Communities Unite to Combat Anti-Asian Violence

kaiApril 1, 20212min1920

2/19/21 Briefing – A Bi-Weekly Briefing for Ethnic & Community Media

Ethinc Media Services ကစီစဉ်သော Communities Unite to Combat Anti-Asian Violence ဆွေးနွေးပွဲကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ၁၉၊ မနက်၁၁နာရီက ကျင်းပခဲ့ရာ John C. Yang, President and CEO, Asian Americans Advancing Justice (AAJC); Marc Morial, President and CEO, The National Urban League Manjusha Kulkarni, Executive Director, Asian Pacific Policy & Planning Council (A3PCON); Cynthia Choi, Co-Director, Chinese for Affirmative Action and co-creator of the Stop AAPI Hate Center; Jose Roberto Hernandez, Koreatown Immigrant Workers Alliance (KIWA) တို့ပါဝင်ဆွေးနွေးခဲ့ကြပြီး ကြားခံဆွေးနွေးသူအဖြစ် EMS မှ Social director ဖြစ်သူ Pilar Marrero က ဆောင်ရွက်ခဲ့သည်။

John C. Yang, President and CEO, Asian Americans Advancing Justice (AAJC) က ပြီးခဲ့သောတနှစ်လုံးမှာ လူမျိုးစုတိုင်းသည် ကျန်းမာရေးအတွက် Corona virus နှင့် တိုက်ပွဲဝင်နေရပြီး လူမျိုးစုများအပေါ်ခွဲခြားဆက်ဆံသော နောက်ထပ်ဗိုင်းရပ်စ်နှင့်လည်းတချိန်ထဲမှာ တိုက်ပွဲဝင်နေခဲ့ရကြောင်း၊ Covid-19 ကာလတွင် အာရှအမေရိကန်အများစုမှာ ရှေ့တန်းမှတိုက်ပွဲဝင်နေရသော ကျန်းမာရေးဝန်ထမ်းများ၊ Grocery store ဝန်ထမ်းများ၊ Community center ဝန်ထမ်းများ စသဖြင့် Essential workers များဖြစ်ကြရာ ထိုဒဏ်များကို သိသိသာသာ ရိုက်ခတ်မှုခံခဲ့ရကြောင်း၊ လတ်တလောလေ့လာတွေ့ရှိချက်များအရ ၇၅%နှင့်အထက် အာရှအမေရိကန်များသည် ပစ်မှတ်ထားပြီးခွဲခြားဆက်ဆံခံရမည်ကို ထိတ်လန့်လျက်ရှိကြောင်း၊ ၂၀၂၀ခုနှစ်ဦးပိုင်း လေ့လာတွေ့ရှိချက်များအရ ၄၀% သော အာရှအမေရိကန်များသည် Covid-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရခြင်း၊ ရန်အပြုခံရခြင်း၊ အပြစ်ပြောခံရခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း၊ ပြီးခဲ့သောသမ္မတဟောင်းသည် Covid-19 ကို China Virus ဟု ခေါ်ခဲ့သဖြင့် အာရှအမေရိကန်များကို အခြားလူမျိုးစုများက ပြစ်တင်ခွဲခြားခြင်းများ ဖြစ်ပွားစေခဲ့ကြောင်း၊ ကိုဗစ်ဗိုင်းရစ်သည် အာရှအမေရိကန်များအပါအဝင် ဘယ်လူမျိုးစုကိုမဆို အသက်အန္တရာယ်ထိခိုက်သည်ထိ ဆိုးရွားစွာရောဂါဝေဒနာဖြစ်ပွားစေသဖြင့်် လူသားတိုင်း ထိုဗိုင်းရပ်စ် အကူးစက်မခံရအောင် တားဆီးကာကွယ်ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ်၊ သမ္မတ Joe Biden အုပ်ချုပ်ရေးက အားလုံးတစ်ဦးနှင့်တစ်ဦးပိုမိုနားလည်မှုရှိစွာနှင့် ဗိုင်းရပ်စ်ကို ခုခံကာကွယ်သွားကြမည်ဟု ပြောကြားခဲ့ခြင်းက အာရှအမေရိကန်များကို ဗိုင်းရပ်စ်ကြောင့် မုန်းတီးရန်ရှာခြင်းကို သက်သာစေလိမ့်မည်ဟုမျှော်လင့်ပြီး ယင်းသည်ပထမခြေလှမ်းဖြစ်ပြီး အစိုးရအနေဖြင့် နောက်ထပ်ဆောင်ရွက်ပေးနိုင်စရာများရှိကြောင်း၊ အစိုးရအနေ ုဖြင့် Community ထဲတွင် ရည်ရွယ်ချက်ဖြင့်လုပ်ကြံသည့်အမှုများဖြစ်စေ၊ မတူညီသောလူမျိုးနွယ်စုအချင်းချင်းက ရန်လိုမုန်းတီးခြင်းအမှုများဖြစ်စေ စုံစမ်းစစ်ဆေးခြင်း ဖြင့် ထိုအဖြစ်အပျက်များနည်းပါးအောင်ပြုလုပ်ရန်လိုကြောင်း၊ Community dialogues များပြုလုပ်သင့်ကြောင်း၊ ကိုဗစ်ဗိုင်းရပ်စ်ကိုရော၊ ဗိုင်းရပ်စ်နှင့်ပတ်သက်သောရန်လိုမုန်းတီးမှုများကိုလည်း အတူတကွ တိုက်ဖျက်ကြရန်လိုကြောင်းတို့ကို ပြောကြားခဲ့သည်။

Marc Morial, President and CEO, The National Urban League Manjusha Kulkarni, Executive Director, Asian Pacific Policy & Planning Council က အမေရိကာပြည်သူများကြားတွင် ပိုမိုကြီးထွားလာသော သစ်ပင်နှင့်တူသည့် လူမျိုးခွဲခြားမှုနှင့် အမုန်းတရားကိုတိုက်ဖျက်ရန်နှင့် အာရှအမေရိကန်လူမျိုးစုများအတွက် ညီမျှစွာရပ်တည်ပေးရန် အစည်းအဝေးသို့တက်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
အမုန်းတရားတစ်နေရာရာမှာရှိခြင်းသည် နေရာအနှံ့မှာရှိခြင်းနှင့်အတူတူပင်ဖြစ်
ကြောင်း၊ ပြီးခဲ့သောလေးနှစ်က အမေရိကားရှိ အခြားလူမျိုးစုများသည်လည်း ရာသီဥတုပြောင်းလဲမှုအကြောင်းအပါအဝင် အခြားအကြောင်းအရာများကြောင့် ခွဲခြားဆက်ဆံခံရခြင်း၊ အမုန်းတရားပွားကြခြင်းများရှိခဲ့ကြရာ ယခုလိုကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ပစ်တင်၊ ရန်လို၊ မုန်းတီးခံနေရသော အာရှအမေရိကန်များနှင့်အတူအားလုံးက နားလည်စွာရပ်တည်ကြမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။ Public တွင် မုန်းတီးခြင်းစကားပြောကြားသည့်အပေါ် မည်သို့သတ်မှတ်သလဲဆိုသည့်မေးခွန်းကို Mr. Marc Morial က ” လွတ်လပ်စွာပြောဆိုခြင်းနှင့် မုန်းတီးခြင်းစကားပြောဆိုခြင်း
တို့မှာ စည်းမျဉ်းခြားထားကြောင်း၊ မုန်းတီးခြင်စကားပြောခြင်းသည် အကြမ်းဖက်မှု များကိုဖြစ်ပေါ်စေသလို မုန်းတီးခြင်စကားကိုယ်၌ကလည်း အကြမ်းဖက်ခြင်းတစ်မျိုးဖြစ်သည့်အတွက် အချိန်အခါမရွေး တုန့်ဆိုင်းမနေဘဲ ရှုံ့ချရမည်။ ဥပဒေနှင့်အရေးယူရမည့်ကိစ္စ ဖြစ်ကြောင်းကို ဖြေကြားခဲ့သည်။

ထို့နောက် Cynthia Choi နှင့် Manjusha Kulkarni တို့က Covid-19 စသည့်ကာလ ၂၀၂၀ခုနှစ်မှာစပြီး အမေရိကားပြည်နယ်အသီးသီးတွင် အာရှအမေရိကန်များခွဲခြား ဆက်ဆံခံရခြင်းများ၊ ရန်လိုမုန်းတီးခံရခြင်းများကို အဖြစ်အပျက်များနှင့်ဆွေးနွေးရာ ဈေးဝယ်သည့်အခါမှာ အာရှအမေရိကန်များကို အခြားသောသူများက China သို့ပြန်သွားဟု အော်ဟစ်ပြောဆိုပုံ၊ ကားငှားသည့်အခါ ဒရိုင်ဘာက China ကလာသူများကို ကားတံခါးမဖွင့်ပေးသည့်အကြောင်း၊ စားသောက်ဆိုင်တွင်မွေးနေ့အတွက်မိသားစု သောက်နေစဉ် ဘေးစားပွဲဝိုင်းမှ အာရှသားအမည်တပ်ပြီးဆဲဆိုသည့်အကြောင်း၊ က
လေးများနှင့်လမ်းလျှောက်ထွက်လာသော အာရှသားသက်ကြီးရွယ်အိုများကို ကားပေါ်မှ အခြားလူမျိုးစုများက အာရှသားအမည်တပ်ပြီးဆဲဆိုသည့်အကြောင်း၊ အာရှမျိုးနွယ်အလယ်တန်းကျောင်းသားအား ကျောင်းတွင် အခြားကျောင်းသားများက Covid-19 ဖြစ်နေသည်ဟုစွပ်စွဲကာ China သို့ပြန်သွားဖို့ပြောရာ ကျောင်းသားက သူသည် China မှလာသူမဟုတ်ကြောင်းရှင်းပြရာ ခေါင်းကိုအချက်နှစ်ဆယ်ခန့်ဝိုင်းထိုး ကြိတ်ဗိုလ်ကျ
ကြသည့်အကြောင်းများကို ပြောကြားခဲ့သည်။ အာရှအမေရိကန်များသည် ထိုကဲ့သို့သော လူမျိုးရေးခွဲခြားမှုနှင့် မုန်းတီးရန်လိုခံရခြင်းမျာကြုံတွေ့ပါက www.stopaapihate.org သို့ဆက်သွယ်အကြောင်းကြားကြရန်နှင့် အဆိုပါ အင်တာနက်အဖွဲ့အစည်းမှာ Asian Pacific Policy and Planning Council (A3PCON), Chinese for Affirmative Action (CAA) နှင့် San Francisco State University’s Asian American Studies တို့ပူးပေါင်းပါဝင်ည့် အာရှအမေရိကန်များအတွက် ယုံကြည်စိတ်ချရသောအဖွဲ့အစည်းများ
ဖြစ်ပြီး အင်္ဂလိပ်စကားကျွမ်းကျွမ်းကျင်ကျင်မပြောဆိုနိုင်သည့်သူများကိုလည်း စကားပြန်ဖြင့်ကူညီပေးမည်ဖြစ်ကြောင်း၊ စစ်တမ်းများအရ ရက်သတ္တပတ်၄၁ပတ်အတွင်းတွင် အမုန်းတရားကိုအခြေခံသောအဖြစ်အပျက် ၂၈၀၈ခု ဖြစ်ပွားခဲ့ပြီး ပြည်နယ်၄၇ခုနှင့် District of Columbia တွင်ဖြစ်ပျက်ခဲ့ကြောင်း၊ အဖြစ်အပျက်အားလုံး၏ ၅၁% မှာ California သို့မဟုတ် New York ပြည်နယ်များတွင်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးများမှာ ၂.၃ရာနှုံးပိုမိုခံရကြောင်း၊ အသက်၆၀ကျော် Seniors များတွင်ဖြစ်ပွားမှု၇%ခန့်ရှိကြောင်း၊ ကိုဗစ်ကာလတွင် အာရှအမေရိကန်များမှာ အာဖရိကန်အမေရိကန်များပြီးလျှင် စီးပွားရေးလုပ်ငန်းငယ်များရပ်ဆိုင်းရခြင်းနှင့်အလုပ်လက်မဲ့ဖြစ်ခြင်း ဒုတိယအများဆုံး ဖြစ်နေကြောင်း၊ ထိုကဲ့သို့ အာရှအမေရိကန်များခွဲခြားဆက်ဆံခံရခြင်းမှာ ယခင်အစိုးရဟောင်း၏နိုင်ငံရေး၊ လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များနှင့်ဆက်နွယ်ခဲ့ပြီး ကိုဗစ်ဗိုင်းရပ်စ်ကို China Virus ဟု သမ္မတဟောင်းကသုံးနှုံးခဲ့သည့်အကြောင်းများကိုဆွေးနွေးသွားခဲ့သည်။ အာရှအမေရိကန်များထိုကဲ့သို့ ခွဲခြားဆက်ဆံခံရခြင်းများ၊ အမုန်းတရားကြောင့် ပြစ်တင်
ရန်လုပ်ခံရခြင်းများရှိပါက ၁။ www.stopaapihate.org သို့ဆက်သွယ်ရန်။ ၂။ မိမိ Community မှရင်းမြစ်များကိုရယူပါ။ ၃။ မိမိ Community ၏အကူအညီကို ရယူပါ။ ၄။ မိမိနေထိုင်ရာဒေသ၊ ပြည်နယ်နှင့် နိုင်ငံတော်အဆင့်အထိ ဥပဒေရေးရာတာဝန်ရှိသူများနှင့်
ဆောင်ရွက်ပါဟု လမ်းညွှန်ချက်များပေးခဲ့သည်။
Jose Roberto Hernandez, Koreatown Immigrant Workers Alliance (KIWA) က KIWA ၏ရည်ရွယ်ချက်များဖြစ်သော လူမျိုးစုခြင်း ညှိုနှိုင်းဆောင်ရွက်မှုခြင်း ရှိရန်၊ ယဉ်ကျေးမှုမျိုးစုံကို လက်ခံရန်နှင့် Minority လူမျိုးစုများအတွက် အလုပ်ခွင်များမှာ၊ Society မှာ ရပိုင်ခွင့်နှင့် စွမ်းရည်ရရှိစေရန်တို့ကိုရှင်းပြခဲ့ပြီး စတုရန်းမိုင်၃မိုင်ပတ်လည်ရှိသော Los Angeles ၏ လူဦးရေအထူထပ်ဆုံးနေရာတွင်
ပါဝင်သည့် လူဦးရေ ၁၂၀,၀၀၀ ခန့် ရှိသည့် အရပ်တွင် ၂၅% သည်ကိုရီးယားလူမျိုးစု၊ ၅၂% သည်လက်တီနိုလူမျိုးစုနှင့် ကျန်ရှိသောရာခိုင်နှုံးမှာ အခြားသောလူမျိုးစုများတို့နေထိုင်ကြပြီး စားသောက်ဆိုင်ပေါင်း၆၀၀ခန့်နှင့် ဆိုင်
ပေါင်း၂၀၀၀ခန့်ရှိရာလူမျိုးစုတိုင်းအတွက် တန်းတူအခွင့်အရေးများအပြင် ဝင်ငွေဆိုင်ရာကိစ္စများ၊ အိမ်ယာအခြေအနေ၊ ကျန်းမာရေးအာမခံကိစ္စများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုပါ အလေးထားဆောင်ရွက်ကြရရန် ခေါင်းဆောင်မှုပိုင်းများနှင့် လုပ်ငန်းရှင်များ၊ ဝန်ထမ်းများအားလုံးက အပေါင်းလက္ခဏာအသွင်ဆောင်သည့် ၃၆၀ဒီဂရီပုံစံဖြင့် ချိတ်ဆက်လည် ပတ်နေကြရကြောင်း၊ လူမျိုးစုတိုင်း၏ရပိုင်ခွင့်များအပြင် လိင်ခွဲခြားမှုကိစ္စများပါ ပပျောက်ရန်အတွက် ထိုသို့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရ မည်
ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်။