ထူးဆန်းသော ဟင်းသီး

saundSeptember 10, 20101min3609

ကမာ္ဘ ပေါ်မှာ နေရာ ဒေသအလိုက် တွေ ့ရှိရတဲ့ သဘာဝ သစ်ပင် တောတောင် ရှုခင်းနဲ ့ တိရိစ္စာန် တွေဟာ လေ့လာ လို ့မကုန် နိုင်ပါဘူး။

ဒီနေ ့ဆိုင်တဆိုင်က နီရဲနေတဲ့ သစ်သီးတွေ ရှေ ့မှာ ခုန်ဆွ ခုန်ဆွနဲ ့ စားချင်လို ့ပူဆာနေတဲ့ ၅နစ် အရွယ် ကလေးမလေး ကြောင့် အဲဒီ သစ်သီးကို ဝယ်လိုက် ပါတယ်။ အသီးနာမည်က prickly red pear လို ့ရေး ထားပါတယ်။ ၁ပေါင်ကို ၃၉ပြားနဲ ့၂လုံး ကို ၁ဒေါ်လာ နဲ ့ဝယ်လာပါတယ်။ အသီးပုံစံက မြန်မာနိုင်ငံက ရွက်ယိုသီး လို အဖုအထစ်လေးတွေနဲ ့ပါ။ ကြက်သွေး နီရောင်နဲ ့အရည်ရွမ်းလဲ့နေတဲ့ပုံပါ။ အသီးကို ထက်ခြမ်း ခွဲတဲ့ အခါမှာ အခွံအပြင်နားကပ်ရက် ပတ်လည် ဝ.၅လက်မ လောက် က လွဲရင် အတွင်းမှာ (ရွက်ယိုစေ့တွေလိုဘဲ) အစေ့အနီလေးတွေ မွနေပါတယ်။  အစေ့လေးတွေကိုတော့ မစားတတ်လို ့ ထွေးထုတ်ရတဲ့ အတွက် အသီးကို စားရင် အပျင်းပြေသဘော စိမ်ပြေနပြေ စားချင်တဲ့အခါအတွက် ကောင်းပါတယ်။ အရသာက အစေ့များတဲ့ အလယ်ပိုင်းက ပိုချိတယ် အခွံနားက အသားတွေက သင်္ဘောသီး နဲနဲ မာသလို အချိုအနည်းငယ်ပေ့ါ ပါတယ် (ခရမ်းချဉ်သီးအရသာနဲ ့ မတူပါဘူး)။ အနံ ့ မရှိပါဘူး

http://en.wikipedia.org/wiki/File:Prickly_Pear_Closeup.jpg


အနီရောင်ဖြစ်လို ့ ဆေးဘက်ဝင်ပါတယ်။ ဂျယ်လီ၊ သကြားလုံးနဲ vokda lemonade ဖျော်ရည်ထဲမှာ ထည့်သွင်း အသုံးပြု ပါတယ်။ အသီးကထွက်တဲ့ အစေးကိုလည်း hair conditionar မှာ သုံးပါသေးတယ်။ အမျိုးနွယ်များထဲက တချို ့မျိုးနွယ် အသီးဟာ အစားသောက်ပျက်တာ ကာကွယ်စေခြင်း။ ပါးစပ်ခြောက်သွေ ့ခြင်း လျော့နည်း စေတယ်လို ့ သိပံပညာရှင် တချို ့က တွေ ့ရှိရပါတယ်။ အသီးဖျော်ရည်ကို အစာလမ်းကြောင်း အနာယောင်လျော့စေခြင်း အတွက် သုံးတတ်ကြပါတယ်။

Opuntia အပင်ကလည်း အသုံးဝင်ပါတယ်။ ဘက်တမင်တန်ပုံယပ်တောင်ကြိးမှာ အဆူးတွေ ဖြာထွက်နေတဲ့ အပင်တွေဟာ မထိရဲ မကိုင်ရဲ စရာပါ။ ဒါပေမဲ့ အရွက် (Nopales) ပေါ်က ဆူးတွေကို သင်၊ မီးမြိုက်ပြီး တောက်တောက်စင်း ကြက်ဥနဲ ့ရော ကြော်လိုက်ရင် ပဲသီးကြက်ဥအရောကြော် အရသာနဲ ့တူတဲ့ ဟင်းတခွက် ရပါမယ်။ မက်ဆီကန်တွေရဲ့ တခြားသော ဟင်းလျာတွေထဲမှာ အသုံးပြုပါတယ်။ အရွက်တွေမှာ ဆီးချိုရောဂါ လျော့နည်းစေတဲ့ ဓါတ်ပါဝင်တာလည်း တွေ ့ရပါသေးတယ်။ မက်ဆီကန် လူမျိုးတွေကတော့ အရက်ဖျော်ရည် လုပ်ရာမှာ သုံးပါတယ်။ အရက်ပြန်လုပ်ရာမှာ လည်း သုံးတာ တွေ ့ရပါသေးတယ်။ Nopales အရွက်တွေမှာ ဗီတာမင် အေ ဘီ၆ စီ ကေ နဲ ့ သတ်တုဓါတ်တွေ ပါဝင်ပါတယ်။

အစမ်းဝယ်လာတဲ့ Nopales ကို ချက်ဖို ့လုပ်ပေမဲ့ အဆူး စူးမှာစိုးလို ့ နောက်မှ ခုတ်ထစ်ပြီးသားကို ဝယ်စမ်းချက်ကြည့် ပါအုန်းမယ်။

လင့်လေးတွေ နှိပ်ကြည့်ရင် ဝီကီမှာ အသေးစိတ် အချက်လက် တွေကို လေ့လာ ဖတ်ရှု ့နိုင်ပါတယ်။ မတွေ ့ဖူး မမြင်ဖူး မစားဖူး တဲ့ ကျမ အတွက်တော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အသီး အရွက်နဲ ့အပင်အကြောင်း ဗဟုသုတ ရ လိုက်ပါ တယ်။

9 comments

  • kai

    September 10, 2010 at 11:07 pm

    စာကိုဖတ်မိတော့ သလဲသီးကိုပြောနေတယ်ထင်တာမို ့.. ပုံကိုပါရှာကြည့်ပြီး..တင်ပေးလိုက်ပါတယ်။
    သလဲသီးမဟုတ်ပါ။
    မက်ဆီကန်တွေရဲ့ ဆိုင်တွေမှာ တွေ့ဖူးတဲ့ အသီးပဲ။ ကြည့်ရတာ desertပင်တမျိုးပဲ ထင်ပါတယ်။
    အဲဒီအပင်ကိုလည်း..သူတို့လူမျိုးတွေစားပုံရတယ်နော..။ ရောင်းနေတာတွေ့ဖူးလို့။

  • etone

    September 11, 2010 at 2:27 am

    အသီးတွေက စားချင်စိတ်တောင်ကုန်စေတယ် ။ အသွင်ပြင်ကြမ်းလွန်းလို့ ။ ကန ္တာရအသီးလားအောက်မေ့ရတယ် ။

  • saund

    September 11, 2010 at 3:27 am

    မတွေ ့ဖူး သေးလို ့ပါ အိတုန်ရေ. အသီးတွေက ပုံထားရင် လှက လှနဲ ့။ အရောင်လေးတွေက ရဲလို ့ စိတ်ထားရင် ရွန်းလဲ့ပြီး အရည်အိကျ မယ်တောင် ထင်ရပါတယ်။ ကြိုက်တဲ့သူတွေများ အလွန်ကြိုက်ကြတာ။ ချာတိတ်မလေးဆို ဝယ်မပေးရင် ဆိုင်ထဲက မထွက်ဘူးဆိုလို ့သူ ့အမေက ဝယ်ကျွေးရပါတယ်နော်။

    အိမ်မှာ အသီးတလုံး ရှိနေတယ် မစားရသေးဘူး အားရင် ဓါတ်ပုံရိုက် တင်ပေးမယ်။ ပုံတွေ ့ပြီး စိတ်ဝင်စားသွားမယ်။ အပင်ကို ဒီအတိုင်းကြည့်ရင်တော့ ဆူးကို လန် ့စရာ ဖြစ်တာပေ့ါ။ အသီးကိုဘဲ ကြည့်ရင် သွားရည်ယိုစရာရယ်။

  • babyshan

    September 11, 2010 at 7:01 am

    ဘာအသီးကြီးတွေလဲမသိဘူး အဲအသီးတွေကစားလို ့ကောင်းပါ့မလား အဲလိုထူးဆန်းတဲ့အသီးတွေကိုစားတဲ့လူတွေကလဲရှိသေးတယ်နော် လူတွေကတက်က်ိုတက်နိုင်လွန်းပါတယ်ဗျာ……………….

  • chitsayar

    September 11, 2010 at 9:05 am

    ရုပ်ဆိုး မျိုးကောင်းဆိုလား
    အဲ့လိုတော့ပြောပါနဲ ့ကွယ်
    ပေါင်းကြည့်မှ အကြောင်းသိမှာပေါ့
    ဒို ့များရွာက ဒူးရင်းသီးကြီးလိုပေါ့
    ဆူးကြမ်းကြီးတွေနဲ ့လေ
    ကျီးအာသီး လှလှလေးကလဲ စားလို ့ရဘူးနော်

  • char too lan

    September 13, 2010 at 3:30 am

    အင်းအဲဒီအရွက်တွေကို မက်ဆီကန်လူမျိုးတွေစားကြတယ်
    အရမ်းအာဟာရပြည့်ဝတယ်တဲ့
    အဲဒီအရွက်တွေစားပီးရေမသောက်ပဲ ၂-၃ရက်လောက်နေနိုင်တယ်
    ဒါကြောင့်ကနာ္တရထဲသွားရင်အဲဒီအရွက်တွေစားသွားကြတယ်လို ့
    ဂျာနယ်ထဲမှာတစ်ခါဖတ်ဖူးတယ် ကျနော်တို ့ဆီမှာ အဲဒီအပင်ကို
    ကျားလျှာပင်လို ့ခေါ်တယ် အပူများတဲ့ဒေသတွေမှာပေါက်တယ်
    အပွင့် ပွင့်တာတော့မြင်ဖူးပီး အသီးကိုတော့ခုမှမြင်ဖူးပါတယ်
    ခုလိုပိုပြီးသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်………..

  • musicalpunk

    September 18, 2011 at 8:55 pm

    ဘာသီးကြီးလည်း မသိပါဘူးဗျာ။ဆေးဖက်ဝင်တယ်ဆိုတော့ မျိုးသုန်းအောင်ခူးပြီး ဆေးဖော် မဲ့လူတွေ ပေါ်ထွက်လာမှာပေါ့ဗျာ။

  • hmee

    September 18, 2011 at 9:15 pm

    ဒီမှာ ဂျုးတွေ သိပ်ကြိုက်။ တခါတလေ ဈေးမှာပုံနေတာပဲ ရောင်းတာ။ သူတို့ဘာသာ ဈေးရောင်းလိုက် ပါးစပ်ထဲ ကောက်ထည့် ဝါးလိုက်နဲ့ ကိုယ်သာ မစားရဲတာ။ ကန္တာရထဲမှာဆို အပင်တွေမှာ သီးနေတာ အပင်စိမ်းပေါ်မှာ အသီးကအနီရောင်ဆိုတော့ လှတောင်လှသေး။

Leave a Reply