“အရေးတော်ပုံ ကာလမှာ ကိုယ့်ရဲ့ စိတ်ကိုcare လုပ်နည်း”

Mon LayApril 25, 20211min31510


ကိုယ့်ရဲ့စိတ်ဟာ အပြင်ပန်း ခန္ဓာကိုယ်ထက် အများကြီး အရေးကြီးပါတယ်။
အပြင်ပန်းမှာ ထိခိုက်ဒဏ်ရာရသွားရင် ကုသဖို့ လွယ်ပေမဲ့ စိတ်ထဲက ဒဏ်ရာတွေဟာတော့ မြင်နိုင်ဖို့ ခက်လှပါတယ်။

အထူးသဖြင့် အခုလိုကာလမှာ မနက် မိုးလင်းက ညမိုးချုပ်ထိ social media ပေါ်မှာ နေရတဲ့ သူတွေဟာ စိတ်ထောင်းကိုယ်ကြေ ပိုဖြစ်နိုင်ကြပါတယ်။

မနက်ကနေ ညထိ စိတ်ညစ်စရာ၊ ဒေါသထွက်စရာ ၊ စိတ်ရှုပ်စရာတွေ ကြုံတွေ့ နေရတဲ့အခါ Excessive Frustration လို့ခေါ်တဲ့ ဆက်တိုက် အခဲမကြေ ဖြစ်မှုတွေဖြစ်လာပါတယ်။ (၂၄) နာရီလုံး ဒီလိုဖြစ်တဲ့အခါ တစ်ဖြေးဖြေး ခြေကုန်လက်ပမ်း ကျလာပါတယ်။ တိုက်ပွဲတစ်ခုမှာ အရေးကြီးဆုံးက စိတ်ဓာတ်အင်အားဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ Psy-War လို့ခေါ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေ ပေါ်လာတာဖြစ်ပါတယ်။
နေ့စဉ်ရက်ဆက် စိတ်တက်လိုက် ကျလိုက် ဖြစ်နေပြီး ကိုယ့်ကိုကိုယ် အနားမပေးတဲ့အခါ အရှုံးပေးလိုက်ဖို့ ပိုလွယ်ကူပါတယ်။ ဒါကြောင့် အရေးတော်ပုံကာလမှာ ကိုယ့်ရဲ့ anxiety တွေကိုဘယ်လို ထိန်းချုပ်ကြမလဲ။

(၁) တရားထိုင်ပါ။ တစ်နေ့လုံး အနည်းဆုံး ဆယ်မိနစ် ဝင်လေ ထွက်လေမှတ်ပါ။ Meditate လုပ်တာဟာ ဘယ်လူမျိုးမဆို လုပ်လို့ရတဲ့ ကိုယ့်ရဲ့စိတ်ကို ပိုပြီး သန်မာလာစေတဲ့ အထိရောက်ဆုံးလေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သက်လုံကိုလည်း ကောင်းစေတဲ့အတွက် အပြင်ထွက်ရမယ့် နေ့တွေဆိုလည်း အမြဲ ဝင်လေထွက်လေကို ငါးမိနစ်ဖြစ်ဖြစ်ရအောင် ထိုင်ပါ။

(၂) အနည်းဆုံး နှစ်နာရီ social media နဲ့ ဝေးဝေးနေပါ။ ဖုန်းကို ခဏချပြီး ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ ပန်းချီခြယ်တာဖြစ်ဖြစ် ၊ စာအုပ်ဖတ်တာဖြစ်ဖြစ်၊ သီချင်းနားထောင်တာ ဖြစ်ဖြစ် ကိုယ့်စိတ်ကို ခဏအနားပေးပါ။

(၃) တစ်ချိန်လုံး စိတ်ဆင်းရဲနေဖို့ လိုတယ်ဆိုတဲ့ အတွေးကို ပယ်ပါ။ အခုလိုကာလမှာ ရန်သူကို မမေ့တာ ကောင်းပါတယ်။
သို့သော် (၂၄) နာရီလုံး လွှမ်းမိုးမခံပါနဲ့။
ဥပမာ စားတာ၊ အိပ်တာ ကအစ အပြစ်တစ်ခုကျူးလွန်မိသလို ခံစားနေရတာမျိုး၊
ပြုံးတာရီတာ ကအစ ကန့်သတ်တာမျိုးတွေဟာ ကိုယ့်ရဲ့ စိတ်ကို ကိုယ်တိုင်ညှင်းပန်း နှိပ်စက်သလိုဖြစ်စေပါတယ်။ဝမ်းနည်း ပူဆွေးလို့ရပါတယ်။ လွှမ်းမိုးမခံပါနဲ့။

(၄) Negative အတွေးတွေ အရမ်းများလာတိုင်း ချရေးပါ။ Anxiety တွေအရမ်းများလာပြီး ကိုယ့်အတွေးတွေကို မထိန်းချုပ်နိုင်တော့ဘူးဆ်ို စာရွက်ပေါ်မှာ ချရေးပြီး ဆွဲဖြဲလိုက်ပါ။ မကောင်းတဲ့ negative တွေပါသွားအောင်ပါ။