းကိုကူညီရန်ရန်ပုံငွေ၊ လုပ်ငန်းအဆောက်အဦးငှားရမ်းခမပေးနိုင်ခြင်းကြောင့်ဖယ်ရှားခံရခြင်းကို ကူညီရေး၊ လုပ်ငန်းများပြန်လည်ဖွင့်ရန် လုံခြုံစိတ်ချရသော လမ်းညွှန်ချက်များနှင့် လုပ်ငန်းအဆောက်အဦးငှားရမ်းခအကူအညီများကိုပြောကြားကာ ဆက်သွယ်ရန်မှာ ဖုန်း (833) 238-4450 နှင့်အင်တာနက် https://tinyurl.com/DisasterHelpCenter ဖြစ်ကြောင်း၊ဝက်ဆိုက်တွင် လုပ်ငန်းရှင်များသည် မျက်နှာအကာ၊ အသက်ရှုလမ်းကြောင်းကာ၊ လက်အိတ်နှင့်သန့်စင်ပိုးသတ်ဆေးရည်များကို လစဉ် လူအယောက်၁၀၀စာအထိ အခမဲ့တောင်းဆိုနိုင်ပြီး ” PPE Unite” အစီအစဉ်ဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါဆိုးကျိုးသက်ရောက်ခံရသည့်လုပ်ငန်းများအတွက် အခွင့်အရေးအသစ်များရရှိနိုင်မည့် Procurement Technical Assistance Center အကြောင်း ပြောပြခဲ့ပြီး ဆက်သွယ်ရန်မှာ https://dcba.lacounty.gov/ptac/ ဖုန်း (323) 881-3694 သို့မဟုတ် အီးမေလ်း ptac@dcba.lacounty.gov ဖြစ်ကြောင်းပြောကြားခဲ့သည်။

Sarah Fisher, economic justice and community partnerships manager of WDACS က Graphic art, ဘာသာစကားမျိုးစုံဖြင့် Los Angeles တွင် နေထိုင်သူများ ကပ်ဘေးကာလလုံခြုံစိတ်ချစွာနေထိုင်ရေးသတိပြုရန် နှိုးဆော်သတိပေးရေးအစီအစဉ်များအကြောင်းပြောပြပြီး အထူးသဖြင့် မရှိမဖြစ်လုပ်ငန်းများနှင့်ဝန်ထမ်းများအတွက် ပိုစတာ/သရုပ်ဖော်ပုံများကို https://www.saferatwork.la/ တွင် အခမဲ့ Download ရယူနိုင်ကြောင်း၊ Boyle Heights တွင်လမ်းဘေးနံရံဆေးရေးပန်းချီများပြုလုပ်မည့်အစီအစဉ်များကို ပြောသွားခဲ့သည်။

Alisa Shudofsky, Director of Pro Bono Programs, Bet Tzedek Legal Services က ပြောကြားရာ ကိုဗစ်ကာလအတွင်း လူမည်းပိုင်လုပ်ငန်းများ ၄၀ရာနှုံး နှင့် လက်တီနိုပိုင်လုပ်ငန်းများ၏ ၃၂ ရာနှုံးကျဆင်းသွားပြီး ရွှေ့ပြောင်းအခြေချသူများနှင့် အမျိုးသမီးများပိုင်လုပ်ငန်းများလည်း သိသိသာသာကျဆင်းသွား ကြောင်း၊ လုပ်ငန်းဥပဒေရေးရာနှင့်ပတ်သက်ပြီး အခမဲ့ဆွေးနွေးလိုပါက ဖုန်း (323) 939-0506 အီးမေးလ် intake@bettzedek.org သို့ဆက်သွယ်ပြီး မိမိတို့သိလိုသည်များကို မေးမြန်းနိုင်ကြောင်းပြောကြားခဲ့သည်။