Back-to-School Beginnings and COVID-19

kaiApril 1, 20212min2080

3/11/21 – A Bi-Weekly Briefing for Ethnic & Community Media

LA County JIC ကစီစဉ်ပြီး Ethnic Media Services ကပူးပေါင်းစီစဉ်သေ ” Back-to-School Beginnings and COVID-19 ” ဆွေးနွေးပွဲကို မတ်လ၁၁ရက်၊ ၂၀၂၁ခုနှစ်၊ မွန်းလွဲ၂နာရီက ကျင်းပခဲ့ရာ LA County Board of Supervisor Kathryn Barger ,LA County Office of Education Superintendent Dr. Debra Duardo, Eloisa Gonzalez, MD, MPH, is the Director of Integrative Medicine at the Wellness Center at LAC+USC Historic General Hospital, Director of Cardiovascular and School Health at the Los Angeles County Department of Public Health, နှင့် Arcadia High School တွင်ပညာသင်ကြားနေသော Senior အထက်တန်းကျောင်းသား Nathan Kuo တို့ကပါဝင်ဆွေးနွေးခဲ့ကြသည်။ ကြားခံဆွေးနွေးသူအဖြစ် Ethnic Media Services ၏ Social director ဖြစ်သူ Pilar Marrero က ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲ၏ရည်ရွယ်ချက်ဖြစ်သော ကျောင်းများပြန်ဖွင့်ရေးအတွက် လက်ရှိ Covid-19 ကပ်ရောဂါ၏ လူမှုဝန်းကျင်အပေါ်ရိုက်ခတ်လျက်ရှိသည့်အနေအထားများနှင့် သုံးသပ်ချက်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။ LA County Board of Supervisor Kathryn Barger က ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် LA County စာသင်ကျောင်းများပိတ်ထားရသည်မှာ တစ်နှစ်ပြည့်ပြီဖြစ်ရာ ထိုကာလအတွင်းကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာကိစ္စများ သိသိသာသာကျဆင်းမှု ကိုတွေ့ရကြောင်း၊ ပြီးခဲ့သည့် လက ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုထံ LA County ရှိစာသင်ကျောင်းများကိုအမြန်ဆုံးပြန်ဖွင့်ရန် တိုက်တွန်းထားကြောင်း၊ Center of Disease Control ၏ ပံ့ပိုးမှုဖြင့် ကျောင်းများပြန်ဖွင့်ရာတွင် ချမှတ်ထားသောမူဝါဒ၅ရပ်မှာ ၁။အသက်ရှူလမ်းကြောင်းအကာ Masks များတပ်ကြရန်။ ၂။ တစ်ဦးနှင့်တစ်ဦးကြား ၆ပေအကွာအဝေးခြားနေကြရန်။ ၃။ လက်ဆေးရန်။ ၄။ စာသင်ခန်းတွင်းသုံးပစ္စည်းများနှင့်ကျောင်းအဆောက်အဦးများကို သန့်စင်ရန်နှင့် စာသင်ခန်း၊ ကျောင်းအတွက်သုံးသည့်လေ၀င်လေထွက် Ventilation စနစ ကိုသတိထားပြင်ဆင်ရန်။ ၅။ ကိုဗစ်ဗိုင်းရပ်စ် Positive တွေ့ရှိပါက Reverse contact tracing, Quarantine, Isolation ကိုဆက်လက် ပြုလုပ်ရန်အစီအစီဉ် ဖြစ်ကြောင်း၊ ကျောင်းဖွင့်သည့်အခါ ရောဂါကူးစက်မှုကိုကာကွယ်ရန်နှင့်စိတ်ချဘေးကင်းရရန် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းဝန်ထမ်းများအားလုံး လိုက်နာရမည့်အချက်များဖြစ်ကြောင်း တို့ကို ဆွေးနွေးခဲ့ပြီး Center of Disease Control ၏သတ်မှတ်ချက်အရ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများ မဖြစ်မနေ ကိုဗစ်ကာကွယ်ဆေးထိုးရန်မလိုအပ်ကြောင်း၊ TK မှ Grade 6 အထိကို မတ်လကုန်တွင်ပြန်ဖွင့်ရန်စီစဉ်နေ ကြောင်း၊ ၇တန်းမှ၁၂တန်းထိကိုလည်း ဆက်လက်ဖွင့်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ကျောင်းသား၊ ကျောင်းဝန်ထမ်းများအားလုံး ကျန်းမာဘေးကင်းစွာနှင့် ကျောင်းပြန် ဖွင့်နိုင်အောင် အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်းတို့ကိုပြောသွားခဲ့သည်။

Dr. Eloisa Gonzalez က လက်ရှိ LA County ၏ ကိုဗစ်ရောဂါကူးစက်မှု၊ ဆေးရုံတင်ကုသရမှု၊ သေနှုံးနှင့် Community အသီးသီးအပေါ်သက်ရောက်မှုအခြေအနေများကို နှင့် မတ်၁၅ရက်နေ့မှစပြီး ကိုဗစ်ကာကွယ်ဆေးထိုးနိုင်သော Phase 1C အချက်များကို ဆွေးနွေးခဲ့သည်။ နေ့စဉ်ရောဂါအကူးစက်ခံရသူအသစ်များအရေအတွက်သည် မတ်၂ရက်၊ ၂၀၂၁တွင် ကိုဗစ်ရောဂါကူးစက်ခံရသူအသစ် အရေအတွက်သည် ၇၀၀ထက်လျော့နည်းပြီး ယမန်နှစ် ဧပြီလမှစပြီးယနေ့ထိ နေ့စဉ်ရောဂါအကူးစက်ခံရသူအသစ်အရေအတွက်အနေဖြင့် အနည်းဆုံးနေ့ဖြစ်ကြောင်း၊ ကိုဗစ်ကြောင့်ဆေးရုံတက် ကုသမှုခံယူနေရသူဦးရေမှာ ယခုကာလတွင် ၁၂၀၀အောက်ပမာဏရှိကြောင်း၊ တပတ်အတွင်းကိုဗစ်ရောဂါကြောင့်သေသူဦးရေမှာ ဆက်လက်ပြီးကျဆင်းလျက်ရှိကြောင်း၊ နေ့စဉ် ဆေးရုံတက်ကုသမှုခံရသူဦးရေနှင့်သေဆုံးသူဦးရေမှာ ဂရပ်လိုင်းအမြင့်သို့တက်သည့်အချိန်မတိုင်မီကာလနှင့်ယှဉ်ပါက များနေသေးကြောင်း၊ California’s Blueprint for a Safer Economy ဇယားကိုပြသပြီး LA County သည် ယခုကာလတွင် Red Tier ၏ ခံနိုင်ရည်အမှတ်ကိုဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ ထပ်တိုးပြန်ဖွင့်မည့်ကိစ္စရပ်များကို စီစဉ်ရန် ပြည်သူ့ကျန်းမာရေးဌာနသည် Board of Supervisors များနှင့် အတူတကွအလုပ်လုပ်နေကြကြောင်း၊ LA County မှ ကိုဗစ်ကာကွယ်ဆေးများကိုလည်း အလှည့်ကျသူများအဆင့်ဆင့်အလိုက်ထိုးပေးလျက်ရှိကြောင်းကို လူမျိုးစုများ ရရှိသည့်ရာခိုင်နှုံးများဇယားဖြင့်ရှင်းပြခဲ့ပြီး ၂၀၂၀၊ ဒီဇင်ဘာ၉-၂၂ မှစပြီး ၂၀၂၁၊ ဖေဖော်ဝါရီ၃-၁၆နေ့ထိ LA County တွင်နေထိုင်ကြသော အသက်၁၈နှစ်နှင့်အထက် လူမျိုးစုအသီးသီး၏ ကိုဗစ်ကာကွယ်ဆေးကို ကာကွယ်ဆေးရရှိပါကထိုးလိုသည့်ဦးရေမှာ အချိန်ကာလအလိုက်များပြားလာသော ဂရပ်ဇယားများကိုပြသခဲ့သည်။ Community အဖွဲ့အစည်းများသည် မိမိတို့၏ Community ကို ကာကွယ်ဆေးထိုးဖို့ ကူညီရုံသာမကဘဲ ယုံကြည်စိတ်ချရသောသတင်းရစ်မြစ်များမှ ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်သော တိကျမှန်ကန်သောသတင်းများကိုပေးဖို့လိုကြောင်း၊ လူတိုင်းသည် မိမိကာကွယ်ဆေးထိုးရမည့်အချိန်ရောက်သည့်အခါ ကာကွယ်ဆေးထိုးလိုသောစိတ်ဆန္ဒဖြင့် ထိုးကြ မည်ကိုမျှော်လင့်ပြီး ကာကွယ်ဆေးထိုးရန်အလှည့်ကျသော 1B တွင်ထပ်တိုးပါဝင်သူများမှာ သန့်ရှင်းရေးဝန်ထမ်းများ၊ Public Transit workers များနှင့် မြေပြင်လေဆိပ်ဝန်ထမ်း အဖွဲ့များ၊ အရေးပေါ်အခြေအနေအတွက်အလုပ်လုပ်ရသော Social workers များအကျူံးဝင်ပြီး စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ဆေးထိုးနိုင်ကြောင်း၊ မတ်လ၁၅ရက်မှစပြီး အသက်၁၆နှစ်မှ၆၄နှစ်ကြား၊ ပြင်းထန်သောရောဂါဒဏ်အခြေအနေရှိသူများဖြစ်ကြသည့် လတ်တလောကိုယ်ခံအားနည်းနေသော ကင်ဆာဝေဒနာသည်များ၊ အဆင့်၎နှင့်အထက်နာတာရှည်ကျောက်ကပ် ဝေဒနာရှင်များ၊ အောက်ဆီဂျင်ရှုနေရသောနာတာရှည်အဆုတ်ရောဂါသည်များ၊ Down Syndrome ဝေဒနာရှင်များ၊ ကလီဆာလဲထားပြီး ကိုယ်ခံအားနည်းနေသူများ၊ ကိုယ်ဝန်ဆောင်များ၊ Sickle cell သွေးရောဂါခံစားနေကြရသူများ၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါခံစားနေရသူများ (သွေးတိုးခြင်းကိုဆိုလိုသည်မဟုတ်။) BMI 40kg/m2 နှင့်အထက် အလွန်အမင်းအ၀လွန်သူများ၊ Haemoglobin A1c >7.5% ရှိ နေသော ဆီးချိုအမျိုးအစား(၂) ရောဂါခံစားနေရသူများအပါအ၀င် ကိုဗစ်ရောဂါဖြစ်ပွားပါက အသက်အန္တရာယ် ကြုံနိုင်ချေများသူများသည် ကာကွယ်ဆေးကို ၂၀၂၁၊ မတ်၁၅မှစပြီး ထိုးနိုင်ကြောင်း၊ LA County တွင်နေထိုင်သူ (သို့မဟုတ်)အလုပ်လုပ်နေသူများသာ LA County တွင် ကာကွယ်ဆေးထိုးရန်ရက်ချိန်းယူနိုင်ကြောင်း တို့ကိုပြောကြားခဲ့သည်။ အင်တာနက်ခက်ခဲသူများသည် ဖုန်း (၈၃၃)-၅၄၀-၀၄၃၇ သို့ မနက်၈နာရီမှည၈နာရီခွဲအထိ ပိတ်ရက်မရှိဖုန်းဆက်ပြီးရက်ချိန်းယူနိုင်ပါပြီး ကာကွယ်ဆေးထိုးမည့်နေ့တွင် မိမိ၏ဓာတ်ပုံပါသော ID, သို့မဟုတ် ၀န်ထမ်းကတ်ပြား၊ LA County တွင်နေထိုင်သော (သို့မဟုတ်)အလုပ်လုပ်သော အထောက်အထားစာရွက်၊ စာတမ်း၊ ကတ်ပြားများကို ယူဆောင်လာရမည်ဖြစ်သည်။

LA County Office of Education Superintendent Dr. Debra Duardo က LA County တွင် Public school disctricts ၈၀၊ Charter Schools ပေါင်း၃၀၀ကျော်ရှိပြီး မူကြိုမှ ၁၂တန်းထိ ကျောင်းသားပေါင်း၂သန်း၊ ကျောင်းဝန်ထမ်းပေါင်း ၁၅၀, ၀၀၀ ခန့်ရှိပြီး ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းပိတ်ထားပြီး အင်တာနက်မှစာသင်ယူကြရသည့်တစ်နှစ်တာ ကာလတွင် ကျောင်းသားများ၏ပညာရေးသာမကဘဲ နေ့စဉ်လူနေမှုဘ၀ကိုပါ ထိခိုက်မှုရှိကြောင်း၊ ကိုဗစ်ကပ်ရောဂါသည် လူမျိုးစုအသီးသီးကို အချိုးအစားမညီမမျှစွာ ဆိုးကျိုးများရိုက်ခတ်ခဲ့ကြောင်း၊ ယခုကျောင်းပိတ်ထားသည့်ကာလကို ရပ်တန့်နိုင်အောင်ကြိုးစားပြီး ကပ်ရောဂါမှအတွေ့အကြုံများကိုသင်္ခန်းစာယူကာ အရည်အသွေးပြည့်ဝသောပညာရေးစနစကို ၀င်ငွေနိမ့်မိသားစုများမှ ကျောင်းသားများ၊လူမျိုးစုပေါင်းစုံမှ ကျောင်းသားများကို တန်းတူညီမျှရရှိသင်ယူနိုင်ရေးအတွက်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ယခုကျောင်းပြန်ဖွင့်မည့်အတန်းများမှာ TK မှ ၆တန်းအထိ၊ Special needs သီးသန့်လိုအပ်ချက် ရှိသောအတန်းအားလုံးမှ ကျောင်းသားကျောင်းသူများ၊ English language leaners, နှင့် အဝေးသင်သင်ကြားခြင်းအတွက် အခက်အခဲရှိသူများပါ In person ကျောင်းတက်နိုင်မည်ဖြစ်ကြောင်း၊ LA County သည် Red Tier အဆင့်သို့ ရွေ့လျားနေလျက်ရှိရာ ထို့နောက်တွင် ၇တန်းမှ၁၂တန်းထိ ကျောင်းသားများအတွက်
ကျောင်းဆက်လက်ဖွင့်ပေးမည်ဖြစ်ကြောင်း၊ နောက်ဆုံးကောက်ထားသော စစ်တမ်းများအရ District ၏ ၇၁ရာခိုင်နှုံးသည် ဧပြီလလယ်တွင် ကျောင်းများပြန်ဖွင့်ရန်သဘောတူ၊ ပြင်ဆင်နေကြကြောင်း၊ ကျောင်းဝန် ထမ်းများအတွက် ကာကွယ်ဆေးများ ရရှိထားမှုအခြေအနေများအကြောင်း၊ ကျောင်းသားများသည် တန်ဖိုးထားရသူများဖြစ်သဖြင့် ယင်းတို့၏ အဝေးသင်တစ်နှစ်တာကာလအတွင်း စိတ်ခံစားမှုအခြေအနေ၊ အတွေ့အကြုံနှင့်အခက်အခဲများကို သိရန်လိုကြောင်းများကို ဆွေးနွေးခဲ့သည်။

Arcadia High School တွင်ပညာသင်ကြားနေသော Senior အထက်တန်းကျောင်းသား Nathan Kuo, the student advisor to the LA County office of education က သူကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့သော ကျောင်းသားများ၏ ကိုဗစ်ကပ်ရောဂါကာလမှအဝေးသင်ပညာရေးအကြောင်းကိုတင်ပြရာ နည်းပညာပိုင်းအခက်အခဲများဖြစ်သည့် အင်တာနက် အဆင်မပြေခြင်း၊ ကွန်ပြူတာအခက်အခဲရှိခြင်း၊ Zoom ဖြင့်အချိန်တိုင်းသင်ယူရသည့်အခါ နိုးကြားတက်ကြွမှုမရှိတော့ခြင်း၊ အင်တာနက်၊ ကွန်ပြူတာ၊ နည်းပညာပြဿနာများ ကြောင့်စိတ်ဖိဆီးမှုဖြစ်ကာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်ခြင်းများကို ကြုံတွေ့ရကြောင်း၊ မိဘများအလုပ်လုပ်ကြသော ကျောင်းသားများမှာ အိမ်တွင်တစ်ဦးထဲ စာသင်နေခဲ့ရသဖြင့် သီးခြားခွဲထားသလိုခံစားရကြောင်း၊ ဆရာများက ထိုကာလတွင်တွေ့ကြုံရသောအခက်အခဲများကိုအတတ်နိုင်ဆုံး ညှိုနှိုင်းပေးသော်လည်း ကျောင်းသားများမှာ အိမ်မှာနေထိုင်သောဘ၀နှင့်ကျောင်းတက်
ရသောဘ၀မှာ ရောထွေးကုန်ကြောင်း၊ ထိုအိမ်မှာနေရချိန်နှင့်ကျောင်းတက်ချိန်
ရောထွေးမှုကြောင့် ကျန်းမာရေးမျှခြေကို ထိန်းညှိရန်ခက်ခဲလာကြောင်းများကို ဆွေးနွေးခဲ့သည်။