တနေ့တာ Mr.Keen နှင့် တွေ့ဆုံခြင်း …

etoneSeptember 8, 20101min390

မင်္ဂလာပါ … ကျွန်မကတော့ … စာဖတ်သူတို့ အသည်းစွဲ မဒန့်ဒလန့်တန့်တိန်တိန်ဂွမ်ပါ …
ကျွန်မက ff ( forver friends ) က celebrity star များနဲ့ တွေ့ဆုံမေးမြန်းမလို့ပါ …
ဒီနေ့ တနေ့တာ အတွက် ff က star တယောက်ကို စီစစ်ရွေးချယ်လိုက်တော့ …
( လာပေးထားတဲ့ ထမီနဲ့ပိတ်စတွေရဲ့ မျက်နှာ အရ )
Mr.Keen ကိုပဲ မေးမြန်းဖို့ ရွေးချယ်လိုက်ပါတယ် ရှင် …
ဟဲဟဲ … ( သူကအလိုက်သိတာကိုး )

Mr.Keen နှင့် မေးမြန်းစပ်စုခန်း …

ဒန့်ဒလန့်တန့် – မင်္ဂလာပါ …

Mr.Keen – ဟုတ်ကဲ့ … မင်္ဂလာပါ မဒန့်ဒလန့်တန့် တိန်တိန်ဂိန် …

ဒန့်ဒလန့်တန့် – တိန်တိန်ဂွမ်ရှင့် … ဒီလောက်လှတဲ့နာမည်ကို … မဖျက်ပါနဲ့

Mr.Keen – ဟုတ် … ချစ်လို့စတာပါ …

ဒန့်ဒလန့်တန့် – အမ် … ထားပါတော့ … ဒီနေ့က ff က celebrity များကို မေးမြန်းတဲ့နေ့ပေါ့နော် …
ဒီလို celebrity များစွာထဲကမှ … Mr.Keen ကို ရွေးချယ်ခံရတဲ့အတွက် … ဘယ်လို ပီတိဖြစ်မိပါလဲရှင် …

Mr.Keen – ဟုတ်ကဲ့ … လာပေးထားတဲ့ ထမီဖိုးနဲ့ ပိတ်စဖိုးတွေ အလကားမဖြစ်တော့ဘူးလို့ ခံစားမိပါတယ်ခင်ဗျာ …

ဒန့်ဒလန့်တန့် – အော် … ဟုတ်ကဲ့ … ဒါဆို မေးမြန်းစပ်စုတာလေးတွေ စလိုက်ရအာင်နော် …
Mr.Keen က ff ကို ရောက်နေတာကြာပြီလားဟင် …

Mr.Keen – ဟုတ်ကဲ့ … ကြာပါပြီ … မနေ့တနေ့ကမှ ရောက်တာပါ …

ဒန့်ဒလန့်တန့် – ရှန် !!!

Mr.Keen – မရှန်ပါနဲ့ … နောက်တာပါ … ရောက်တာ တော်တော်ကြာပါပြီ …

ဒန့်ဒလန့်တန့် – ဒါဆို ဒီက Admin ကြီးတို့ ကိုချစ်စရာတို့နဲ့ သိမှာပေါ့နော် …

Mr.Keen – သိတာပေါ့ဗျာ … သူတို့နာမည်တွေ သိတယ် … ဘယ်မှာနေလဲ ကအစသိတယ်လေ …

ဒန့်ဒလန့်တန့် – ဟုတ်လား … ဘယ်လိုသိသွားတာလဲဟင် …

Mr.Keen – သူတို့ Homepage မှာ သွားကြည့်တာလေ …

ဒန့်ဒလန့်တန့် – အဲဒါတော့ နင်ပြောမှလားဟဲ့ !!!!!

Mr.Keen – အမလေး … လန့်လိုက်တာ …

ဒန့်ဒလန့်တန့် – မလန့်ပါနဲ့ …နည်းနည်းလေး စိတ်ကမထင်ရင် မထင်သလို အော်တတ်တယ်လေ …

Mr.Keen – အော် … နည်းနည်းလေးတဲ့လား … လိပ်ပြာတောင်လွင့်မတတ်ပဲ …

ဒန့်ဒလန့်တန့် – ဟုတ်ပါပြီ … Mr.Keen ရဲ့ ဝတ်စားဆင်ယင်ပုံကို ဗြုးမယ်နော် …
Mr.Keen က မျက်မှန်နက် တပ်တာ ကြိုက်တယ်ထင်တယ်နော် …

Mr.Keen – ဟုတ်ကဲ့ … တကယ်တော့ မကြိုက်ပါဘူး …
မျက်မှန်နက်တပ်ထားတော့ … ဘယ်ကောင်မလေးကိုပဲ ချောင်းချောင်းမမြင်ရဘူးလေ …
ပြီးတော့ တခါတလေ … ဘီယာသောက်ထားတဲ့ ရီဝေဝေ မျက်လုံးတွေကို မမြင်စေချင်လို့ပေါ့ … ဟဟ

ဒန့်ဒလန့်တန့် – အော် … ဂလိုလား … ဒါနဲ့ coat အင်္ကျီတွေ ဘာတွေနဲ့နော် … လန်းတယ် …
နေပူကြီးမှာရိုက်ထားတော့ … မအိုက်ဘူးလားဟင် …

Mr.Keen – coat အကျင်္ီ က လစားနဲ့ ဌားထားတာလေ … တနှစ်ကျော်တာတောင် မကြေသေးဘူး …
အော် … ဒီ ဓာတ်ပုံကို ရိုက်တုန်းက … ယတြာချေတဲ့အနေနဲ့ နေပူထဲမှာ နေတာ …
မိုးကခေါင်တယ်လေ … နေပူပူမှာ … အင်္ကျီထူထူ ဝတ်ရင် … မိုးပြင်းပြင်း ရွာမယ်လို့ပြောလို့ …

ဒန့်ဒလန့်တန့် – အော် … ဟုတ်ပါပြီ … အကို့နာမည်ကို ဘာလို့ Mr.Keen ရယ်လို့ ပေးထားတာလဲဟင် …

Mr.Keen – လူရှိန်အောင်ပေးထားပါ … ခက်တာက … နေပဲရှိန်နေတယ် … တယ်အိုက်တဲ့ ရာသီပဲနော် …

ဒန့်ဒလန့်တန့် – ဒါနဲ့ နောက်က တံခါးက … သံရုံးရှေ့က တံခါးလို့ ပြောကြတယ် … အဲဒါတကယ်လားဟင် …

Mr.Keen – ဟုတ်ကဲ့ … ကျွန်တော်တို့ရုံး က … သံထည်ပစ္စည်းတွေရောင်းတယ်လေ …
ဒါကြောင့် ဒီရှေ့က တံခါးဆိုတော့ … သံရုံးရှေ့တံခါးလို့ပြောတာပါ …

ဒန့်ဒလန့်တန့် – ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ် … Mr.Keen ရဲ့ ပရိသတ်တွေကို ဘာပြောချင်ပါသေးလဲရှင် …

Mr.Keen – စိုင်းစိုင်းလို အားလုံးကို ချစ်ပါတယ်ဗျာ လို့ မပြောချင်လို့ …
အားလုံးကို အာဘွားးးးးးးးး လို့တော့ ပြောချင်ပါတယ် …
ခက်တာက … ပါးကို တယောက်တချက် ရိုက်ကြေးဆိုရင်တောင် …
နေရာက လောက်မှာ မဟုတ်ဘူးလေ …:D
မပြောတော့ပါဘူး … ဟိဟိ …