ကပ်ဘေးကာလ အိမ်ရှင်အိမ်ငှား အကူအညီပေးရေး ဆွေးနွေးပွဲကျင်း- ပ- EMS LA County Fellowship Series-2)

kaiDecember 21, 20202min3840

Los Angeles County က ကြီးမှူးကျင်းပသော “LA COUNTY HELPS PEOPLE STAY HOUSED DURING PANDEMIC” ရုပ်မြင်သံကြားတိုက်ရိုက်ဆွေးနွေးပွဲကို ဒီဇင်ဘာ၇ရက်၊ ၂၀၂၀ခုနှစ်၊ မွန်းလွဲ၁နာရီက Zoom တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Dana Pratt, Chief of Tenant Protections, LA County Department of Consumer and Business Affairs; Azusena Favela, Deputy Director, LA County Department of Consumer and Business Affairs; Emilio Salas, Acting Executive Director, LA County Development Authority; Maritza Gutierrez, Chief ,Mediation & Counseling Division, LA County Department of Consumer & Business Affairs တို့က LA County တွင်နေထိုင်ကြသူများ COVID-19 ကာလရင်ဆိုင်နေရသော အိမ်လခ/ အိမ်အရစ်ကျပေးငွေနှင့်ဆိုင်သောကိစ္စရပ်များကိုဆွေးနွေးပြီး သတင်းမီဒီယာများက သိလိုသည်များကိုမေးမြန်းခဲ့ ကြသည်။

Dana Pratt, Chief of Tenant Protections, LA County Department of Consumer and Business Affairs က State House LA County program နေရပ်အပိုင်းအခြားကိုခွဲပြီး အိမ်ငှားများကို ကာကွယ်ပေးနေကြောင်း၊ ခရိုင်လူဦးရေတစ်ဝက်ခန့်မှာ အိမ်ငှားခ/ အရစ်ကျပေးငွေ ပေးသွင်းမှုမှာ ရရှိသောဝင်ငွေပမာဏအများအပြားကိုအသုံးပြုရရာ ဝန်ထုတ်ဝန်ပိုးများဖြစ်နေလျက်ရှိကြောင်း၊ ထိုသို့ ုဖြစ်ရခြင်းမှာ အိမ်ခြံမြေဈေးများ သိသိသာသာတက်နေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် County Stabilization Program အစီအစဉ်သစ်ရေးဆွဲပြီး အိမ်ခန်းငှားခတည်ငြိမ်စေရန်၊ Mobile home stabiliztion နှင့် အိမ်ငှားခတက်ခြင်းကိုမပေးနိုင်သောကြောင့် အိမ်ငှားကိုအိမ်ပေါ်မှဖယ်ရှားခြင်းများမဖြစ်စေရန် Eviction defense program များဖြင့်ကာကွယ်ပေးနေကြောင်း၊ COVID ကာလတွင် လေ့လာတွေ့ရှိချက်များအရ အလုပ်အကိုင်အဆင်မပြေခြင်းကြောင့် အိမ်ငှားခ မပေးနိုင်သူဦးရေမှာပိုမိုများပြားလာခြင်းကို ဖြေရှင်းရန် ၂၀၂၀မတ်လမှစပြီး LA County က county eviction moratorium ကို စတင်ခဲ့ရာ ၂၀၂၀ခုနှစ်မတ်လ၄ရက်မှစပြီး ၂၀၂၁၊ ဇန်နဝါရီ၂၁ထိ အကျုံးဝင်မည်ဖြစ်ပြီး ဘုတ်အဖွဲ့များက ဒီအစီအစဉ်ကို သက်တမ်း တိုး၊ မတိုးဆက်ပြီးဆုံးဖြတ်မည်ကြောင်း၊ ထိုအစီအစဉ်အရ COVID 19 ကာလအတွင်း Mobile home များအပါအဝင် အိမ်ငှားခမပေးနိုင်မှုနှင့် အိမ်လခပေးသွင်းရန်နှောင့်နှေးမှု ကြောင့် နောက်ကျကြေးပေးသွင်းမှုများ၊ အိမ်လခပေးသွင်းမှုအခက်အခဲနှင့်ဆက်စပ်နေသောအခကြေးငွေများကို ဖြေရှင်းပေးသွားမည်ဖြစ်ပြီး ယင်းသို့ ဖြေရှင်းခြင်းအတွက် အကျုံးဝင်ရန်ကန့်သတ်ထားသောအချက်များရှိကြောင်း၊ ထိုအစီအစဉ်မှာ မိမိပေးသွင်းရမည့် အိမ်လခကို ပလပ်ပေးခြင်းမဟုတ်ဘဲ ပေးသွင်းရန်ပျက်ကွက်နေသည့်လများအတွက် အိမ်လခကို ကူညီဖြေရှင်းပေးခြင်းသာဖြစ်ကြောင်း၊ ချွင်းချက်များစွာရှိကြောင်း၊ မိမိ၏အိမ်လခကို မပေးသွင်းနိုင်ပါကအိမ်ရှင်ကို ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီး အိမ်လခပေးသွင်းရန်နောက်ဆုံးရက်မှ ၇ရက်အတွင်း ထိုအစီအစဉ်ကတာဝန်ရှိသူများက အိမ်ပိုင်ရှင်နှင့်တိုက်ရိုက်ဆက်သွယ်ဖြေရှင်းမည်ဖြစ်ကြောင်း၊ သို့သော်လည်း မိမိမှာပေးသွင်းနိုင်သည့်အခြေအနေရှိပါက မပျက်မကွက်အိမ်လခပေးသွင်း ကြဖို့လိုကြောင်း၊ နောက်ထပ်အစီအစဉ်ဖြစ်သော Stay House LA County အကြောင်းရှင်းပြရာ ဝင်ငွေနည်းသောမိသားစုများအတွက် မိမိတို့ငှားနေသောအိမ်ရှင်က အိမ်လခမပေးနိုင်ခြင်းကြောင့် အိမ်မှဖယ်ရှားခြင်းကိုကာကွယ်ရန်ဖြစ်ပြီး အပြည့်အဝကာကွယ်ပေးမည့်ဥပဒေရေးရာကိုယ်စားလှယ်၊ ရေတိုအိမ်ငှားခ အကူအညီပေးခြင်း၊ အရေးပေါ်ကာကွယ်ခြင်းများ၊ သင်၏အခွင့်အရေးများနှင့်ဆက်သွယ်ရမည့်အရင်းအမြစ်များကိုနားလည်သိရှိနိုင်ရန် အခမဲ့ Workshop ပြု များပါဝင်ပြီး အိမ်လခနှင့်ဆိုင်သောအခက်အခဲများအတွက်လိုအပ်သောသတင်းအချက်အလက်များသိရှိရန် (833)-223-7368 သို့ တနင်္လာမှသောကြာအတွင်း မနက်၈နာရီခွဲမှ ညနေ၅နာရီခွဲအတွင် ဆက်သွယ်မေးမြန်းနိုင်ပြီး www.rent.LAcounty.gov, www. LAcountyhelpcenter.org တွင်လည်း အသေးစိတ်ဖတ်နိုင်ကြောင်းပြောသွားခဲ့သည်။

Azusena Favela, Deputy Director, LA County Department of Consumer and Business Affairs က အိမ်ပိုင်ရှင်များအတွက် ကူညီခြင်းကိုဆွေးနွေးရာ မိသားစုတစ်စု နေထိုင်သောအိမ်ပိုင်ရှင်ဖြစ်စေ၊ Unit များပိုင်သော အိမ်ပိုင်ရှင်ဖြစ်စေ အိမ်အရစ်ကျဖိုးမပေးသွင်းနိုင်ခြင်းကြောင့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီအထိ Foreclosures များကို မပြုလုပ်သေးဘဲ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ အိမ်အရစ်ကျပေးငွေလစဉ်မပေးသွင်းနိုင်သောအိမ်ပိုင်ရှင်များအတွက် အစီအစဉ်တွင် သတ်မှတ်ထားသောအချက်များ နှင့်အကျုံးဝင်သူများသည် ယာယီအိမ်အရစ်ကျပေးငွေကိုလျှော့ပေးခြင်း၊ ၆လ (သို့မဟုတ်) ၆လမှ ၁၂လစာ ပေးသွင်းရမည့်အိမ်ဖိုးအရစ်ကျပေးငွေကို ဆိုင်းငံ့ထားပြီး အနာဂတ်တွင်ပြန်ပေးရမည်ဖြစ်ခြင်း၊ အိမ်အရစ်ကျပေးငွေမပေးနိုင်ခြင်း၏အကြောင်းရင်းမှာ COVID ကြောင့် အလုပ်ပြုတ်ခြင်း၊ အလုပ်ချိန် လျှော့ချခြင်းနှင့် COVID ကြောင့်ထိခိုက်နစ်နာမှုဖြစ်ရမည်ဖြစ်ပြီး လိုအပ်သောသတင်းအချက်အလက်များကို County Disaterer help center သို့ ဖုန်း (833)-238-4450 ကို ဆက်ပြီးမေးမြန်းနိုင်ကြောင်း ပြောကြားသွားသည်.

Maritza Gutierrez, Chief ,Mediation & Counseling Division, LA County Department of Consumer & Business Affairs က တရားရုံးတွင် ဖြေရှင်းရသော နှစ်ဦးနှစ်ဘက်ပြဿနာများအတွက် အခမဲ့ ကြားခံဆက်သွယ်ကူညီပေးခြင်းကိစ္စ ရပ်ကိုဆွေးနွေးရာ COVID ကာလအတွင်း ယင်းကြားခံဆက်သွယ်ကူညီပေးခြင်းကြောင့် အောင်အောင်မြင်မြင်ဖြေရှင်းပေးနိုင်သောရာခိုင်နှုံးမှာ ၇၉ရာနှုံးရှိကြောင်း၊ ကြားခံဆက်သွယ်ပေးရခြင်း၏ရည်ရွယ်ချက်မှာ ပြဿနာကိစ္စများဖြစ်ပေါ်လာပါက နှစ်ဦးနှစ်ဖက်မှာ မဆက်သွယ်ကြပဲ လျစ်လျှူရှုထားခြင်းများကြောင့် ကိစ္စရပ်များကိုမဖြေရှင်းနိုင်ဘဲရှိနေခြင်းကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း၊ အိမ်ရှင်အိမ်ငှား ပြဿနာပေါင်းစုံသာမကဘဲ အကြွေးဝယ်ကတ်အကြွေးမပေးနိုင်သူများနှင့်အကြွေးဝယ်ကတ်ကုမ္ပဏီများကြား ဖြစ်ပွားသောပြဿနာများတွင် နှစ်ဦးနှစ်ဘက်ရင်ဆိုင်စကားပြောဖြေရှင်းနိုင်ရန် ကြားခံဆက်သွယ်ပေးကူညီပေးကြောင်း၊ အိမ်ခြေယာမဲ့များအတွက် Shelter ရရှိရန်ကိစ္စများကိုလည်း ကူညီဆောင်ရွက်ပေးနေကြောင်းကို ပြောကြားခဲ့သည်။

Emilio Salas, Acting Executive Director, LA County Development Authority က COVID ကာလအတွင်း LA County က Emergency Programs for Renters အစီအစဉ်များ ကိုဆောင်ရွက်လျက်ရှိရာ အစီအစဉ်၄ခုရှိပြီး အကြီးဆုံးအစီအစဉ်မှာ စက်တင်ဘာနှင့်အောက်တိုဘာလက အစီအစဉ်များအတွက် 110 မီလျံဒေါ်လာကိုသုံးခဲ့ကြောင်း၊ Emergency Rental Relief အစီအစဉ်ကို ၂ပတ်ကြာဖွင့်လှစ်ခဲ့ရာ အိမ်ငှားပေါင်းမြောက်များစွာလျှောက်ထားပြီး LA City ကလည်း အလားတူအစီအစဉ်ရှိပြီး လျှောက်ထားသူများ အဆမတန်များပြားခဲ့ကြောင်း၊ မိမိတို့၏အစီအစဉ်မျာအခြားအစီအစဉ်များကဲ့သို့ အိမ်ထောင်စုတစ်စုလျှင် ဒေါ်လာ၃၀၀တက်မပိုဘဲသုံးလစာ အိမ်လခကို ထောက်ပံ့ခြင်းမျိုးမဟုတ်ဘဲ COVID ၏ဆိုးကျိုးသက်ရောက်မှုကြောင့် အဆိုးဝါးဆုံးအခက်အခဲကြုံနေရသူများကို အဓိကထားပြီးကူညီလျက်ရှိရာ ရန်ပုံငွေ၏ ၅၀ရာနှုံးကို ဥပမာအားဖြင့် Bell Gardens, South LA ကဲ့သို့ သောနေရာများမှ လျှောက်ထားသူများအတွက် အိမ်ငှားခကို ၃လထက်မက ကူညီမည်ဖြစ်ပြီး ကျန်သည့် ၅၀ရာနှုံးကို အခြားသောနေရာများမှာကူညီကြောင်း၊ အိမ်ငှားကမပေးချေ နိုင်သောအိမ်လခများကို အိမ်ပိုင်ရှင်ထံ တိုက်ရိုက်ပေးဖြေရှင်းပေးမည်ဖြစ်ပြီး ထိုငွေပမာဏကို ပြန်ဆပ်ရန်မလိုကြောင်း၊ အိမ်ခြေယာမဲ့ပြဿနာကိုကူညီရန် County သည် ပြည်နယ်နှင့်မိတ်ဖက်ပြုပြီး ဟိုတယ်နှင့်မိုတယ်၁၀ခုကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ Section 8 ဖြင့်အိမ်ငှားနေသူများအား အိမ်ပိုင်ရှင်မှလက်မခံဘဲ အိမ်ခြေယာမဲ့ဖြစ်မှာကို စိုးရိမ်နေသူ Section 8 အိမ်ငှားသူများက မိမိတို့၏အခွင့်အရေးများကိုသိရှိရန်နှင့် ကောလိပ်ကျောင်းသားများ အတွက် အိမ်ခြေယာမဲ့ပြဿနာဖြစ်ခြင်းသည် အကြီးမားဆုံးစိုးရိမ်စရာဖြစ်ရာ County နှင့် သက်ဆိုင်ရာနေရာဒေသများရှိ Community colleges မှတာဝန် ရှိသူများပူးပေါင်းပြီး ကျောင်းများအနီးဝန်းကျင်တွင် Affordable Housing အစီအစဉ်များကိုစီစဉ်နေကြောင်းပြောကြားခဲ့သည်။

ထို့နောက် EMS ၏ Executive director ဖြစ်သော Sandy Close ၏ မေးခွန်း ” လွှတ်တော်မှ ကိုဗစ်ကြောင့်ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ကူညီရန် ဘတ်ဂျက်ထပ်မချပေးပါက ဘာဖြစ်မလဲ” ကို Emilio Salas, Acting Executive Director, LA County Development Authority က “Los Angeles ခရိုင်တွင်နေထိုင်ကြသော အိမ်ငှားများအနက် အနည်းဆုံး အိမ်ထောင်စုငါးသိန်းသည် အလယ်အလယ်ဝင်ငွေ၏၅၀ရာနှုံးနည်းပါးသူများ ုဖြစ်ကြရာ အိမ်ငှားအထောက်အပံ့အကူအညီမရပါက အိမ်ရှင်ကဖယ်ရှားခြင်းခံရမည်ဖြစ်သဖြင့် အိမ်ခြေယာမဲ့များပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လွှတ်တော်မှ ရှေ့ဆက်ပြီး မပံ့ပိုးပါက အိမ်ခြေယာမဲ့ပြဿနာကို ဆိုးရွားစွာရင်ဆိုင်ရမည်ဖြစ်ကြောင်း” ဖြေကြားသွားခဲ့သည်။