ကိုယ့်ကိုယ်ကိုမေးဖူးလား
Online လုပ်ခဲ့တာ Online ကသင့်ကို ဘာတွေပေးလဲ??
ပိုက်ဆံ ကလွဲရင် သင့်ကိုဘာတွေပေးလဲ
မွန်လေးတို့လာဆေးနွေးကြမယ်နော်
📌အတွေးဘောင်ကျယ်စေတယ်
ပထမခြေလှမ်းမှာတင်
အရင်ဘဝပုံစံကနေ ထွက်ခဲ့နိုင်ပါပြီ
မလုပ်ဖူးတဲ့အသစ်သစ်တွေလုပ်ရတယ်
မဆက်သွယ်ဖူးတဲ့သူတွေနဲ့ ဆက်သွယ်စကားပြောရတယ်
ခြေလှမ်းသစ်က သေးငယ်တယ်ထင်ရပေးမယ့်
အဲ့ဒီခြေလှမ်းတွေက သင့်အတွက်
အင်အားကြီးတဲ့ ကျည်ဆန်တစ်ခုဖြစ်လာမယ်ဆိုတာ
သင်မသိနိုင်ပါဘူး
အရင်ကတည်းက အခုထိ Confort Zone ထဲကထွက်ပြီး
ကိုယ့်ရဲ့လက်တွေ့လုပ်ခဲ့တဲ့လုပ်ရပ်တွေက
ကိုယ့်ရဲ့ကမ္ဘာကိုပိုပြီးကျယ်လာစေသလားဆိုတာ
ပြန်စမ်းစစ်ကြည့်ပါ
ကိုယ့်ရဲ့အမြင်တွေက အရင်ကြည့်ဖူးမြင်ဖူးတာထက်
ပိုပြီးကျယ်လာသလား
ဒီပြောင်းလဲမှုတွေက ခနတာအတွက်မဟုတ်ပါဘူးနော်
သင့်ဘဝကို တစ်ဖြေးဖြေးချင်းစီတိုးတက်ပြောင်းလဲသွားစေမယ့်
ခြေလှမ်းအစပဲဖြစ်ပါတယ်
📌ခေတ်နဲ့အညီပြောင်းလဲတတ်လာတယ်
Online လောကက ပြောင်းလဲမှုအရမ်းမြန်ပါတယ်
သင့်ကိုနေရာကနေရွှေ့ရွှေ့အောင်
ဖိအားပေးနေသလိုလည်းဖြစ်တာပေါ့နော်
Facebook ကသူ့စည်းကမ်းတွေပြောင်းပြန်ပြီ
မြင်နိုင်စွမ်းတွေလျှော့လိုက်ပြန်ပြီ
ဟိုBrand အသစ် ဒီ Brand အသစ်တွေထွက်လာပြန်ပြီ
အဲ့ဒါကြောင့် Online ကသင့်ကို
Auto Active ဖြစ်အောင်လုပ်ပေးပါတယ်နော်
ဒါကသင့်ကို ခေတ်နဲ့အညီပြောင်းလဲစေရုံတင်မဟုတ်ဘူးနော်
အသစ်အသစ်တွေအမြဲသင်ယူလေ့လာတတ်အောင်လည်း
လေ့ကျင့်ပေးပါတယ်
📌ပန်းတိုင်ချတတ်လာတယ်
စီးပွားရေးအတွက်ရင်းတော့မယ်ဆိုရင်
အသိပညာအတွက်လည်းရင်းရပါမယ်
ရောင်းအားလှလှလေးရဖို့အတွက်
Marketing တွေအတွက်လက်တွေ့လုပ်ရတယ်
အဲ့ဒါတွေက သင့်ကို လက်တွေ့ကျကျ
ပန်းတိုင်ချမှတ်တတ်အောင်သင်ပေးပါတယ်
အောင်မြင်မှုကိုရယူနိုင်ဖို့အတွက်
ဖြစ်နိုင်တဲ့လမ်းကို အစီအစဉ်ဆွဲတတ်လာတယ်
တစ်ခြားသူတွေ ဘဝကိုဖြစ်သလို ဖြတ်သန်းနေချိန်မှာ
သင်က ဖြစ်နိုင်မယ့်နည်းလမ်းတွေကို
ရှာဖွေနေတတ်သူဖြစ်လာစေပါတယ်

About Mon Lay

Mon Lay has written 468 post in this Website..