လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ။

etoneSeptember 8, 20101min45

ကဲ … အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ(လက်အုပ်ချီတဲ့ပုံစံကို ဆိုလိုတာပါ)…
လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့ိုလိုမယ်နော်…
ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။

ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

1. လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ…
လက်မကိုခွါလို့ ရပါတယ်…
လက်မဆိုတာ မိဘကိုဆိုလိုတာပါ…
လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်…
ဒါကြောင့် ခွါလို့ရတာပါ။

2. နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ…
လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ…
သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

3. နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်… ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး )

4. နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး…
လက်သန်းလေးကို ထပ်ခွါကြည့်ပါ…
ဒါကတော့ သားသမီးတွေပါ…
သူတို့လည်း ခွဲခွါကြမှာပါ။

5. ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ…
ခွါလို့ရလား…
ခွါလို့မရဘူးမဟုတ်လား…
ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်…
ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။

ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။
ဒါပေမဲ့ ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုကော ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။

2 comments

  • mG

    September 8, 2010 at 12:31 pm

    ဟိုး………..။မိုက်တယ်ဗျာ။အရမ်းခိုက်တယ်။ဟုတ်တယ်ဗျ။ဘယ်လိုမှ ခွာမရဘူးဗျာ။ဟီး ဟီး…….။အခုမှပဲ အဖြစ်မှန်ကို သိတော့တယ်ဗျာ။ပြောပြလို့ကျေးဇူးပါနော်။နောက်များ ရှိသေးရင်ပြောအုန်းနော်။စောင့်မျှော်နေမယ်နော်။

  • july htun

    February 15, 2013 at 2:29 pm

    လက်ထက်လက်စွက်နဲ့ပတ်သက်ပြီး နောက်ထပ်သိချင်တာလေးတခုရှိပါတယ်ရှင်…..လက်သကြွယ်ရဲ့ ဝဲဘက်နှင့် လက်ယာဘက်နှစ်ခုရှိပါတယ်….စေ့စက် လက်စွက်နှင့် လက်ထက်လက်စွက်ကို ဘယ်ဘက် မှာဝတ်ရမယ် ဆိုတာကိုပါသိချင်ပါတယ်……:)

Comments are closed.