၂၀၂၀ ကိုပြန်လည်သုံးသပ်ခြင်း (သို့) စိတ်ခွန်အားပြန်မွေးခြင်း

Mon LayDecember 26, 20202min31820

မွန်လေးရေ,

Congratulationsပါ…မင်းလုပ်ငန်းရှင်ကြီးဖြစ်နေပြီ…မင်းသိရဲ့လား……မင်းစိတ်အရမ်းညစ်ခဲ့ရတဲ့ ၀◌န်ထမ်းဘ၀ကနေ လွတ်မြောက်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုမင်းလုပ်ကိုင်နိုင်နေပြီ။  အပျော်ကြီးပျော်ပလိုက်စမ်းပါ….

ထပ်ပြီး Congrats လုပ်ချင်တယ်…မင်းစိတ်ပင်ပန်းမှုဒဏ်ကိုရဲရဲကြီးခံနိုင်ရည်ရှိသွားပြီ…ကိုယ်ပိုင် လုပ်ငန်းနဲ့ ၀◌န်ထမ်းက အဲ့ဒါကွာတယ်လေနော်…၀◌န်ထမ်းဆို အချိန်တန်လကုန်ရင် မင်းလစာရမှာ..တိကျတဲ့ ၊ သိရတဲ့လစာရမှာ…အခုကကိုယ်ပိုင်လုပ်ငန်းလုပ်တော့ မင်းရဲ့၀◌င်ငွေက လကုန်မှပဲသိရမယ်…ဘယ်လောက်ရမလဲဆိုတာမင်းမသိနို်င်တော့..မင်းကြိုးစားဖို့လိုအပ်တယ်။ နေ့တိုင်းကြိုးစားရမယ်။

မင်းရဲ့အခုလုပ်ငန်းလေးကို ၂၀၁၄ မှာ အကောင်အထည်စဖော်ခဲ့ပြီး..တစ်လကို သောင်းဂဏန်းမြတ်တာကနေ အခု လက်ကားပေးနိုင်တဲ့အဆင့်အထိမင်းရင်းနိုင်လာခဲ့ပြီ။ မင်းအရမ်းပင်ပန်းခဲ့ရတာကိုး…deli ကို သူများအပ်လည်းရရဲ့နဲ့ လမ်းကြုံရင်ကိုယ်တိုင်သွားပို့တာတို့၊ အပို၀◌င်ငွေရအောင် လိုင်းကားတိုးစီးတာတို့ မင်းအရမ်း ပင်ပန်းခဲ့ရတော့….အခုအဲ့ပင်ပန်းမှုရဲ့အသီးအပွင့်ကိုမင်းခံစားနေရပြီ။ ဆက်ကြိုးစားပါ။ ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ဖြစ်အောင်သွားပါ။ 

မင်းပတ်၀◌န်းကျင်ကလူတွေထဲမှာ မင်းကိုချစ်လို့ အားပေးဖို့စောင့်ကြည့်နေတာမျိုးရှိသလို…မုန်းလို့ လှောင်ဖို့စောင့်ကြည့်နေတာမျိုးလည်းရှိနေမှာပဲ။ အဲ့တော့ စိတ်ဓါတ်တွေပြိုလဲမသွားပါနဲ။ ယိုင်လဲသွားခဲ့ရင်တောင် အဲ့လိုလူတွေရှိလို့ မင်းပြန်ထပါ။ ထပ်ကြိုးစားပါ။ မင်းအနောက်မှာ မင်းအားကိုးလို့ရမယ့် သူမရှိသေးဘူး။ မင်းကိုယ်မင်းပြန်ထမှရမယ်။ 

မင်းကသိပ်ကိုရည်မှန်းချက်ကြီးတော့ ..တခါတလေ..ကျန်းမာရေးလည်းဂရုစိုက်ဦး။ ကြိုးစားတာကောင်းပါတယ်..မကောင်းဘူး..မပြောဘူး..ဒါပေမဲ့ ကျန်းမာရေးကအရေးပါတော့..ကျန်းမာရေးကောင်းမှ မင်းရည်မှန်းချက်တွေပြည့်အောင်လုပ်နိုင်မှာမို့…စောစောအိပ်စေချင်တယ်။ အားဆေးပုံမှန်မသောက်ဘူးနော်…အမြဲသောက်ပါ။ 

ပြီးတော့ တစ်ပတ်မှာ ၁ရက် အားလပ်ရက်လေးထားပါ။..အားလပ်ရက်မထားနို်င်ရင်တောင်မှ အားလပ်ချိန်လေးတော့ တစ်နေ့မှာ ဘယ်နှစ်နာရီဆိုတာသတ်မှတ်ပြီးထားစေချင်တယ်။ မင်းဘ၀က rich kid မဟုတ်တော့ သူများတွေလိုနီးပါး ဖြစ်ချင်လို့ ကြိုးစားတာသိပေမဲ့..ရေရည်မှာ ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ။

မင်းကစိတ်ကြီးတယ်။ စိတ်မြန်တယ်။ လျှော့ပါ။ ဒါမကောင်းတာပဲ။ အမှားလုပ်မိတတ်တယ်။ ဂရုစို်က်စေချင်တယ်။

မင်းဖြစ်ချင်တာတွေဖြစ်သွားခဲ့တဲ့နေ့ကျရင်လည်း မာနမထောင်လွှားပါနဲ့။ အရင်လို ပုံမှန်လေးနေပါ။ ဘုရားတရားလုပ်၊ တရားများများထိုင်စေချင်တယ်..နောင်ဘ၀ကူးကောင်းအောင်ပေါ့။ ကျေးဇူးရှင်တွေကိုလည်းသိတတ်ပါ။ 

မင်းကိုချစ်တဲ့သူ..မင်းကချစ်တဲ့သူတွေနဲ့ အချိန်ပေးပါ။ သူတို့နဲ့ အပြင်မှာမုန့်ထွက်စားတာတို့…စကားပြောတာတို့လုပ်ပေးပါ။

မင်းအရမ်း၀◌ါသနာပါတဲ့ Travel Blogger ကြီးဖြစ်ချင်တယ်ဆို… Europe ထိရောက်အောင်သွားပါ။ အရှေ့တိုင်းရော..အနောက်တိုင်းရော…ပြဲပြဲစင်အောင်သွားဖို့…ငွေစုပါ။ လိုအပ်တဲ့နေရာမှာငွေသုံးပါ။ 

အခုနောက်ပိုင်းမင်းငွေကို အရင်လိုသိပ်မဖြုန်းတာတွေ့လို့၀◌မ်းသာပါတယ်။ ငွေတန်ဖိုးနားလည်လာပြီ။ ပြီးတော့ ၀◌ယ်ချင်တဲ့ ပစ္စည်းတစ်ခုကို ဘယ်တော့မှ အရစ်ကျအတိုးနဲ့မ၀◌ယ်လေနဲ့။ အခန့်မသင့်ရင် ဒါမျိုးက နာမည်ပျက်ကိန်းဖြစ်တတ်လို့ပါ။ ဒါကိုမင်းနားလည်ပါတယ်။ 

၂၀၂၁ မှာလည်း အခုလိုစိတ်ဓါတ်တွေကြံ့ကြံ့ခိုင်နိုင်ပြီး လုပ်ငန်းရှင်ဘ၀ကိုပဲကြိုးစားလျှောက်လှမမ်းပါ။ အောင်မြင်မှုနဲ့နီးလာလေလေ..မင်းခက်ခဲကြမ်းတမ်းနေရင်တောင်…ဆက်ကြိုးစားပါ။ အစွမ်းကုန်ကြိုးစားပါ။