ဒီ 2020 ခုနှစ်မှာ ပြသာနာတွေအများကြီးတွေ ့ကြုံရတဲ့နှစ်ပါ
ကံမကောင်းခြင်းတွေ၊ သဘာဝဘေးအန္တာရာယ်တွေ၊ ရောဂါ တွေ
အထူးသဖြင့် စီးပွားရေး ပါ ဒီနှစ်က နှစ် ၂၀ အတွင်း စီးပွားရေးအကျဆုံးနှစ်ပါ
စီးပွားရေးလေ့လာနေတဲ့သူတွေက 2021 ဟာ ‼️ကမ္ဘာ့စီးပွားရေးအဆိုးဆုံးနှစ်‼️လို ့ပြောကြပါတယ်
အဲ့ထက်ဆိုးတာက စီးပွားရေးလုပ်ငန်းရှင်တွေက အခုချိန်ထိ အဲဒီပြသာနာ စိတ်မဝင်စားသေးတာပဲ
IMF ရဲ့ဖော်ပြမှုအရ ၂၀၂၀ နှစ်နောက်ပိုင်းရဲ့ ကမ္ဘာ ့စီးပွားရေးတိုးတက်မှုဟာ အနှုတ် ( -) ဘက်ပဲပြနေပါတယ် ၊
စီးပွားရေးပြန်လည်ကောင်းမွန်ဖို ့ ၁ နှစ်မှ ၂ နှစ်ထိ အချိန်ပေးရပါမယ် ၊
မေးခွန်းက ကိုယ့်ဆီရောက်လာမဲ့့ စီးပွားရေးမုန်တိုင်းကို အဆင်သင့်လက်ခံနိုင် အောင်ဘယ်လိုပြင်ဆင်မလဲ ?
.1. ရင်းငွေ က ဒီplan အတွက် အရေးကြီးဆုံးပဲ ၊ ရင်းငွေမရှိပဲ ဘယ်လိုနည်းလမ်းနဲ့ မှ စီးပွားရေးက ဖြစ်မြောက်အောင်မြင်လာမှာမဟုတ်ဘူး ၊ ပြီးတော့ ဒီမုန်တိုင်းကို သေချာလက်ခံနိုင်အောင် အရံငွေရှိထားရပါမယ် ၊လက်ထဲငွေမပျက်ရင် သင်ဘာလုပ်ငန်းပဲလုပ်လုပ် စီးပွားရေးက ရှေ ့ဆက်သွားနိုင်ပါတယ်
ငွေကို ၂ ပိုင်းခွဲ ထားသင့်တယ်
တပိုုင်းက စီးပွားရေး လည်ပတ်ဖို ့နဲ ့ တပိုင်းက အရေးကြီးပြီးလိုအပ်တဲ့ချိန် သုံးဖို ့ပါ
ဥပမာ ဒီလို ကိုယ်ထင်မထားတဲ့ covid ရောဂါနဲ ့တွေ ့ကြုံ ရတဲ့ချိန် တခြားလုပ်ငန်းအသစ်လုပ်ဖို ့ ရင်းငွေလို အပ်ပါတယ်
ကိုယ်ချန်ထားတဲ့ ရင်းငွေက ဒီနေရာမှာ အကောင်းဆုံး support ပေးနိုင်ပါတယ်

  1. အနာဂတ်အတွက် အမြဲပြင်ဆင်ပါ
    အနာဂတ်က ဘာမှမသေချာဘူး ၊ ဘာမဆို အကုန်ဖြစ်နိုင်တယ် ၊အခု ပစ္စပ္ပန် မှာတွေ ့ကြုံ နေရဲ့တဲ့ ပြသာနာတွေဆီမှ လေ့လာသင်ယူပြီး ၊ အနာဂတ်အတွက် အဆိုးဆုံးထိ တွေးထားပြီး ၊ ငါဘယ်လိုလုပ်ရမယ်၊ ငါဘယ်လိုပြင်ဆင်ပြီး ဖြေရှင်း ရမယ်ဆိုတာကို အခုကစပြီး လေ့လာပြင်ဆင်ထားပါ
    ဥပမာ shopping Mall ထဲ စျေးရောင်းတယ်၊ Mall ကအပိတ်ခံရတယ်၊ ဘယ်လိုလုပ်ရမလဲ ?
    ဒီ case အရ အစကတည်းက plan ဆွဲထားတယ် ၊ တွေးထားတယ်၊ ပြင်ဆင်ထားတယ်ဆိုရင် ဆိုင်ပိတ်သွားတဲ့ချိန် ၊တခြားနည်းတွေရှိသေးတယ်၊ တခြားနည်းနဲ ့ရောင်းနိုင်သေးတယ်
    တစ်ခုလက်လွတ်သွားတာနဲ ့နောက်တစ်ခု ချက်ချင်းဆက်လုပ်နို်င်တယ်
  2. ကုမ္ပဏီရဲ့ ငွေကြေးလည်ပတ်မှု ကိုထိန်းသိမ်းရမယ်၊ အရေးကြီးတဲ့အချက်ထဲပါပါတယ် ၊ ဘာအလုပ်ပဲလုပ်လုပ် ၊ work from home ပဲဖြစ်ဖြစ် အသုံးစရိတ်က ရှိနေမှာပဲ ဥပမာ – အလုပ်သမားတွေရဲ့လစာ ၊ တခြားအသုံးစရိတ်တွေ အကုန်လုံးက ငွေကြေးလည်ပတ်မှုကို အားကိုးနေရစမြဲပါ၊ မဟုတ်ရင် ကုမ္မဏီက ရှင်သန်နိုင်မှာမဟုတ်ပါဘူး
  3. Cus တွေကို အမြဲဆက်သွယ်ပေးတယ်၊ ဒီလိုအခြေအနေမှာ Cus တွေကိုအမြဲဆက်သွယ်တယ် ( သို ့) ကိုယ့်နဲ့အတူ လုပ်ဖူးတဲ့ Dealer တွေကိုအဆက်အသွယ်လုပ်ခြင်းဟာ စီးပွားရေးကို အတားအဆီးမရှိပဲ ရှေ ့ဆက် သွားနိုင်စေတယ်၊ စီးပွားရေးပုံမှန်ပြန်ဖြစ်တဲ့ချိန် သင်က တခြားသူတွေထက် စီးပွားရေးပြန်လည်ဖွံ ့ဖြိုးတာမြန်စေတယ် ၊ သူများထက်လဲ စီးပွားရေးဖွံ ့ဖြိုးမြန်တယ် မိတ်ဟောင်း Cus တွေလဲ ကိုယ့်ဆီမှာရှိသေးတယ်၊ ကိုယ့်ရဲ့ပြိုင်ဖက် လက်ထဲလည်းရောက်မသွားဘူး
    ဥပမာ – စားသောက်ဆိုင်တစ်ခုက Covid ကြောင့်ပိတ်သွားရတယ်၊ ဒါပေမဲ့သူက Digital Marketing ရှိသေးတယ်၊ Online မှာ အစားတွေမှာစားတဲ့ ကိုယ့်ရဲ့ Cus တွေကို Voucher ( သို ့) discout လက်မှတ်တွေပေးမယ်၊ ဒါပေမဲ့ အဲဒီလက်မှတ်တွေက ဆိုင်လာစားတဲ့အချိန်မှပဲသုံးလို ့ရမယ်၊ အဲဒီအတွက်ဆိုင်တွေပြန်ဖွင့်တဲ့ချိန် အဲဒီလက်မှတ်ကိုသုံးဖို ့ သူတို ့ ဆိုင်မှာလာစားကြမယ်၊ အဲဒီတော့ သင့်စားသောက်ဆိုင်က ရောင်းရပြီး တခြားသူတွေထက် လုပ်ငန်းက ပြန်လည်ဖွံ ့ဖြိိုးမြန်စေတယ်
  4. လုပ်လို ့ရတဲ့ လုပ်ငန်းအရင်လုပ်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ
    စီးပွားရေးနောက်ဆုတ်သွားနေပါစေ ကောင်းနေတဲ့ ကိုယ့် Brand ကိုတော့ နောက်ဆုတ်မသွားစေနဲ ့
    Multitasking က ဒီခေတ်မှာမဖြစ်မနေလုပ်ရမဲ့ခေတ်ပါ ၊ ဒါပေမဲ့ ဒီလိုအခြေအနေနဲ ့ဆို လွယ်တော့မလွယ်ပါဘူး၊
    ဘာဖြစ်လို ့လဲဆိုတော့ အသစ်တွေစလုပ်ရတဲ့သူတွေ ဒီလိုစီးပွားရေးအခြေအနေနဲ ့အချိန်က မလုံလောက်ပါဘူး
    လုပ်ငန်းအသစ် စလုပ်တဲ့သူတွေ အခုအခြေအနေနဲ့ဆို ကိုယ်ထင်သလောက်ဖြစ်လာမှာမဟုတ်ဘူး
    သင်အကောင်းဆုံးလုပ်နို်င်တဲ့ အရာတွေ (သို့) သင့်brand ရဲ့ သူများနဲ့မတူ ထူးခြားပြီးကောင်းတဲ့အချက်တွေမှုသာ အောင်မြင်ဖို ့ရာခို်င်နူန်းပိုများပါတယ် ၊အဲဒီအတွက် ကြောင့် အဲဒီနေရာ၊အချက်တွေမှာ ပိုပြီးကောင်းအောင်၊ ပိုပြီးတိုးတက်အောင် ကြိုးစားပါ ၊
    အဲဒီအချက်တွေဟာ စီးပွားရေးကျရူံးနေချိန် အသက်ရှင်အောင် လုပ်ရမဲ့အချက်တွေပါ
    လုပ်ငန်းသစ်စလုပ်တဲ့သူတွေအတွက် စီးပွားရေးရှေ ့လျှောက်သွားနိုင်ပြီး
    စီးပွားရေးလုပ်နေတဲ့ သူတွေလဲ ဒီထက်ပိုပြီးကောင်းအောင်လုပ်နိုင်တယ်
    အားလုံးအတွက် အကြိုးရှိမယ်လို ့မျှော်လင့်ပါတယ်

About Mon Lay

Mon Lay has written 468 post in this Website..