“Nangyang Institute of Management သင်တန်း အားမတက်ကြပါရန်”

etoneSeptember 8, 20101min843

“Nangyang Institute of Management သင်တန်း အားမတက်ကြပါရန်”

“Nangyang Institute of Management သင်တန်း အားမတက်ကြပါရန်”

.Nanyang Institute of Management (NIM) ဟုအမည်ရသော
Hotel and Tourism Management ကျောင်းတွင်လာရောက် တက်ရောက်လိုကြသော
ကျောင်းသား ကျောင်းသူများအား ကိုယ်တွေ့နှင့်ယှဉ်ကာ သတိပေးလိုပါသည်။

– စာသင်ခန်းတွင်း ၆လ နှင့် အလုပ်သင် (Job Trainee) ၈လ ပြီးလျှင် Diploma
ရရှိမည်ဖြစ်သော အဆိုပါသင်တန်းသည် ကျောင်းသားများထံမှ ငွေကြေး
ရရှိရေးသာ ဦးစားပေးသော သင်တန်းကျောင်း ၁ခု ဖြစ်သည်။

– စာတွေ့ ၆လတာ ကာလတွင် ဆရာ/ဆရာမ များအနေနှင့် ကျောင်းသားများအပေါ်
ဘက်လိုက်ဆက်ဆံမှုများ ပြုလုပ်ခြင်း (စာမေးပွဲအောင်မြင်မှု ကျရှုံးမှု)
အမှတ်ပေးရာတွင်လည်း စည်းမျဉ်း စည်းကမ်းများ မရှိဘဲ မျက်နှာကြီးရာ
ဟင်းဖတ်ပါတတ်ခြင်း

– စာမေးပွဲကို အကြောင်းပြုကာ ငွေကြေးများ ထပ်မံလိမ်ညာယူခြင်း (ဥပမာ –
စာမေးပွဲကျပါက စာမေးပွဲကြေး $107 ပေးကာ ပြန်လည်ဖြေဆိုရခြင်း)
နောက် ၁နည်းမှာ ထိုဘာသာရပ်အား သင်တန်းကြေး $1300 ပေးသွင်းကာ ပြန်လည်
သင်ကြားရခြင်း

– အလုပ်သင်ကာလဆိုသည်မှာ ကျောင်းသားများ၏လုပ်အားကို ရောင်းစားခြင်းသာ
ဖြစ်သည်။ Management သင်တန်းကျောင်းမှဟု ဆိုကာ
စားပွဲထိုး ၊ တံခါးစောင့် အစရှိသည့် အောက်ခြေအလုပ်များအား ငွေကြေး
အနည်းအကျဉ်းပေးကာ ခိုင်းစားခြင်းသာ ဖြစ်သည်။

– 5 star / 6 star ဟိုတယ်လ်များ တွင် အလုပ်သင် ဆင်းရသည့်သူများမှာလည်း
ရရှိသောငွေကြေးနှင့် မတန်စွာ ခိုင်းခံရသည်။

– Madrine Oriental (5star) တွင် အလုပ်သင်ဆင်းနေသော သူငယ်ချင်းမှာ တစ်နေ့
ပန်းကန် အချပ် ၂၀၀ဝ ကျော် သုတ်ရခြင်း၊ ပန်းကန်အချပ် ၃ဝ ကျော်ကို
တစ်ပြိုင်နက် တည်း သယ်ရခြင်း၊ အချိန်ပို လုပ်အားခ မပေးဘဲ
အလုပ်ချိန်ပိုလုပ်ရခြင်း

– Front Office ဆိုကာ လူတကာ အထင်ကြီးသော်လည်း အမှန်မှာ တံခါးစောင့် သာ
ဖြစ်သည်မှာ ကိုယ်တွေ့ဖြစ်သည်။ မည်သည့် hotel တွင်မဆို အများဆုံးရရှိသည့်
လစာမှာ $600 ခန့်သာဖြစ်သည်။

– ကျောင်းသားအများစုမှာ အလုပ်တွင်အဆင်မပြေမှုများကို
ကျောင်းကိုတင်ပြကြသော်လဲ ကျောင်းမှ တာဝန်ရှိသူများမှာ
ကျောင်းသားများအားကာကွယ်ပေးခြင်းမရှိပဲ
ကြိမ်းမောင်းခြင်း၊ဆဲဆိုခြင်း နှင့် အလုပ်ပြောင်းပါက student pass
ဖျက်သိမ်းပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်း၊ များပြုလုပ်တတ်ကြသည်။

ထို့ကြောင့် ကျွန်တော်တို့အနေနှင့် မြန်မာနိုင်ငံမှ
စင်ကာပူနိုင်ငံတွင်လာရောက်ပညာသင်ယူလိုသူများအား အဆိုပါ Nangyang
Institute of Management သင်တန်း
အားမတက်ကြပါရန် အကြံပေးလိုပါသည်။

ထပ်ပြီးပြောလိုတာကတော့ကျောင်းမှာသင်တဲ့စာနဲ ့တကယ်ဆင်းရတဲ ့လက်တွေ ့နဲ
့ဟာတခြားစီပါ။။ ကျောင်းမှာကြီးကြီးကျယ်ကျယ်တွေသင် ဉာဏ်စမ်းဟုဆိုကာ
ခက်ခက်ခဲခဲတွေလျှောက်မေးနဲ ့ကျောင်းသားတွေကိုစာမေးပွဲအောင်ရန်မလွယ်အောင်
ပြုလုပ်ပြီး တကယ်လက်တွေ ့တွင်မူ စာထဲသင်တာ ဘာမှမပါပါ။။ လက်တွေ ့တွင် သန့်ရှင်းရေးလုပ်ရခြင်း။ တနေကုန်ခြေတိုအောင်ပန်းကန်သိမ်း ခုံသုတ်ဖြင့်မနားရပါ။။ ကျောင်းသင်ခန်းစာတွင် စာမသင်ပဲ ပန်းကန်ဆေးနည်း။
တစ်နေကုန်ကျောင်းကိုပတ်ကာ သန် ့ရှင်းရေးလုပ်ခိုင်းခြင်း ခုံတွေ စားပွဲတွေ
ဟိုမှသည် သယ်ခိုင်းခြင်းများပြုလုပ်ပါက ကျောင်းသားများအတွက်
ပိုအဆင်ပြေနိုင်လိမ် ့မည်။။

သန် ့ရှင်းရေးလုပ်ဖို ့ခုံသယ်ဖို ့မြန်မာငွေသိန်း ၁၀ဝ ကျော်အကုန်အကျခံကာ
သည်ကျောင်းကိုလုပ်ကျွေးခြင်းသာဖြစ်သည်။။ မြန်မာအေဂျင်စီများကလည်း
ကိုယ့်လူမျိုးအချင်းချင်း ကာကွယ်ရမည်မသိဘဲ
ငွေအနည်းအကျဉ်းပွဲခရရုံမျှဖြင့် ကိုယ်လူမျိုးမြန်မာတွေကို
overpromise တွေပေးကာ မရအရသွေးဆောင်နေပါသည်။။

တကယ်ကျောင်းသာများသိသောအခါ နောင်တမှတပါးမရှိတော့ပါ။။ ကိုယ်နဲ
့သက်ဆိုင်သူတွေ ကိုယ်ပတ်ဝန်းကျင်ကသူတွေ နိုင်ငံခြားလာချင်သူတွေ
ဟိုတယ်မှာမန်နေဂျာလုပ်ချင်သူတွေကို ပို ့ပေးကြပါ။။

(Just Sharing from forwarded mail)

3 comments

  • ဆူး

    September 8, 2010 at 5:54 am

    တချိန်က သွားတတ်ရကောင်းနိုးဆိုပြီး စုံစမ်းခဲ့သေးတယ် သူငယ်ချင်းများကတော့ သွားတက်ပြီး တပ်ခေါက်ပြန်လာကြ သူတွေလည်း မနည်းဘူး။ သွားတဲ့သူငယ်ချင်းတွေကတော့ ကိုယ်စီ ဘဲတွေရ ယောကျား တွေရနဲ့ သူတို့ ကျောင်းကို အကြောင်းပြုပြီး ဖူးစာဖက်တော့ ရသွားရှာကြတဲ့ အကျိုးအမြတ်ဘဲ ကျန်ခဲ့တယ်။ စိတ်ကူးနဲက လက်တွေ့ တခြားဆီဆိုတာ ကိုတော့ အချိန်ကြာလေပိုသိလေဘဲ။ အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ဘဲ အိမ်မှာ နေပြီး အလုပ်ကူပေးတာမှ မှန်ကန်ပါလားဆိုတာ ကြာလေ သက်သေက ကြီးလေဘဲ။

  • mG

    September 8, 2010 at 12:42 pm

    အင်း………..။ဟုတ်တယ်ဗျ။ကျွန်တော် အဲ့ဒါကို သိနေတာ တော်တော်ကြာနေပြီဗျ။ ပြောရင်ကောင်းမလား မကောင်းဘူးလား ဆိုတာကို စောင့်နေတာဗျ။ဒါပေမဲ့ အခုလို တင်ပေးတဲ့ လူရှိလာတော့ အိုကေတာပေါ့ဗျာ။ကျေးဇူးပါဗျာ။ကျွန်တော်တို့မြန်မာလူမျိုးတွေက နိုင်ငံခြားမှာပိုက်ဆံပိုရလို့ အလုပ်သွားလုပ်ကျရင်းကလေ ကျွန်လုံးလုံးကို ဖြစ်နေကျတာတွေကို မကြည့်ရပ်ဘူးဗျာ။မြန်မာမှာလည်း ပညာရှင်တွေကို ထောက်ခံပြီး အလုပ်ပေးနေတဲ့ နေရာတွေရှိနေပါတယ်။ကျွန်တော်ဆိုရင် အခု Programming နဲ့လုပ်နေတဲ့ Company မှာဆိုရင် တလကို ဒေါ်လာ 750 ရတယ်ဗျ။အဲ့မှာက ကိုယ့်တာဝန်ကျရာ ကိုယ်ပြီးအောင်လုပ်ရမယ်။ဒါပဲဗျ။ဒါပေမဲ့ ကိုယ့်မှာ ပိုင်နိုင်တဲ့ ပညာရပ်ရှိဖို့ပဲလိုပါတယ်။ကျွန်တော့လိုမျိုး လူတွေနောက်ထပ် အရောက် ရာနဲ့ချီပြီး ခေါ်မယ်လို့ သူဌေးကပြောဖူးတယ်ဗျ။ဒီကလူတွေ အားလုံးကိုလည်း တခြားနိုင်ငံမှာ နိုင်ငံကိုစွန့်၊မိဘနဲ့ခွဲ အရာအားလုံးကို လွမ်းပြီးအလုပ်လုပ်နေမှာလား။ကိုယ့်ဘက်က ခိုင်မာတဲ့ ပညာရပ်တခုကို ကြိုးစားသင်ယူပြီးတော့မှ ကိုယ့်ရဲ့အစွမ်းကိုပြရင်တော့ဗျာ။ဘယ်တော့ စားလို့တောင်မကုန်ဘူးဗျ။ချမ်းသာလိုက်မဲ့ ဖြစ်ချင်းနော်။ကျွန်တော်က ကွန်ပျူတာကို စိတ်ဝင်စားတဲ့လူမဟုတ်ဘူး။ဒါပေမဲ့ အောက်ကျမှာဆိုလို့ ခေတ်ပညာကို လေ့လာရင်းနဲ့ဒီနေ့အချိန်ထိဖြစ်လာတာပါ။ကျွန်တော့်ကို ဆက်သွယ်မယ်ဆိုရင်တော့…..။leonveez@gmail.com

  • MandalayThar

    September 10, 2010 at 7:39 am

    အင်းဗျာ ကျွန်တော်လည်း ပြောပြအုံးမယ်။ ကိုယ်တွေ့ ဖြစ်ရပ်လေး။ အဲဒီကောင်လေးက ရန်ကုန်က သူကရန်ကုန်မှာ networking လေးဘာလေး နည်းနည်း သင်ဘူးတယ်။ သူတတ်တာက Raffles Education မှာ Networking course ပေါ့။ သူက ရန်ကုန်က agent တွေက တော့ Agent (ပွဲစား) ဘဲ ဆိုတော့ လျှောက်ပြောတာပေါ့.. (သူတို့လည်း တတ်ဘူးတာမဟုတ်ဘဲနဲ့) ကျောင်းက ဘယ်လို၊ ဘာတွေကောင်းတာ၊ ကျောင်းပြီးရင် ဘာရမှာ၊ အဲဒီ လက်မှတ်နဲ့ဆို လခဘယ်လောက်ဆို အသာလေး ဘာညာနဲ့ ပွဲစားစကားပြောတာပေါ့။ သိတဲ့ အတိုင်းဘဲ မြန်မာပြည်က လူငယ်တွေက နိုင်ငံခြားမှာကျောင်းတတ်ရမှာ ဘာညာနဲ့ ဆိုနည်းနည်း စွန့်စားချင်ကြတာပေါ့။ ကောင်လေးက လိမာပါတယ်။ သူ့မိဘက အရှိကြီးတော့ မဟုတ်ဘူး။ သားပညာရေးဆိုတော့ မိဘ မှာ တာဝန်မကျေမှာလည်း စိုးရိမ်တော့ ရှိတာလေးနဲ့ ကြည့်ကျပ်ပြီးလုပ်ပေးလိုက်တယ်။ ဒါနဲ့ကောင်လေး က ဒီရောက်လာတာပေါ့။ ရောက်လာတော့ စားစရိတ်တွေက သိတဲ့ အတိုင်း ကြီး၊ ကျောင်းသွားအပ်တော့ ပထမ ၆ လစာ သွင်းပေါ့။ ကျောင်းအချိန်ဇယားတွေ ဘာတွေမေးတော့ ၁ ပတ်မှာ ၂ ရက်ဘဲ။ ကျန်တဲ့ ၅ ရက်က ထိုင်နေဘဲ။ (Agent ပြောတော့ ၅ ရက်လောက် တတ်ရမှာ လိုလို ဘာလိုလိုပေါ့) အလုပ်လည်း လုပ်လို့မရ။ သင်တာကလည်း ဒီ course ကလည်း မြန်မာပြည် Networking သင်တန်းတွေမှာ သင်လို့ရတဲ့ အရာတွေဘဲ။ သိပ်ပြီး ထူးဆန်းတာဘာမှ မပါဘူး။ ဒီ ၂ နှစ်ပြီး ရင်ဒီပလိုမာ ဘဲ ရမှာ ပိုက်ဆံတွေက သောက်သောက်လဲ ကုန်မှာ။ ဒီ ဒီပလိုမာနဲ့ အလုပ်ရဖို့က မသေချာ။ ဒါနဲ့ မှန်းချက်နဲ့ တတ်တတ်လွဲတော့တာဘဲ။ ကောင်လေးက သူ့ ရိုက်ခံရပြီဆိုတာ သိတော့ ပထမ ၃ လ ဘဲနေပြီး မြန်မာပြည်ကို စိတ်ဓါတ်ကျကျနဲ့ ပြန်သွားရရှာတယ်။ သူလည်း စိတ်မကောင်းဘူး သူ့မိဘ ပိုက်ဆံတွေကို ဖြုန်းသလိုဖြစ်သွားတယ်။ အဲလိုကောင်လေးတွေ က အများအားဖြင့် ရန်ကုန်သားတွေ ဖြစ်တတ်တယ်။ (တကယ်) နယ်ကလူတွေက သူတို့ သိဘူး မတတ်ဘူးဆိုရင် တောသားဘဲဆိုပြီး ရအောင် အချက်အလက်တွေ သေချာမေးတတ်တယ်။ သေချာစုံစမ်းပြီးမှာ လာကြတာများတယ်။

    ခက်တာက မြန်မာပြည်က Agent တွေ သူတို့တွေက သူတို့ကျောင်းသားတယောက်ကို ကော်မရှင် ဘယ်လောက်ရမှာဘဲ ဆိုပြီး လျောက်ပြောပြီး အတင်းတတ်ဖို့ မဲဆွယ်ကြတယ်။ လျောက်ပြောကြတာ။ ခင်ဗျား နည်းနည်းလေးသွားပြီး သူတို့ဆီ စုံစမ်းကြည့်လိုက် ခင်ဗျားကို အတင်းလိုက်ပြီး ဆွဲတော့တာဘဲ။ အဲဒီမှာ လူငယ်လေးတွေ စိတ်လည်လာပြီး ဘာမှမစုံစမ်းဖြစ်ဘဲ apply လုပ်မိတော့တာဘဲ။ ဒီရောက်လာမှ ကလေးတွေ ဒုကရောက်ကြရတယ်။ မလုပ်သင့်ဘူးထင်တယ်။ မြန်မာပြည်က ကလေးတွေက ချမ်းသာနေကြတဲ့ လူတွေမဟုတ်ဘူး။ ပညာငတ်နေကြလို့သာ မိမိဘဝ ကို စွန်စားပြီးလုပ်ကြတာ။ သူတို့တတွေတင်မဟုတ်ဘူး သူတို့မိသားစုတွေပါအနောက်မှာ မျှော်လင့်ချက်ကြီးတွေနဲ့ ရှိနေတယ်။

    ကြည့်လိုက်ပါ သတင်းစာတွေ ဂျာနယ်တွေမှာ ဘယ်နိုင်ငံမှာ ဘယ်တကသိုလ်ကြီးက ဘာဒီပလိုမာတွေကို တတ်ဖို့ ဟော်တယ်ကြီးတွေမှာ သင်တန်းမိတ်ဆက်ပွဲတွေ ဘာတွေလုပ်ပေးပြီး ကြော်ငြာ (ရိုက်စား) လုပ်နေကြတယ်။ ဒါတွေကို ဂျာနယ်တွေက အဟုတ်သတင်းကြီးတွေလုပ်ပြီး အခမဲ့ ကြော်ငြာပေးနေလိုက်သေးတယ်။ တကယ်ဆို တကယ်ဆို ဒီမှာ ဖြစ်ပြတ်နေတာတွေကို သိအောင် ပြည်သူကို အသိပေးသင့်တာပေါ့ဗျာ။ နောက်ကလေးတွေ ဒါမျိုး ရိုက်စားအဖြစ်မခံရဖို့ မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကို မှ ထိခိုက်အောင်ပြောတာ မဟုတ်ပါဘူး။ တကယ် ဖြစ်နေလို့ပါ။ ရေးတဲ့သူ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။

Leave a Reply