အားတက်စေမယ့် စာစုများ ၃၆

Mon LayDecember 30, 20201min37950

လူတိုင်းမှာကောင်းကွက် နှင့် ဆိုးကွက်တွေ ကိုယ်စီရှိကြပါတယ်…. ပုထုစဉ် ဖြစ်နေသရွေ့ မလွတ်ကင်းနိုင်ပါဘူး ‼️အများစုက အောင်မြင်ကျော်ကြားလာတဲ့ လူတစ်ဦးကို ပိုပြီး ဆိုးကွက်တွေရှာတတ်ကြပါတယ်…. “လူတစ်ဦးက တစ်ဦးကိုချီးမွမ်းနေရင် မင်္ဂလာပါ… အဲဒီမင်္ဂလာကို ပျက်အောင် ဆိုးကွက်တွေကို ရှာကြံပြောတတ်ကြပါတယ်….”ဒီနေရာမှာ ကျွန်မ ခံယူချက်တစ်ချို့ပြောပြချင်ပါတယ် …အောင်မြင်ကျော်ကြားသူများကို ပြည်တွင်းမှာရော နိုင်ငံခြားမှာရော တွေ့ဖူးပါတယ် နေရာစုံမှာ… လူတစ်ဦးရဲ့ အကြောင်းကိုသေသေချာချာ ခရေစေ့တွင်းကျ ကျွန်မတို့ မသိနိုင်ပါဘူး…. ဘဝမှာ နေရာတိုင်းမှာ သင်ဆရာ မြင်ဆရာ ကြားဆရာတွေရှိပါတယ် ကိုယ်နေ့စဉ်မြင်တွေ့ကြားတွေ့သင်ယူနေတဲ့ အရာတွေထဲက ကောင်းတာတွေကိုပဲ ဦးနှောက်က မှတ်ယူရမှာဖြစ်ပါတယ်…ကိုယ့်ရဲ့ဦးနှောက်ထဲကို အရေးမကြီးတာတွေ နေ့တိုင်းထည့်နေမယ်ဆို ဘဝတက်လမ်းနဲ့ပိုဝေးပါတယ်…ဘဝမှာ စကားဝိုင်းမျိုးစုံနားထောင်ဖူးပါတယ်….👥 ကိုယ်ရဲ့ဘဝကို စိတ်တိုင်းမကျသူတွေ ကိုယ်ဖြစ်တဲ့ဘဝကို မရသူတွေ ကိုယ့်ရဲ့ဘဝကို မကျေပ်သူတွေမှာ “ဂုဏ်ယူပြီးပြောစရာ စကားမရှိသလို… ဘာကိုဦးတည်ပြောရမယ် ဘာကိုမျှဝေရမယ်ဆိုတာ မရှိတော့ သူများအကြောင်းတွေပြောရင်း အချိန်ကုန်ရတယ်” ‼️အောင်မြင်နေသူတွေ တကယ်ကို ကြွယ်ဝတဲ့သူတွေရဲ့ စကားဝိုင်းမှာတော့ “မိမိဘဝမှာ ဘယ်လိုတွေ ကြိုးစားခဲ့ရတယ်… ဘယ်တုန်းက ဘယ်လိုတွေ ခက်ခဲခဲ့တာ… ကိုယ်ယုံကြည်ရာကို ဘယ်လိုပုံဖော်ခဲ့ရတာ “ နဲ့ ဘဝအတွေ့အကြုံတွေကို ပြောရတာ အချိန်ကိုမလောက်ပါဘူး ‼️ တန်ဖိုးရှိတဲ့ စကားဝိုင်းမှာ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေနဲ့ အကြံတွေထုတ်ကျ အမြင်တွေဆွေးနွေးကြနဲ့ ခွန်အားရသလို ဘဝအတွေ့အကြုံတွေလည်းရကြတယ် 💎တခြားတစ်ဦးကို ချီးမွမ်းသံ ကြားရတဲ့အခါမှာ တစ်ချို့သူတွေက မခံနိုင်ကြဘူး… ဘာကိုမခံနိုင်တာလဲဆို “မိမိရဲ့အတွင်းစိတ်မှာဖြစ်ပေါ်လာတဲ့ သိမ်ငယ်မှု ဝမ်းနည်းမှု သူကကိုယ့်ထက်သာတယ်” ဆိုတဲ့ အတွေး… အဲဒီအခါမှာ နှုတ်ဖျားက အလိုလို မိမိစိတ်ကိုဖြေဆယ်ဖို့ သူများမကောင်းချက်ကိုရှာကြံပြောဆိုလာကြတယ် 🗣ဒါကြောင့်မို့ အောင်မြင်ချင်ရင် ပတ်ဝန်းကျင်ကောင်းရွေးချယ်ပါလို့ဆိုကြတယ်… မိမိရဲ့ဘေးမှာ အဲလိုလူတွေရှိနေရင် ရှောင်ဖယ်ရပါမယ်လူတိုင်းမှာဆိုးကွက်ဆိုတာရှိကြစမြဲမို့ ဆိုးကွက်ကိုအတုမခိုးပါနဲ့ ဆိုးကွက်ကိုကြည့်တာ မိမိအတွက် အကျိုးမရှိပါဘူး‼️“အောင်မြင်သူတိုင်းရဲ့ ကောင်းကွက်ကို အတုယူပါ အဲဒီကောင်းကွက်က မိမိဘဝမှာ အကျိုးရှိစေပါတယ်”🎉