မဲဆောက် တွင် အဖမ်းအဆီးကြမ်းသောကြောင့် မြန်မာအလုပ်သမား များ တောထဲက သစ်ပင်ပေါ်တက်နေရ

etoneSeptember 8, 20101min613

ဩဂုတ်လနောက်ဆုံးအပါတ်တွင်  ဆိုင်ကယ်ဂိတ်များ၊မြန်မာအများစု ဈေးဝယ်ရာကုန်စုံဆိုင်အနီးတဝိုက်တွင်
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ပြန်ကြေညာချက်များ ကပ်ထားပြီး တရားမဝင်မြန်မာအလုပ်သမားများနှင့်
တရားမဝင် အလုပ်သမားများလက္ခံထားသော ထိုင်းအလုပ်ရှင်များကို ပြင်းထန်သော ငွေဒါဏ်၊ထောင်ဒါဏ်များချမှတ်
မည်ဖြစ်ကြောင်း ကြောညာပြီး တစ်ရက် အကြာတွင် မဲဆောင်မြို ့တွင် ငါးနှစ် အတွင်း
အကြီးအကျယ် ဆုံးသော တရားမဝင် အလုပ်သမား များ ဖမ်းဆီးသည့် စစ်ဆင်ရေး ကို စတင်ခဲ့သည်။

၂၅၅၂ နှစ် ထိုင်းအက်ဥပဒေအရ တရားမဝင်နိုင်ငံခြားသားများကို လူမှောင်ခိုတင်သွင်းခြင်း ကိုဖမ်းဆီးမိပါက
ဒါဏ်ငွေ ဘတ် ၅၀၀၀ဝနှင့် ထောင်ဒါဏ်၅နှစ်။၂၅၅၁ ထိုင်းအလုပ်သမားအက်ဥပဒေအရ လုပ်ငန်းခွင်တွင် တရား
မဝင်အလုပ်သမားများကို ဖမ်းဆီးမိ လျင် အလုပ်ရှင်အား ဒါဏ်ငွေ ဘတ်၂၀၀ဝ မှ ၁၀၀၀၀ဝ ထိ။

တရားမဝင်အလုပ်သမားကို ဒါဏ်ငွေ ၂၀၀၀ဝ နှင့် ထောင်ဒါဏ်၆လထိ။တရားဝင်အလုပ်သမားလက်မှာ လက်မှတ်ရှိသော်လည်း လုပ်ငန်းခွင်ကွဲလွဲပါက ဒါဏ်ငွေ၁၀၀၀ဝ နှင့် ထောင်ဒါဏ်၁နှစ် အပြစ်ပေးမည်ဟုပါရှိသည်။

စက်တင် ၂ရက်နေ့မှစတင်ပြီး မဲဆောက်မြို့ တွင် ဘန်ကောက်မှာအထူးရဲများ၊ လဝကများ၊ စစ်တပ်များပါဝင်သည့် ပူးပေါင်းအဖွဲ့ များ စတင်ပြီးတရားမဝင်အလုပ်သမားများကို နှိမ်နှင်းမှုများစတင်လုပ်ဆောင်ကြောင်း မျက်မြင်တွေ့ရှိသူများကပြောပြပါသည်။ အဖမ်းခံရပါက ယခင်ကဲ့သို့ ဘတ် ငွေအနည်းငယ်နဲ့လွတ်မြောက်ခြင်းမရှိတော့ဘဲ ဘတ်ငွေ၁၅၀ဝ ပေးရကြောင်းလွတ်မြောက်လာသူတဦးကပြောပြပါသည်။ ဆိုင်ကယ်၊စက်ဘီးဖြင့် ၂ဦးသွားပါက တဦးက လက်မှတ်ရှိပြီးနောက်တဦးကလပ်မှတ်မရှိလျင် လူမှောင်ခိုမှုဖြင့်ညှိနေသောကြောင့် ဘတ်ငွေ ၅၀၀ဝမှ ၁၅၀၀ဝထိပေးရသည်။ ယင်းနေ့ညနေပိုင်းက သီးလေးသီးအငြိမ့်မှ လူရွှင်တော်တဦးလည်း ဘတ်ငွေ ၅၀၀ဝ ပေးရကြောင်းကို ၎င်းရဲ့သူငယ်ချင်းကပြောပြပါသည်။

စက်တင်ဘာ ၃ရက်နေ့နံနက်ပိုင်း မဲဆောက်မြို့လူစည်ကားရာနေရာမှ လက္ဘ်ရည်ဆိုင်အချိုကပိတ်ထားပြီး၊ စက်ရုံ အလုပ်ရုံ အများစုပိတ်ထားသည်ဟုသိရပါသည်။ တချို့စက်ရုံများမှာတရားဝင်အလုပ်သမား များသာအလုပ်လုပ်ကျန်ရစ်ခဲ့ပြီး တရားမဝင်အလုပ်သမားအများစု မှာ ညအချိန်ကတည်းက အလုပ်ရှင်များမှ ရှောင်ခိုင်းထားကြောင်းသိရှိရသည်။

မဲဆောက်ကမ်းနဖူးအနီးရှိ စက်တီးရုံဟု လူသိများသော ဝင်းအတွင်းတွင် စက်ရုံကြီး ၄ရုံ ရှိပြီး အလုပ်သမား
၄၀၀ဝကျော်ခန့် လုပ်ကိုင်နေကြသော်လည်း ယနေ့နံနက်တွင် စက်ရုံများပိတ်ထားကြောင်း မိမိတို့ FNG သတင်းထောက်သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

တောထဲ တွင် ပုန်းနေရသည့် မြန်မာ အလုပ်သမား များ မှာ နှစ်ထောင် ကျော်ခန် ့ရှိပြီး ဆာအို၊ မဲပ နှင့် မဲလ အနီး
တောများ တွင် ပုန်းအောင်းနေရသည်။ပုန်းအောင်းနေရသူများ မှာ စားနပ် ရိက္ခာ လုံလောက်ခြင်း လည်းမရှိဟု
သိရသည်။

မြန်မာအလုပ်သမားများမှာ မြဝတီဘက်ခြမ်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ အသိဆွေမျိုးများအိမ်များတွင်းသွားရောက်ရှေင်နေကြပြီး၊ အသိမရှိသောအလုပ်မား၁၀၀၀ဝခန့်မှာထိုင်းဘက်ခြမ်းတောတောင်များထဲတွင်ပုန်းအောင်းနေကြကြောင်းသတင်းရရှိသည်။
မဲဆောက်မြို့လည်တဝိုက်တွင်လည်း ခြောက်ကပ်လျက်ရှိကြောင်းသိရသည်။

မြဝတီ-မဲဆောက် ကုန်စည်စီးဆင်းရာ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်းမှ ထိုင်းအစိုးရ၏ထိုင်းနိုင်ငံဘက်ခြမ်း ရေထိမ်းနံရံတည်ဆောက်ခြင်းကို အကြောင်းပြပြီးတဘက်သတ် လမ်းပိတ်ထားသည်မှာ ၂လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိုသို့ တံတားထားပိတ်ထားမှုကြောင့် နှစ်နိုင်ငံကုန်သည်ကြီးများမှာ ဘတ်သန်းပေါင်းသောင်းနဲ့ချီပြီးဆုံးရှုံးနှစ်နာရသလို၊ ထိုင်းဘက်ခြမ်းမဲဆောက်မြို့နယ်အတွင်း စက်ရုံ၊အလုပ်ရုံ၊ဈေးဆိုင်၊စားသောက်ဆိုင်၊ ဆောက်လုပ်ရုံးလုပ်ငန်းများတွင် လုပ်ကိုင်လုပ်ကိုင်နေကြသော မြန်လုပ်သား၃သိန်းနီးပါးမှာ ပိုပြီး အခက်အခဲနှင့်တွေ့ကြုံနေကြရသည်။

3 comments

  • saithiha1221

    September 8, 2010 at 11:04 am

    ဘယ်ချိန်ရောက်မှ ကျွန်တော်တို့နိုင်ငံသားတွေ အဲ့လိုဘဝက လွတ်မှာလဲ…..

  • ဆူး

    September 8, 2010 at 12:08 pm

    ဒီက ပိတ်မှတော့ ဟိုကလည်း ညစ်တော့မှာပေါ့ အမြင်ကတ်ကတ်နဲ့ လုပ်ရင် ခံရမှာက အခြေခံလူတန်းစားဘဲ။ ကြားရတာ စိတ်တောင် မကောင်းဘူး။ ဘာမှ လည်းတတ်နိုင်ဘူး

  • chitsayar

    September 8, 2010 at 2:13 pm

    ငါ့ဝမ်းပူစာ မနေသာ ဆိုလား
    ဘယ်သူက သူများတိုင်းပြည်မှာ ဒီလို ဘဝမျိုးနဲ ့ နေခြင်ကြမှာလဲနော်
    တစ်ချို ့ကတော့ အကောင်းမြင် သဘောလေးနဲ ့ပြောကြပါတယ် ကိုယ့်တိုင်းပြည်မှာဘဲ အဆင်ပြေသလိုလေးပေါ့နော်
    ဘယ်လို အဆင်ပြေအောင်နေရမှာလည်း
    ကျွန်တော်တို ့က စာတတ်ပေတတ်တွေမဟူတ်ဘူးဗျ စာတတ်ပေတတ်လို ့အစိုးရ အလုပ်လုပ်ရင်တောင် ရတဲ့လစာလေးနဲ ့ကန်တော့ပါဗျာ မသထာရေစာတွေကို ခိုးဝှက်ပြီးစားရဦးမှာ
    အလုပ်အကိုင်တွေများပါတယ်ဆိုပြီး ကျောက်ထု ခဲထုတဲ့လမ်းခင်းတဲ့အလုပ်ကြီးလက်ညှိုးထိုးပြလို ့
    ကိုယ်တိုင်သွားလုပ်ကြပါလား
    အမှန်တရားဆိုတာက ဘာလဲ ကျွန်တော်တို ့နားမလည်နိုင်တော့ဘူး
    အမှန်တရားဆိုတာတွက် ဘယ်သူ ့ကိုမှလည်းကောင်းကောင်းမွန်မွန်လေးတောင်ပြန်ပြောလို ့ရတာမဟုတ်ဘူးလေ (ကျွန်မပြောတာ ဟုတ်တယ်ဟုတ် မွမွ)
    အဲ့သည်အတွက် ဘယ်သူ ့ကိုမှ ဘာမှကို မပြောတော့ပါဘူး ဘာမှလည်းမဖြစ်ခြင်တော့ပါဘူး မင်းတို ့နဲ ့
    ဒါပေမယ့်လည်း ဆုတော့တောင်းနေပါတယ်
    တစ်နေ ့မင်းတို ့ရင်ထဲကနေ ဒို ့ကိုကြင်နာပေးနိုင်ကြပါစေလို ့
    အားလုံးရဲ ့ကိုယ်စား
    ချစ်ဆရာ
    ခေတ္တ အုတ်ဖုတ်ရုံ

Leave a Reply