Vaccines and the Community-Flexing Your Defense Against COVID-19

kaiApril 1, 20213min2990

3/15/21 Briefing – A Bi-Weekly Briefing for Ethnic & Community Media

Los Angeles County နှင့် Ethnic Media Services တို့ ပူးပေါင်းစီစဉ်သည့် “ Vaccines and the Community – Flexing Your Defense Against
COVID-19 “ ဆွေးနွေးပွဲကို ၂၀၂၁ခုနှစ်၊ မတ်လ၁၅ရက်၊ နေ့လယ်၁၂နာရီက ကျင်းပခဲ့သည်။ ဦးဆောင်ဆွေးနွေးသူများမှာ Supervisor Holly Mitchell, Los Angeles County’s Second District ; Dr. Muntu Davis, MD, MPH, Health Officer, LA County Dept of Public Health; Dr. Sarah Lopez, DHS Patient Safety Officer, Harbor UCLA Medical Center နှင့် Jim Mangia, President and CEO of St. John’s Well Child & Family Center တို့ဖြစ်ကြသည်။ ကြားခံဆွေးနွေးသူအဖြစ် Ethnic Media Services ၏ Social director ဖြစ်သူ Pilar Marrero က ဆောင်ရွက်ခဲ့သည်။

Supervisor Holly Mitchell က ယနေ့ အားလုံးရင်ဆိုင်နေရသည့် Covid-19 ကြောင့်ဖြစ်ပေါ်စေ သော ဒွိဟကပ်ဘေးပြဿနာမှာ ကျန်းမာရေးနှင့်စီးပွားရေးပြဿနာများ ဖြစ်ကြောင်း၊ LA County သည် Red Tier အဆင့်သို့ိရွေ့လျားနေသောကြောင့် ပြန်လည်ဖွင့်လှစ်လည်ပတ်ရေးများကို ကြိုးစားနေကြောင်း၊ ကပ်ရောဂါကာလအတွေ့အကြုံများ ကို သင်ယူပြီး ပိုမိုကောင်းမွန်အောင်ကြိုးစားကာ လမ်းညွှန်ချက်မျးနှင့်အညီ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ Indoor စားသောက်ဆိုင်များ၊ ပြတိုက်များ၊ ရုပ်ရှင်ရုံများနှင့် ကျောင်းများကို ကန့်သတ်ချက်များနှင့်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် Found/ LA small business Recovery fund, Small business stabilization loan program, LISC small business relief grants အစရှိသော လျှောက်ထားနိုင်သောအစီအစဉ်များကို https://www.mitchell.lacounty.gov/covid-19-small-business-resources/ တွင် လေ့လာကာလျှောက်ထားကြရန်နှင့် ပြန်လည်ဖွင့်လှစ်သည့်အခါ လိုအပ်မည့် PPE ပစ္စည်းများကို ရက်၃၀စာ အခါမဲ့ပေးမည်ဖြစ်ရာ www.ppeunite.org တွင် အသေးစိတ်ဖတ်ရှုရန်နှင့် Safer at work campaign အတွက် www.saferatwork.la တို့တွင်လေ့လာဖတ်ရှုရန်နှင့် အသားအရောင်ခွဲခြားမှုမရှိဘဲ ရပိုင်ခွင့်ရှိသည့်အခွင်
အလမ်းများအကြောင်းတို့ကိုပြောကြားခဲ့သည်။ ပြန်လည်မဖွင့်လှစ်မီ Covid-19 ကာကွယ်ဆေးထိုးကြရန်၊ Mask တပ်ကြရန်၊ Social distance ခြားပြီးနေထိုင်ကြရန်နှင့် အခြား ရောဂါပိုးကူးစက်ခြင်းကိုတားဆီးသည့် လမ်းညွှန်ချက်များအတိုင်း နေထိုင်ကြရန် သတိပေးပြောကြားခဲ့သည်။
Dr. Muntu Davis က ကာကွယ်ဆေး အရေအတွက်၂သန်းထိုးပြီးသည့်အချိန် မတ်လ၁၄ရက်နေ့တွင် LA County သည် Red Tier ထဲတွင်ရောက်ရှိပြီဖြစ်ကြောင်း၊ ပြန်လည် ဖွင့်လှစ်မည့်လုပ်ငန်းများအတွက် မဖြစ်မနေ Mask တပ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး Social distancing ခြားပြီးနေကြရန်နှင့်အခြားလမ်းညွှန်ချက်များကို လိုက်နာကြရန်ကိုရှင်းပြခဲ့သည်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁) ပြတိုက်များ၊ တိရစ္တာန်ရုံများနှင့် အဏ္ဏဝါပြတိုက်များ၊ ဘာသာရေးဝတ်ပြုခြင်းနှင့်ဘုရားကျောင်းများ- အများဆုံးလက်ခံနိုင်သည့်လူဦးရေ 25% ကန့်သတ်ချက်ဖြင့်၊ Gyms, Fitness Center နှင့် ယောဂ၊ Dance Studios များသည် လာရောက်သူအားလုံး Mask တပ်ရမည်ဖြစ်ပြီး အများဆုံးလက်ခံနိုင်သည့်လူဦးရေ 10% ကန့်သတ်ချက်ဖြင့်။
၂) ရုပ်ရှင်ရုံများ- အများဆုံးလက်ခံနိုင်သည့်လူဦးရေ 25% ကန့်သတ်ချက်ဖြင့် ကြိုတင်နေရာယူထားပြီး အတူနေသူမဟုတ်သည့်လူအစုသည် တစ်စုနှင့်တစ်စုကြား ၆ပေအကွာခြားပြီးထိုင်ကြရန်၊
၃)Retail and Personal care services များ- အများဆုံးလက်ခံနိုင်သည့်လူဦးရေ ၅၀% ကန့်သတ်ချက်ဖြင့် အချိန်တိုင်းနှင့်ဝန်ဆောင်မှုအားလုံးအတွက် Mask တပ်ကြရန်၊
၄) စားသောက်ဆိုင်များ- Indoor အတွက် အများဆုံးလက်ခံနိုင်သည့်လူဦးရေ 25% ကန့်သတ်ချက်ဖြင့် HVAC စနစ်သည် ကောင်းမွန်စွာအလုပ်လုပ်ရမည်ဖြစ်ပြီး စစ်ဆေးပြီးရမည်။ လေဝင်လေထွက်ကိ တတ်နိုင်သမျှအများဆုံးအခြေအနေကိုရရှိနိုင်စေရမည်။ စားပွဲခုံတစ်ခုနှင့်တစ်ခုကြား ၈ပေခြားရမည်ဖြစ်ပြီး စားပွဲခုံတစ်ခုတွင် တအိမ်ထဲနေလူ၆ဦးသာ ကန့်သတ်ချက်ဖြင့်ထိုင်ရမည်။ Outdoor ဆိုင်ပြင်တွင် တစ်စားပွဲလျှင် တစ်အိမ်ထဲမှ မဟုတ်သော သီးခြားအိမ်၃အိမ်မှ လူများအတူတကွထိုင်လျှင် အများဆုံး၆ဦးကန့်သတ်ချက်ဖြင့်ထိုင်ရမည်။ Public Health ပြည်သူ့ကျန်းမာရေးဌာနက အထူးသတိပေးထားသည်မှာ စားသောက်ဆိုင်ဝန်ထမ်းများသည် မိမိမျက်နှာ နှင့်အံဝင်ဂွင်ကျဖြစ်မည့် N95 Mask (သို့) KN95 Masks များကို တပ်ရမည်ဖြစ်ပြီး (သို့မဟုတ်) Mask နှစ်ထပ်တပ်ကြရန် နှင့် မျက်နှာအကာ Face shield တပ်ကြရန်၊ စားသောက်ဆိုင်ဝန်ထမ်းအားလုံးကို Covid ကာကွယ်ဆေးထိုးဖို့သတင်းပေးရန်၊ မည်သည့်အချိန်တွင်ထိုးရန်ကျရောက်မည်ကို သတင်းပေးရန် (သို့မဟုတ်) ကာကွယ်ဆေး ထိုးနိုင်မည့်အခွင့်အလမ်းများပေးရန်တို့ကို ပြောကြားခဲ့သည်။
၅) Indoor shopping malls များ- အများဆုံးလက်ခံနိုင်သည့်လူဦးရေ 50% ကန့်သတ်ချက်ဖြင့်ဖွင့်ရမည်ဖြစ်ပြီး အများသုံးနေရာများကို ဆက်လက်ပိတ်ထားရန်၊ စားသောက်တန်းကို များသည် အများဆုံးလက်ခံနိုင်သည့်လူဦးရေ 25% ကန့်သတ်ချက်ဖြင့်ဖွင့်ရန်၊
၆) Instuitutesof Higher Education များကို ခွင့်ပြုထားသောလှုပ်ရှားမှုများအားလုံးအတွက် ကန့်သတ်ချက်၊ လမ်းညွှန်ချက်များဖြင့်ဖွင့်မည်ဖြစ်ပြီး Spring semester အထိ Residential housing များကိုတော့ ကန့်သတ်မှုများထားရှိမည်ဖြစ်ကြောင်း၊
၇) စာသင်ကျောင်းများကို ၇တန်းမှ၁၂တန်းထိ ပြည်နယ်နှင့် ကောင်တီအသီးသီး၏လမ်းညွှန်ချက်ဖြင့် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊
၈) တွေ့ဆုံလူစုခြင်းများအတွက်- Indoors တွေ့ဆုံခြင်းများတွင် အိမ်၃အိမ်မှ လူအများဆုံး၁၅ဦးထိ Mask တပ်ကာ၊ တစ်ဦးနှင့်တစ်ဦး Social distancing ခြားကာ အစားအသောက်မစားသောက်ဘဲ တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးအပြည့်အစုံထိုးပြီးသူများသည် အခြားကာကွယ်ဆေးထိုးပြီးသူများနှင့် အလားတူ အိမ်၃အိမ်မှ လူအများဆုံး၁၅ဦးထိ Mask တပ်စရာမလိုဘဲ၊ Social distancing မလိုဘဲ တွေ့ဆုံနိုင်ကြောင်း၊ ကာကွယ်ဆေးအပြည့်အစုံထိုးပြီးသူများသည် ကာကွယ်ဆေးမထိုးရသေးသော အခြားအိမ်ထောင်စုတစ်စုမှ လူများနှင့် အဆိုပါအိမ်တွင် Covid-19 ကူးစက်ခံရပါက ပြင်းထန်သောအခြေအနေဖြစ်ပေါ်နိုင်သူမရှိပါက Mask တပ်စရာမလိုဘဲ၊ Social distancing မလိုဘဲ တွေ့ဆုံနိုင်ကြောင်း၊ LA County တွင် Covid-19 ကူးစက်မှုများဆက်လက်ရှိနေသေးရာ – Outdoor သည်ပိုပြီးစိတ်ချရသည်။ Mask တပ်ရမည်။ Social distancing ခြားပြီးနေရမည်။ ရောဂါလက္ခဏာရှိပါက ဆေးစစ်ရမည်။ ကာကွယ်ဆေးထိုးရန် အလှည့်ကျလာသောအခါ ထိုးရမည်။ ခြုံငုံပြောရလျှင် မိမိမှာ(သို့မဟုတ်) မိမိ၏အိမ်တွင်အတူနေထိုင်သူများမှာ Covid-19 ရောဂါကူးစက်ခံရပါက ပြင်းထန်ဆိုးဝါးသောအခွင့်အလမ်းရှိသူများမှာ Outdoor တွေ့ဆုံခြင်းကသာ စိတ်ချလုံခြုံကြောင်းကို သတိပေးပြောကြားသွားသည်။
Dr. Sarah Lopez က Virus အမျိုးမျိုးအတွက် ကာကွယ်ဆေးများထုတ်ရာတွင် Virus, Viral vector, Nucleic acids, Protein-based စသော ပါဝင်သည့်ပစ္စည်းအမျိုးမျိုးကိုရှင်း
ပြပြီး လက်ရှိ US တွင်ထိုးပေးသည့် Covid-19 ကာကွယ်ဆေးသုံးမျိုးဖြစ်သော Pfizer, Moderna နှင့် Johnson & Johnson သုံးမျိုးအကြောင်းကိုရှင်းပြရာ Pfizer နှင့် Moderna တို့တွင် mRNA ပါဝင်ပြီး နှစ်ကြိမ်ထိုးရမည်ဖြစ်ပြီး Johnson and Johnson အမျိုးအစားတွင် DNA Viral Vector ပါဝင်ကာ တစ်ကြိမ်သာ ထိုးရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးသုံးမျိုးလုံးသည် ကိုဗစ်ရောဂါကူးစက်ခံရပါက သေလောက်သိထိ မပြင်းထန်ရန်နှင့် ဆေးရုံတက်ရောက်ကုသသည်ထိ ရောဂါအခြေအနေ မပြင်းထန်ရန်အတွက် 100% အကျိုးသက်ရောက်မှုရှိ ကြောင်းရှင်းပြခဲ့ပြီး Covid-19 ကာကွယ်ဆေး၏အဓိကပန်းတိုင်မှာ ကိုဗစ်ရောဂါကူးစက်ခံရပါက သေလောက်သိထိ မပြင်းထန်ရန်နှင့် ဆေးရုံတက်ရောက်ကုသသည်ထိ ရောဂါအခြေအနေ မပြင်းထန်ရန် ဖြစ်ခြင်းကို အဓိကထား ပြောကြားခဲ့သည်။ အသက်ငယ်သူများသည် ကာကွယ်ဆေးထိုးခြင်းမနှစ်သက်သူများဖြစ်
ကြပါက တစ်ကြိမ်ထဲထိုးနိုင်သည့် Johnson & Johnson အမျိုးအစားကို ရွေးချယ်သင့်ကြောင်းကိုလည်း အကြံပေးခဲ့သည်။ ကာကွယ်ဆေးထိုးရန်စိတ်ပူနေသူများအတွက် Vaccine Trial ၏ တွေ့ရှိချက်များအရ ကာကွယ်ဆေးထိုးပြီး ကာကွယ်ဆေးကြောင့် သေဆုံးသူ၊ ကာကွယ်ဆေးထိုးပြီး Covid-19 ကူးစက်ပြီးဆေးရုံတက်ကုသမှုခံရလောက်အောင်ရောဂါပြင်းထန်သူနှင့် Covid-19 ကူးစက်ပြီး သေဆုံးသူ တစ်ဦးမှမရှိ “0” သုညဖြစ်ကြောင်းကို ရှင်းပြခဲ့သည်။ သို့သော် ကာကွယ်ဆေးမထိုးဘဲ Covid-19 ရောဂါကြောင့် US တွင် သေဆုံးသူပေါင်း မတ်လ၁ရက်၊ ၂၀၂၁ခုနှစ်၊ တစ်ပတ်အတွင်း 1, 1901 နှင့် ဆေးရုံတက်ရသူပေါင်း 40, 000 ရှိကြောင်းကို နှိုင်းယှဉ်ပြောပြခဲ့သည်။ ရောဂါ၏အကျိုးဆက်ဖြစ်သော သွေးကြောပိတ်ခြင်း၊ အသက်ရှုပြဿနာနှင့် မှတ်ဉာဏ်နည်းပါးခြင်းများကိုလည်း ပြောကြားခဲ့သည်။ Herd Immunity အကြောင်းရှင်းပြရာ အဓိပ္ပာယ်မှာ လူအများတွင် ခုခံအားရရှိပြီး ဗိုင်းရပ်စ်ကူးစက်ခြင်းကိုဟန့်တားနိုင်ခြင်းဖြစ်ကြောင်း၊ လူများများကာကွယ်ဆေးထိုးနိုင်လေ Herd Immunity များမျာရလေဖြစ်ရာ Vaccine မရှိပါက ၅၉လအကြာ ၂၀၂၅ ခုနှစ်အဆုံးမှာ မှ Herd Immunity ကိုရမည်၊ ၂၅% လူဦးရေသည် ကာကွယ်ဆေးထိုးပြီးပါက လ၃၀မှာ၊ ၂၅% လူဦးရေသည် ကာကွယ်ဆေးထိုးပြီးပါက လ၃၀မှာ၊ ၅၀% လူဦးရေသည် ကာကွယ်ဆေးထိုးပြီးပါက ၁၀လမှာ၊ ၇၅% လူဦးရေသည် ကာကွယ်ဆေးထိုးပြီးပါက ယခုလာမည့် ၂၀၂၁ခုနှစ်၊ ဇွန်လမှာ ရကြမည်ဖြစ်ရာ ကာကွယ်ဆေးထိုးကြပြီး Herd Immunity မြန်မြန်ရအောင်ကြိုးစား ကြရန်နှိုးဆော်ခဲ့သည်။ CDC လမ်းညွှန်ချက်များအရ ကာကွယ်ဆေးထိုးပြီးသူများသည် အားလုံးကာကွယ်ဆေးထိုးပြီးသူများသာပါဝင်သောလူဦးရေအနည်းအကျဉ်းစုမည်ဆိုပါက Indoor တွင် Mask မတပ်ဘဲတွေ့ဆုံနိုင်ကြောင်း၊ ကာကွယ်ဆေးအပြီးအစီးထိုးပြီးသူများသည Indoor တွေ့ဆုံရာတွင် ကိုဗစ်ရောဂါကူးစက်ခံရပါက ပြင်းထန်ဆိုးဝါးသောအခြေအနေရောက်နိုင်ချေနည်းသည့် ကာကွယ်ဆေးမထိုးရသူများနှင့် ်သာ Mask မတပ်ဘဲ တွေ့ဆုံနိုင်ကြောင်းများကိုလည်း ဆက်လက်ပြောကြားခဲ့သည်။

Jim Mangia, President and CEO of St. John’s Well Child & Family Center က ကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် Behaviors ဝန်ဆောင်မှုများပေးသည့် Federally qualified health center ဖြစ်သည့် St. John’s Well Child & Family Center အကြောင်းရှင်းပြရာ South LA, Central LA တို့တွင် နေရာ၂၀မှာရှိပြီး Mobile Clinic ၃ခုရှိကြောင်း၊ ကိုဗစ်ကာလတွင် ရင်ဆိုင်ရသည့် PPE အခက်အခဲ နှင့် ကိုဗစ်ဆေးစစ်ဝန်ဆောင်မှုများကိုရှင်းပြရာ တစ်နေ့လျှင် Positive case တွေ့ရှိမှုမှာ အချို့နေ့များတွင် လူထောင်ကျော်ရှိကာ ၃၀% မှ ၃၅% ထိရှိကြောင်း၊ South LA တွင် အလုပ်လုပ်သည့် ရှေ့တန်းရင်ဆိုင်ရသူများဖြစ်သူ စက်ရုံဝန်ထမ်းများ၊ အထည်ချုပ်စက်ရုံဝန်ထမ်းများ၊ Warehouse ဝန်ထမ်းများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ Grocery ဝန်ထမ်းများသည် PPE မလုံလောက်မှုကြောင့် အလုပ်မှ ရောဂါကူးစက်ခံရကာ အိမ်မှမိသားစုများကိုပါထပ်ပြီး ကူးစက်ခံခဲ့ရကြောင်း၊ရောဂါကူးစက်ခံရသူ၊ အလုပ်လက်မဲ့ဖြစ်သူ၊ အိမ်ကို ဆုံးရှုံးရသူများ များပြားခဲ့ ကြောင်း၊ လူနာ၁၀၀ခန့်ကို Monoclonal antibody ကုသမှုပေးခဲ့ကြောင်းပြောကြားခဲ့သည်။ ယခုအခါ Covid-19 ကာကွယ်ဆေးအတွက်ကာကွယ်ဆေးများကို Federal အစိုးရထံမှတိုက်ရိုက်သော်လည်းကောင်း၊ LA County Department of Public Health မှသော်လည်းကောင်း ရရှိရာ ယခုအချိန်ထိ လူဦးရေ 25, 000 ကို ကာကွယ်ဆေးထိုးပြီးခဲ့ပြီး ယခုသီတင်းပတ်အပြီးတွင် လူဦးရေ 80, 000 ကိုထိုးပြီးရန် ရည်မှန်းထားကြောင်း၊ ကာကွယ်ဆေးများများရရှိပါမှ၊ Community တွင် လူများများ ကာကွယ်ဆေးထိုးပါမှ၊ Herd Immunity ရရှိပြီး Tier အဆင့်များထပ်ရှေ့ကိုတက်ကာ အလုပ်များပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်၊ လူမှုရေး တွေ့ဆုံခြင်းများပြန်လည် လုပ်နိုင်မည်ဖြစ်ကြောင်း၊ Los Angeles ၏ အနွမ်းပါးဆုံးဒေသများတွင် ကာကွယ်ဆေးရရှိဖူလုံမှုသေချာအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ရောဂါကူးစက်မှုကို တားဆီးနိုင်ရန်တို့ကို ဆွေးနွေးသွားခဲ့သည်။

ကာကွယ်ဆေးထိုးသည့်ကိစ္စနှင့်ပတ်သက်ပြီး ” Zip code မတူသော အရပ်မှ သတ်မှတ်ထားသော Community ရှိ ကာကွယ်ဆေးထိုးပေးသော နေရာများ တွင် လာရောက်ထိုးခြင်းကို အရေးယူပစ်ဒဏ်ချခံရသည်မှာဟုတ်သလား” ဆိုသောမေးခွန်းကို Dr. Sarah Lopez က ” သတင်းမှားဖြစ်ကြောင်း။ လူဦးရေ 75% နှင့် ၈၀% ထိ ကာကွယ်ဆေးထိုးရန်ရည်ရွယ်ထားသည်ဖြစ်ပြီး ထိုသို့သောသူများကို အရေးယူသည်ဆိုသည်မှာ လုံးဝမဟုတ်ကြောင်း၊ မိမိ Community မှလူဦးရေ များများကာကွယ်ဆေးထိုးကြရန်သာ အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး အခြား Zip code တွင်နေထိုင်သူများက သတ်မှတ်ထားသောအခြားနေရာတွင် ကာကွယ်ဆေးလာထိုးပါက အရေးယူ၍မရကြောင်း” ၊ ” ကာကွယ်ဆေးထိုးရာတွင် Social Security နံပါတ်ပြခိုင်းပါက ပြရမည်လား” ဆိုသောမေးခွန်းကို “မလိုကြောင်း။ ID သာ လိုကြောင်း။ အသက်၆၅နှစ်နှင့်အထက်သူများသည် မွေးနေ့ကိုဖော်ပြသည့် ဓာတ်ပုံ ID လိုအပ်ကြောင်း” ကိုဖြေကြားခဲ့သည်။