Meeting LA’s Healthcare Needs in the Pandemic

kaiJanuary 6, 20212min1740

LA County နှင့် Ethnic Media Services မှ ပူးပေါင်းကျင်းပသည့် Meeting LA’s Healthcare Needs in the Pandemic အစီအစဉ်၏ ဆဌမခေါင်းစဉ်
” Urgent Problems in Pandemic ” ရုပ်မြင်သံကြားတိုက်ရိုက်ဆွေးနွေးပွဲကို ၂၀၂၀၊ ဒီဇင်ဘာ၁၇ရက်၊ မွန်းလွဲ၁နာရီမှ ၂နာရီထိ Zoom တွင်ကျင်းပခဲ့ရာ
Anna Gorman, Director of Community Partnerships & Programs at LA County’s Department of Health Services; Miriam Brown, the Deputy Director of the Emergency Outreach and
Triage Division at LA County’s Department of Mental Health; Sherri Cheatham, the Chief of the Medi-Cal & In-Home Supportive
Services Program Division at LA County’s Department of Mental Health တို့ကပါဝင်ဆွေးနွေးခဲ့ပြီး ကြားခံဆွေးနွေးသူအဖြစ် Ethnic Media Services
၏ Social director Pilar Marrero က ဆောင်ရွက်ခဲ့ပါသည်။

ပထမဆုံး Anna Gorman က စတင်ဆွေးနွေးရာ COVID ရောဂါကူးစက်သူအရည်အတွက်မှာ LA County တွင် အလွန်များပြားနေပြီး ICU ရှိ လူနာကုတင်များ
့ပြည့်နေပြီး ကိုင်တွယ်နိုင်ရန်ခက်ခဲသည့်အခြေအနေတွင်ရှိနေကြောင်း၊ အရေးပေါ်ဌာနများတွင် လူများစွာတန်းစီစောင့်ဆိုင်းရပြီး အရေးပေါ်ကားများမှာလည်း
တန်းစီစောင့်ဆိုင်းနေရကြောင်း၊ အရေးပေါ်ဌာနသည် အရေးပေါ်အခြေအနေအတွက်သာဖြစ်ကြောင်း၊ အရေးပေါ်ကိစ္စရပ်များဖြစ်မှသာ အရေးပေါ်
ဌာနများသို့သွားကြရန်တိုက်တွန်းလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးများကို ကောင်တီ၏လူ၆ထောင်ခန့်ကို ခရစ်စမတ်ကာလတွင်ထိုးပေးမည်ဖြစ်ပြီး ၂၀၂၀နှစ်ကုန်
တွင် လူတစ်သောင်းကိုထိုးပေးမည်ဖြစ်ကြောင်း၊ ယခုကာလသည် ကိုဗစ်ရောဂါဖြစ်ပွားမှုဆိုးရွားနေသည့်အတွက် နှစ်သစ်ကူးချိန်တွင်၊ ရုံးပိတ်ရက်များတွင် အိမ်မှာသာနေကြရန်တိုက်တွန်းလိုကြောင်းများ
ပြောကြားခဲ့ပြီး Community Platform ဖြစ်သော www.onedegree.org, ကျန်းမာရေးကိစ္စနှင့်ပတ်သက်ပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုပေးသည့်
My Health LA နှင့် အိမ်၊ အိမ်ခန်းပြဿနာ၊ အိမ်ငှားဖယ်ရှားခံရခြင်း၊အိမ်တွင်းများနှင့် အကျိုးခံစားခွင့်ပြဿနာများကို ဥပဒေကြောင်းအရဖြေရှင်းပေးသည့် ၊ ဆေးခန်းဆေးရုံများနှင့်ချိတ်ဆက်ဆောင်ရွက်နေသော
Medical Legal Paternership ကို မိတ်ဆက်ပေးခဲ့သည်။ My Health LA သည် ကျန်းမာရေးအာမခံမရှိသော၊ မလျှောက်ထားနိုင်သော၊ ဝင်ငွေနည်းသည့်
LA County တွင် အခြေချနေထိုင်သူများအတွက် LA County Board of Supervisors and DHS က ရန်ပုံငွေပံ့ပိုးထားသော Primary Care Program ကျန်းမာရေးအစီအစဉ်
ဖြစ်ပြီး ကျန်းမာရေးအာမခံမဟုတ်ကြောင်း၊ လျှောက်ထားသူ၏ လူဝင်မှုကြီးကြပ်ရေးအခြေအနေကို မမေးကြောင်း၊ အကျုံးဝင်သူများမှာ ကျန်းမာရေးအာမခံနှင့်
Public Health Insurance လျှောက်ရန်အကျူံးမဝင်သူများ၊ LA County တွင်နေထိုင်ပြီး အသက်၂၆နှစ်နှင့်အထက်ရှိသူများနှင့် ဝင်ငွေသည် Federal
Poverty Level ၏ ၁၃၈% ထက်လျော့နည်းသူများဖြစ်ကြောင်း၊ LA County တွင် ဆေးခန်းပေါင်းနေရာ၂၀၀ခုမှာရှိကြောင်း၊ My Health LA တွင်
လက်ခံရပါက မိမိ၏ Medical Home ကို နေရာအလိုက်ရွေးချယ်နိုင်ပြီး ၁၂လတာအထိ ယင်းနေရာတွင်ပြသရမည်ဖြစ်ပြီး ၁၂လကျော်ပါက မိမိက
အခြားနေရာရှိ Medical Home ကိုပြောင်းလိုလျှင် ပြောင်းနိုင်ကြောင်း၊ MY Health LA ကတ်ပြားကိုထုတ်ပေးမည်ဖြစ်ပြီး ဆေးခန်းလာပါက မိမိနှင့်
အတူယူလာရန်လိုကြောင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံဓာတ်ခွဲခန်း၊ လိုအပ်သောဆေးဝါးများ၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ DHS
ကဝန်ဆောင်မှုပေးသော Speciality နှင့် အရေးပေါ်ကုသမှုဆိုင်ရာများ၊ စိတ်ကျန်းမာရေးကာကွယ်မှုနှင့်ကုသမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်သောကျန်းမာရေးပြဿနာများ
ကိုဝန်ဆောင်မှုပေးကြောင်း၊www.dhs.lacounty.gov/mhla တွင် အသေးစိတ်အချက်အလက်များကိုဖတ်ရှုနိုင်ကြောင်း၊ နေရပ် 844-744-6452 သို့
ဖုန်းဆက်ပြီး မိမိအိမ်ဝန်းကျင်နှင့်အနီးရှိ ဆေးခန်းများကို ရှာဖွေနိုင်ကြောင်း၊ အထူးသဖြင့် ကိုဗစ်ကာလ မိသားစုဆုံးရှုံးမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ စိတ်သောက
ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော စိတ်ကျန်းမာရေးဆိုင်ရာရောဂါများကို ကာကွယ်၊ ကုသသူများအတွက် My Health LA သည် အဆင်သင့်ရှိနေကြာင်း
တို့ကို ပြောကြားခဲ့သည်။

Miriam Brown က ကိုဗစ်ကာလအတွင်း လူမျိုးစုမျိုးစုံရင်ဆိုင်နေရသော စိတ်ကျန်းမာရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုရယူရန်အခက်အခဲများကို ဖြေရှင်းရန် ဆွေးနွေးရ
ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကာလတွင်ကျန်းမာရေးနှင့်ဆိုင်သောဝန်ဆောင်မှုများကို လူဦးရေအကန့်အသတ်ဖြင့် ဆရာဝန်နှင့်လူနာလူချင်းတွေ့ပြီး
ပြသကုသနိုင်ရန် ဆောင်ရွက်ထားပြီး ကျန်းမာရေးဝန်ထမ်းများရော လူနာများပါ ကိုဗစ်ကူးစက်မှုလျော့ချနိုင်ရန် တယ်လီဖုန်းဖြင့် ဆေးကုသခြင်းများကို
လည်းစီစဉ်ထားပြီး ဖုန်း 1-800-854-7771 သို့ တပတ်လျှင်၇ရက်၊ တစ်နေ့လျှင်၂၄နာရီ အချိန်မရွေးဆက်ပြီးဆွေးနွေးနိုင်ကြောင်းပြောကြားပြီး စိတ်ကျန်းမာရေး
အကြောင်းကိုအဓိကထားဆွေးနွေးရာ လူတိုင်းတွင် စိတ်ကျန်းမာရေးပြဿနာများကြုံတွေ့နိုင်ပြီး ခန္ဓာကိုယ်ကျန်းမာရေးကိုသာလူများက အဓိကသတိပြု
မိကြပြီး စိတ်ကျန်းမာရေးကို သတိမထားမိကြကြောင်း၊ စိတ်ကျန်းမာရေးပြဿနာများမှာ စိတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊
အာရုံစူးစိုက်မှုမဲ့ခြင်းစသော အခြေအနေများမှ ဆက်လက်အသက်ရှင်လိုစိတ်မရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းပြဿနာများထိ ကြီးမား
ကြောင်း၊ အလုပ်ကိုအိမ်မှလုပ်နေရခြင်း၊ တချိန်ထဲမှာ ကလေးများသည်လည်း ကျောင်းသို့လူကိုယ်တိုင်မသွားရဘဲ အိမ်မှာ တပတ်လုံး၊ တနေ့လုံးရှိနေကြပြီး
ကလေးအချင်းချင်း လူကိုယ်တိုင်ထိတွေ့ဆက်ဆံမှုမရှိရခြင်း၊ မိဘများမှာအိမ်မှအလုပ်လုပ်နေရရင်းကလေးများစာသင်ယူရာမှာ ဝိုင်းကူရခြင်း စသောအချက်များ
သည် ကိုဗစ်ကာလအတွင်း စိတ်ဖိဆီးမှုများဖြစ်ပေါ်လာရကြောင်း၊ ယခုကာလအတွင်း မူးယစ်ဆေးသုံးစွဲမှုများလည်းများလာကြောင်း၊ စိတ်ကျန်းမာရေး
ချို့တဲ့ခြင်းလက္ခဏာများမှာ အလုပ်ကိုစူးစူးစိုက်စိုက်လုပ်မရခြင်း၊ အချိန်ကာလတောက်လျှောက်စိတ်ဓာတ်ကျခြင်း၊ ကောင်းကောင်းအိပ်မရခြင်း သို့မဟုတ်
အအိပ်များခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် ပိုပြီးစားမိခြင်း၊ မဖြစ်ဖူးသောကြောက်ရွံ့ထိတ်လန့်ခြင်းများဖြစ်ပေါ်ခြင်း၊ အရက်သောက်ခြင်း
စသည်တို့ဖြစ်ကြောင်း၊ မိမိမှာစိတ်ကျန်းမာရေးပြဿနာများရှိပါက ပြင်ပလူနာဌာနတွင် လူကိုယ်တိုင်လာရောက်ဆွေးနွေးနိုင်ပြီး၊ လူကိုယ်တိုင်မလာနိုင်ပါက
1800-854-7771 ကိုဖုန်းဆက်ပြီး အခမဲ့ ကုသမှုခံယူနိုင်ကြောင်း၊ စိတ်ကျန်းမာရေးကိစ္စအတွက် လူကြီး၊ ကလေး အားလုံး ကုသနိုင်ကြောင်းများကို ဆွေးနွေး
ခဲ့သည်။ ဆက်သွယ်၊ လာပြသော လူနာကို ကျန်းမာရေးအာမခံနှင့် နေထိုင်လျက်ရှိသေူလူဝင်မှုကြီးကြပ်ရေးအခြေအနေကို မေးမည်မဟုတ်ကြောင်း
လည်း ထပ်မံပြောကြားခဲ့သည်။

Sherri Cheatham က ကျန်းမာရေးအာမခံ၊ စားစရာများထောက်ပံ့ခြင်းနှင့် ငွေကြေးအကူအညီအစီအစဉ်များကိုတင်ပြခဲ့ရာ LA County သည် ၁.၁သန်း
ကလေးများအပါအဝင် ၃.၇ မီလျံအရေအတွက် ပြည်သူများကို ဝန်ဆောင်မှုပေးနေကြောင်း၊ ကျန်းမာရေးအတွက် ဖယ်ဒရယ် Medi aid ဖြစ်သော
Medi- Cal ကို ဝင်ငွေအကန့်အသတ်ရှိသူများအတွက် အခမဲ့(သို့မဟုတ်)တန်ဖိုးနည်းကျသင့်ငွေဖြင့် ဝန်ဆောင်မှုပေးထားကြောင်း၊ ပြင်ပလူနာဌာန၊
အရေးပေါ်ပြသမှု၊ ဆေးရုံတက်ကုသမှု၊ ကိုယ်ဝန်ဆောင်မီးဖွားမှုနှင့်မွေးကင်းစကလေးကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ မူးယစ်ဆေးစွဲခြင်းကိုကုသမှု၊ နာတာ
ရှည်ရောဂါကုသမှု၊ ကာကွယ်ရေးနှင့် ကျန်းမာအောင်နေထိုင်နည်း၊ ကုသရန်ဆေးဝါး စသဖြင့် ဝန်ဆောင်မှုများပေးကြောင်း၊ တရားဝင်နေထိုင်ခွင့်ရရှိ
သူများအတွက် Medi-Cal ကို အပြည့်အဝပေးကြောင်း၊ တရားမဝင်နေထိုင်သူများအတွက် အကန့်အသတ် ဝန်ဆောင်မှုများရရှိကြောင်း၊ သို့သော်လတ်တလော
ကာလတွင် အပြောင်းအလဲအနေဖြင့် နေထိုင်ခွင့်ကိစ္စမပါဘဲ အသက်၁၃နှစ်အောက်ကလေးများနှင့်၊ အသက် ၁၉နှစ်မှ၂၅နှစ်ထိ လူငယ်များသည်
အပြည့်အ၀ Medi-Cal ကို ရရှိသည်ဖြစ်ကြောင်း၊ COVID ကာလတွင် အလုပ်ပြုတ်ခြင်း၊ ဝင်ငွေနည်းခြင်းကြောင့်ကျန်းမာရေးအာမခံ ရပ်တန့်သွား
သူများရှိကြောင်း၊ Medi-Cal ၏ ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်၍သော်လည်းကောင်း၊ အခြားအစီအစဉ်အပြောင်းအလဲများကိုသော်လည်းကောငး
သတင်းသစ်များကို လူမှုကွန်ယက်များတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ယခုအခါ Medi-Cal နှင့် အစားအစာအကူအညီများနှင့် ငွေကြေးထောက်ပံ့မှု
ကိစ္စများဆောင်ရွက်ရန်ရုံးများပိတ်ထားသော်လည်း ဖုန်းဖြင့် ဆောင်ရွက်ပေးနေရာ တနင်္လာမှသောကြာထိ မနက်၇နာရီခွဲမှ ည၇နာရီခွဲ၊ စနေ မနက်၈နာရီမှညနေ၄နာရီခွဲထိ လျှောက်ထားနိုင်ကြောင်း၊
စာရွက်စာတမ်းများကို စာတိုက်မှပို့ရမည်ဖြစ်ကြောင်း၊ ဘာသာစကား၁၀မျိုးဖြင့်ဝန်ဆောင်မှုပေးကြောင်း၊ https://dpss.lacounty.gov
တွင် အသေးစိတ်လေ့လာနိုင်ကြောင်း ဆွေးနွေးသွားခဲ့သည်။