၁။ တနင်္ဂနွေနေ့ဖွား
ငွေဝင်အထူးကောင်းသာလ ဖြစ်သည်။ အလုပ်ပုံမှန်ဖြစ်သော်လည်း အလုပ်ပြောင်းလိုစိတ်ဖြစ်မည်။ လက်ရှိအလုပ်၌ စိတ်မဝင်စားပါ။ မိန်းမဖြစ်လျှင် ခင်ပွန်းသည်နှင့် ပြဿနာဖြစ်မည်။ ယတြာ ။ ။ ကိတ်မုန့် ၂ချပ် လှူဒါန်းပါ။

၂။ တနင်္လာနေ့ဖွား
အလုပ်ကံ ငွေကံကောင်းသောလ ဖြစ်သည်။ ရာထူးတိုးခြင်း၊ အလုပ်တိုးချဲ့ရခြင်း ဖြစ်မည်။ ဆီးရောဂါ၊ ကျောက်ကပ်ရောဂါ သတိထားပါ။ ပြဿနာမှုခင်း ရုတ်တရက် ဖြစ်ပေါ်တွေ့ကြုံ တတ်သည်။ ယတြာ ။ ။ အုန်းနို့ယာဂု ကပ်လှူပါ။

၃။ အင်္ဂါနေ့ဖွား
အလုပ်ကောင်းနေသည့်ကြားမှ ပြဿနာဖြစ်မည်။ ချစ်သူအတွက် သောကတွေ့မည်။ မိန်းမကိစ္စဖြစ်၍ ပြဿနာမှုခင်း ဖြစ်ပေါ်မည်။ ယတြာ ။ ။ အုန်းနို့ဆန်ပြုတ် ဆွမ်းကပ်ပါ။

၄။ ဗုဒ္ဓဟူးနေ့ဖွား
အလုပ်၌ အောင်မြင်မှုများ ရရှိနိုင်သော်လည်း သောကမအေး ဖြစ်မည်။ ခံစားခွင့်ကြုံသော်လည်းလက်လွတ်ဆုံးရှုံးတတ်၍ သတိထားပါ။ ယတြာ။ ။ ပန်းသီး ၃ လုံး ကပ်လှူဆုတောင်းပါ။

၅။ ကြာသပတေးနေ့ဖွား
စပ်တူလုပ်ငန်းမှ အကျိုးအမြတ် ဆုံးရှုံးနစ်နာနေမည်။ အရင်းစိုက်ထားသော ငွေများဆုံးရှုံးမည်။မိတ်ဆွေကောင်း တွေ့မည်။ အလုပ်အတွင်း၌ ရန်ပေါ်နေမည်။ အဆင်ပြေနေမည်။ ယတြာ ။ ။ ပဲမုန့် ကပ်လှူ ဆုတောင်းပါ။

၆။ သေကြာနေ့ဖွား
ငွေဝင်အလွန်ကောင်းသောလဖြစ်၍ ထီထိုးပြီးကံစမ်းကြည့်ပါ။ လစာတိုးခြင်း၊ ပေးထားသောအကြွေးငွေများ ပြန်လည်ရရှိခြင်း၊ အမွေရခြင်းများ ဖြစ်ပေါ်မည်။ ဇနီးဖြစ်သူနှင့် ပြဿနာမှုခင်း ရင်ဆိုင်ရမည်။ ယတြာ ။ ။ ကြံပန်းခိုင် လှူဒါန်းပါ။

၇။ စနေနေ့ဖွား
အလုပ်မကောင်းပါ။ လက်ရှိအလုပ်မှ ထွက်ရကိန်း၊ ပြုတ်ကိန်း ရှိနေသည်။ သို့သော် ငွေကြေးအဆင်ပြေမည်။ မိန်းမဖြစ်လျှင် လင်ယောက်ျားအတွက် အပူသောကတွေ့ကြုံနိုင်ပြီး၊ ယောက်ျားဖြစ်လျှင်ဇနီးနှင့် ကွဲကွာရကိန်း ရှိနေသည်။ ယတြာ ။ ။ ကိတ်မုန့်နှင့် ကော်ဖီ ကပ်လှူပါ။

 ဗေဒင်သုတ-

ကရင်သားမွေး ခေါင်းမဆေးရ

ခေါင်းလျှော် ခေါင်းဆေးခြင်းကိစ္စများသည် ယခုခေတ်ကာလတွင် နေ့အခါမရွေး ပြုလုပ်နေကြသော်လည်း ရှေးလူကြီးများသည် နေ့ရက်ကို ရွေးချယ်၍ ဦးခေါင်းလျှော်ကြလေ့ရှိပြီး မင်္ဂလာယူကြလေ့ရှိ၏။
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသူတို့သည် ရောင်းဝယ်ရေးကိစ္စမျိုးအောင်မြင်ခြင်း လာဘ်လာဘ ပေါများစွာဝင်ခြင်း၊အခက်အခဲမရှိ ပြုသမျှကိစ္စများအောင်မြင်ခြင်းစသော အယူအဆများ ရှိကြသဖြင့်ဦးခေါင်းလျှော်ခြင်း ဆေးခြင်းကိစ္စများကို မွေးနေ့အလိုက်ရက်ရွေး၍ ခေါင်းဆေးလေ့ရှိကြပါသည်။
ကရင်သားမွေး ခေါင်းမဆေးရဟူသော ဆောင်ပုဒ်အရ- မွေးနေ့အလိုက်ရှောင်ရမည့်နေ့များမှာ 

၁။ တနင်္ဂနွေနေ့ဖွား= တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ ကြာသပတေး
၂။ တနင်္လာနေ့ဖွား= အင်္ဂါ၊ ကြာသပတေး၊ စနေ၊ သောကြာ
၃။ အင်္ဂါနေ့ဖွား= ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ၊ စနေ
၄။ ဗုဒ္ဓဟူးနေ့ဖွား= ကြာသပတေး၊ စနေ၊ တနင်္လာ၊ တနင်္ဂနွေ
၅။ ကြာသပတေးနေ့ဖွား= သောကြာ၊ တနင်္ဂနွေ၊ အင်္ဂါ၊ တနင်္လာ
၆။ သောကြာနေ့ဖွား= စနေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ အင်္ဂါ
၇။ စနေနေ့ဖွား= တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ဗုဒ္ဓဟူး
စသည်ဖြင့် မိမိတို့ နေ့နံဖွားအလိုက် ယှဉ်တွဲပြထားသောနေ့များတွင် ခေါင်းမလျှော်အပ်ပါကြောင်းနှင့် အကယ်၍ ခေါင်းဆေးခေါင်းလျှော်ပြုမိပါက၊ လုပ်ငန်းကိစ္စများ ပြောဆိုဆောင် ရွက်စရာများရှိလျှင် အဆင်မပြေထစ်ငေါ့နေတတ်ခြင်း။ကျန်းမာရေး လူမှုရေးများ ကျဆင်း၍ လာဘ်တိတ်တတ်ခြင်းများဖြစ်တတ်ပါကြောင်း ဗေဒင်သုတအဖြစ် တင်ပြအပ်ပါသည်။
ဆရာဦးအောင်ပိုင်( နယူးယောက်)

About kai

Kai has written 1023 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.