ဟိုရောက်ဒီရောက် ကိုယ်ပိုင်စာစု

လင်းဝေSeptember 8, 20101min482

ကိုယ်ပိုင်အတွေးနဲ့တကယ်ကို ချရေးတာမို့ ဟိုရောက်ဒီရောက် ကိုယ်ပိုင်စာစု လို့ တမင်နာမည်ပေးကြည့်လိုက်ပါတယ်။ ဟုတ်ပ သူများတွေက ကူးရေးနေပြီး ကိုယ်က ကိုယ်ပိုင်ရေးရတော့ နည်းနည်း တင်းလာလို့ပါ။ ဒီလိုပြောလို့ လူတိုင်းကူးတင်တယ်တော့ ဆိုလိုတာမဟုတ်ပါဘူး။ အများစုကြီးကတော့ ကူးနေတာအမှန်ပါပဲ။ ဟာသတွေဆိုပိုဆိုးသေးတယ်။ အရမ်းဟောင်းမြင်းနေတဲ့ဟာသလည်းပါသေးတယ် တင်ထားလိုက်ကြတာ။ ကဲ ထားပါတော့။

ဒီနေ့ ရန်ကုန်မှာ မိုးသိပ်မရွာဘူး။ မနက်ကတည်းက နေပူသလိုလို မိုးအုံ့သလိုလို ဖြစ်နေတယ်။ မိုးလေဝသဗေဒင်ဟောဆရာကြီးဦးထွန်းလွင်ကလည်း ကိုးလပိုင်းကုန်ရင် မုတ်သုန် ဆုတ်တော့မယ် ဆိုတော့ လူတွေလည်း မိုးနဲ့လမ်းခွဲရမယ့်အဖြစ်ကို ရင်နင့်နေကြတယ်။ ချစ်လို့မှ မဝသေးခင်မိုးရယ်။ ရက်စက်လိုက်တာ မိုးရယ်။ ပိုဆိုးတာကတော့ အညာက လူတွေဖြစ်ပါတယ်။ ပဲတွေ နှမ်းတွေ အပင်ကောင်းကောင်းမဖြစ်ခင် မိုးက ထားခဲ့မယ်ဆိုရင် ကလေးပိစိတွေနဲ့ ကျန်ခဲ့တဲ့ ကလေးအဖေ ဗျာများသလိုဖြစ်တော့မှာပါ။ မြန်မာပြည်မှာ မုတ်သုန်လေ ဆုတ်ခွါပုံက မြန်မာပြည်မြောက်ပိုင်းက စလို့ ဆုတ်ခွာတယ်ဆိုတော့ အညာက အရင် မိုးကုန်တာပါ။ အညာမှာ ခြောက်သွားမှ အကြေအောက်အရပ်မှာ မိုးတစ်ဖြိုက်နှစ်ဖြိုက်လက်ကျန်လေးရှင်းရင်း အောက်သားတွေ က မိုးနဲ့ မျက်ရည် ဘာမှန်းမသိတော့ပဲ လမ်းခွဲကြတာ နှစ်တိုင်းပါ။ ဒီနှစ်မှာ မိုးနဲ့ ပတ်သက်လို့ ခံစားရပိုခက်နေတာက ရခိုင်ကမ်းရိုးတန်းက သူများပါပဲ။ သူက ပုံမှန် မိုးများတဲ့ဒေသပါ။ ကုလားတန်မြစ်ရဲ့ မြစ်ဝကျွန်းပေါ် ဖြစ်တဲ့ စစ်တွေ ဒေသကနေ စလို့ ရခိုင်ရိုးမပေါ်ကချောင်းမြောင်းပင်လယ်ထဲကို မစီးဝင်ခင်မှာ မြေဆီဩဇာတွေ နဲ့ ရေသယံဇာတ ပေါများစွာ လက်ဆောင်ရတဲ့ ရခိုင်ကမ်းရိုးတန်းဒေသကြီးတစ်ခုလုံးက အညာလည်းမဟုတ် အကြေလည်းမဟုတ်ပဲ သီးသန့်ပုံစံဖြစ်ပါတယ်။ ချုံကြည့်လိုက်မယ်ဆိုရင် ( ဒါက ဦးထွန်းလွင်လေသံပါ ) ဂုံနီအိတ်က အနွေးဆုံးပါပဲ ( ဒါက ငယ်ငယ်တုန်းကကြားဖူးတဲ့ပျက်လုံးပါ )ရခိုင်ပြည်နယ်ကလည်း မိုးကိုအားထားလို့ လယ်စိုက်ရတဲ့ဒေသပါပဲ။ ရခိုင်ဒေသကို လက်ဆောင်ပေးတဲ့ မိုးပုလဲပန်းတွေကတော့ ဘင်္ဂလားပင်လယ်က နေဝင်ရောက်လာတဲ့ အနောက်တောင်မုတ်သုန်လေနဲ့အတူပါလာတာပါ။ ဒီနှစ်မှာ အနောက်တောင်မုတ်သုန်လေက သိသိသာသာ အားနည်းလေတော့ ရခိုင်ဒေသမှာ မိုးအရွာ နည်းရတော့တာပါပဲ။ အကျိုးဆက်အနေနဲ့ကတော့ လယ်တွေ မဖြစ်ဘူးဆိုတဲ့အခြေအနေဖြစ်ပါတယ်။ ရခိုင်မှာ လယ်တွေ အထွက်နည်းရင် တိုက်ရိုက်ထိမှာကတော့ လယ်သမားတွေ၊ ရခိုင်က ဆန်ကုန်သည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် က စားသုံးသူတွေပါပဲ။  ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ဒေသက ဆန်ကို နှစ်စဉ် တန်ချိန်အနည်းဆုံး ငါးသိန်းကနေ ခုနှစ်သိန်းကြားတင်သွင်းနေရတာပါ။ ဒီတန်ချိန်များကတော့ စာရင်းပျောက်ဖြစ်တဲ့အတွက် မြန်မာပြည်က တရားဝင်တင်ပို့မှု စာရင်းမှာတော့ရှာတွေ့မှာမဟုတ်ပါဘူး။ အာဖရိက ပြီးရင် ဆန်အလိုအပ်ဆုံးနေရာက ဘယ်နေရာလဲသေချာတပ်အပ်မပြောနိုင်ပေမယ့် ဘင်္ဂလားဒေ့ရှ် ကတော့ ဆန်အမြဲလိုအပ်နေတဲ့ အာရှကတိုင်းပြည်တစ်ခုပါပဲ။ လူဦးရေများတာရယ် စိုက်ပျိုးနိုင်တဲ့ ဧရိယာ နည်းပါးတာရယ် ရာသီဥတု ပြဿနာရယ်နဲ့ လုံးချာလည်လိုက်နေတာပါပဲ။ ပြောမယ့်သာပြောရတယ် သူတို့တိုင်းပြည်က စုတ်တယ်သာပြောတာ မြန်မာပြည်ထက် စစ်တပ်မှာလည်းသာတယ်၊ ရဲတွေကလည်းပိုအဆင့်မြင့်တယ်။ တက္ကသိုလ် ကဆရာတွေကလည်း တကယ် စာဖတ်ပြီးစာတတ်တယ်။ သုတေသနလည်းလုပ်တတ်တယ်။ လူဦးရေအရမ်းများပြီး ဆင်းရဲသားကအများစုဖြစ်နေတော့ရုတ်တရက်တော့ ဆင်းရဲတဲ့တိုင်းပြည်ပါပဲ။ လူဦးရေက ၁၆၂.၂သန်းရှိပါတယ်။ ကမာ္ဘ္ဘ္ဘ္ဘမှာ လူဦးရေ အထူထပ်ဆုံးဒေသအဖြစ်သတ်မှတ်ထားတဲ့နေရာပါ။ အဲဒီတော့ မိုးနဲ့မြန်မာတွေ ရက်စက်စွာ လမ်းခွဲကြတာကို ကြားထဲက ခံရမှာကတော့ ဘင်္ဂလားဒေ့ရှင်္ က ဘင်္ဂါလီကုလားများပါပဲ။ လူဦးရေ သန်း နှစ်ဆယ်လောက်တော့ ရှေ့နှစ်မှာ ဒုက္ခရောက်ပါလိမ့်မယ်။ အခု ဒီနှစ် လာနီညာကြောင့် ကမာ္ဘမှာ ဂျုံအထွက်ကျတဲ့အတွက် ရုရှားက ဂျုံပို့တာပိတ်လိုက်ပါပြီ။ အားလုံး အစာအတွက်အကြောက်တရားကြောင့် ဆန်ဈေးက ထိုးတက်လာပါတယ်။ အဲသလိုဖြစ်နေတုန်းမှာ ရှေ့ နှစ်လ အပြီး ဆန်အထွက်မှာ ထင်သလောက်ထွက်မလာရင် အရေအတွက်အရရော ဈေးအရပါ ပြဿနာကြုံကြဖို့ရှိပါတယ်။ မြန်မာပြည်သူတွေအတွက်တော့ ထင်သလောက် ထိရောက်မှုက ကြီးမှာ မဟုတ်ပေမယ့် ဘင်္ဂလားက စလို့ အာဖရိ က ပြည်သူတွေအတွက်တော့ ဆိုးဝါးမှုက ချဉ်းကပ်လာနေပါပြီ ဆိုတာ ပြောရင်း ရှောင်လွဲနိုင်မယ့် အစီအစဉ်များပေါ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

2 comments

  • kai

    September 8, 2010 at 8:24 pm

    ဟိုရောက်ဒီရောက် ကိုယ်ပိုင်စာစုသာဆိုတယ်…အထောက်အထား၊ကိန်းဂဏန်းနဲ့မို ့ဖတ်လို့ကောင်းပါတယ်။
    ရှေ ့နှစ်မှာဘာဖြစ်မယ်ဆိုတာလေးပါဆောင်းလိုက်တော့…တန်ဖိုးရှိပါတယ်လို့..။
    နောက်နှစ်စောင့်ကြည့်တာပေါ့နော..။

  • bigcat

    September 8, 2010 at 11:33 pm

    ကြွေးတင်ရင် ရှင်ဘုရင်ဆပ်လိမ့်မယ်လို့ ကြားဘူးပါတယ်။ သူမဆပ်တော့လည်း ကိုယ့်ဘာကိုယ်ဆပ်ကြပေါ့။

Leave a Reply