သုံးပွင့်ဆိုင်သူတို့အချစ်

AprilSeptember 8, 20101min975

ခုဖော်ပြချင်တဲ့အကြောင်းအရာလေးကတော့ လူ(၃) ဦးရဲ့ ဇာတ်လမ်းလေးပါ။ ဒီအမျိုးသားအသက်က ၄ဝ ။ သူ့အပေါင်းအသင်းတွေက SKB လို့ခေါ်ကြတာပါ။ ငွေကြေးအားဖြင့်လဲအတောင့်တင်းကြီး မဟုတ်ပါဘူး ဒါပေမဲ့ ရုပ်ကလေး၊ အသားအရေလေးကတော့ တကယ်စော်ကြည်နိုင်ပါတယ်။ မိန်းကလေးကတော့ သူအရင်ရည်းစားတွေတော့ ရှိခဲ့ပါတယ်။ အသက်ကအစိတ် လုပ်ငန်းကောင်းကောင်း တစ်ခုမှာ လုပ်ပါတယ်။ သူတို့နှစ်ယောက်စတွေ့တာက အင်တာနက်ကပါ။ ဒီလူကြီးက အင်တာနက်ကနေ ကောင်မလေးတွေကို ချိန်းနေကြ။ အဲ ချိန်းတာကတော့ သူ့အိမ်ကိုခေါ်တာပါ။ ဒီလိုနဲ့ဘဲ ဒီမိန်းကလေးနဲ့လဲ အပြင်မှာတွေ့ကြရင်းအိမ်ခေါ်၊ ပြီးတော့လဲလင်မယားလိုဘဲဆက်ဆံကြတာပေါ့လေ။ဒါပေမဲ့ ဒီလူကြီးမှာသူအပြင်တခြားသူတွေရှိတာကိုတော့မိန်းကလေးကမသိရှာဘူး။မိန်းကလေးကိုတော့မင်းတစ်ယောက်ကိုဘဲ အိမ်ခေါ်တာမဟာအခွင့်အရေးကြီးလိုပြောထားတာပေါ့ တခြား မိန်းကလေးတွေကိုလည်းခေါ်ပါတယ်ကောင်မလေးကတော့ ညလာလာအိပ်ခိုင်းတာများပြီး သူများတွေကိုတော့ နာရီပိုင်းလောက် ခေါ်တာပါ ရိုင်းရိုင်းပြောရရင်တော့ ရေဆေးပြန်ပေါ့။ သူတို့ နေလာတာလပိုင်းဘဲ ရှိပါသေးတယ် ဒီကြားထဲကောင်မလေးကတော့ အလုပ်နဲ့ မကြာမကြာ ရက်တို ခရီးလေးတွေ သွားရပါတယ်။ ဒါပေမဲ့ ဖြေစရာမိန်းကလေးတွေကအသင့်ဆိုတော့ သူအတွက် ထူးထူးခြားခြားမလွမ်းပါဘူး။ ဒီလိုနဲ့ ကောင်မလေးကတစတစသိလာပါတယ်တခါတခါအိမ်မှာပက်ပင်းတိုးမတတ်ထိဖြစ်ပါတယ်။ဒါပေမဲ့သံယောဇဉ်က တော်တော်လေးရှိနေတော့ဖြတ်ဖို့ခက်နေတယ်။ ဒီလူဘက်ကလည်း ကောင်မလေးကိုဖြတ်ရမှာ သံယောဇဉ်ဖြစ်နေတယ် သူအပေါ်မှာ အရမ်းကောင်းတယ်လို့လဲ ခံယူထားတယ် ကောင်မလေးက သူအဝတ်တွေ အကုန်လျှော်ဖွတ်ကျွေးမွေး ချက်ပြုတ်မယားဝတ္တရားကျေပွန်တယ်လို့ဆိုရမှာပေါ့။တစ်ခုဘဲသူအကြောင်းတွေသိလာတဲ့အခါ မိန်းမတို့ သဘာဝရန်ကလေးဖြစ်ချင်လာတယ်။ ပြောင်ဖွင့်မေးလို့မပြောတော့ ဗြစ်တောက်ဗြစ်တောက ်ဖြစ်လာတယ် ဟိုကလဲ ဒါမျိုးတွေမကြိုက်၊ အစတည်းက သူကိုကြောက်ရတာဆိုတော့ ဘာမှမတတ်နို်င်ဘူး အဆင်မပြေကြရုံဘဲရှိတာပေါ့။ပြတ်လဲ မပြတ်ပါဘူး၊ တနေ့ ဟိုက မိန်းကလေးကိုပြောတယ် ကောင်မလေး ငယ်ငယ်လေး တစ်ယောက်လောက်လိုချင်တယ်တဲ့ ရှာပေးပါလားတဲ့။ သူလဲ ဘာပြောရမှန်းမသိဘူး ဒါမပြောသင့်မဖြစ်သင့်ဘူးလေ။ ဒါပေမဲ့ သူက တနေ့တနေ့ ဒါဘဲပြောနေသလို မင်းကိုတော့ မပြတ်ဘူး ဒီအတိုင်းဘဲနေမှာပါလို့ ပြောသေးတယ်။ မိန်းကလေးလဲ ငိုတာပေါ့ နောက်ကျတော့ ချစ်လွန်းတော့ စိတ်ချမ်းသာရင်ပြီးရောဆိုပြီး သူငယ်ချင်းတွေပြောလွန်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကောင့် ပေးလိုက်တယ်။ ကောင်မလေး ခရီးထွက်ရတော့ ကိုကိုကကောင်မလေးပေးခဲ့တဲ့မိန်းကလေးနဲ့အွန်လိုင်းမှာ ပြောပြီး အိမ်ကိုခေါ်တယ် ဟိုကလဲလာပါတယ် ဒီလိုနဲ့ဘဲလင်မယားလိုနေဖြစ်ကြရော။ ကောင်မလေးကလဲနေ့တိုင်း လာပါတယ်။ မနက်လာ ညနေပြန်ပေါ့။  အဲ ဟိုမိန်းကလေးခရီးကလဲ ပြန်လာရော ဒီလိုတွေမြင်တော့ ပေါက်ကွဲတာပေါ့ သူပေးတဲ့ မိန်းကလေးဆိုတာလဲ သိရော ကြေကွဲပါလေရော။ နောက်ပိုင်း ကောင်မလေးလဲ စိတ်လေပြီးအလုပ်ထွက်တယ်။ ဟိုအငယ်မလေးကလဲ ပုံမှန်လာမြဲတိုင်းလာတယ်။ ဟိုလူကလဲ အားလုံးကိုလက်ခံတယ်။အကြီးမကလဲ ဖြစ်ချင်တော့ အလုပ်ကထွက်လိုက်တာ ဟိုလူအတွက် အကွက်ဖြစ်သွားတယ်။ ဟိုကအလုပ်အကိုင်က ထမင်းဆိုင်ရောင်းတာပါ သူဆိုင်မှာ လုပ်နေတဲ့ သူတွေက ထွက်သွားတော့ ကောင်မလေးက ဝင်လုပ်ပေးပါတယ်။ သူကလဲမိန့်မိန့်ကြီး အိမ်မှာ တနေ့တနေ့အငယ်မလေးနဲ့ နေပါတယ်။ နောက်တော့ အကြီးမကို သူအိမ် လာနေခိုင်း လိုက်တယ် မနက်ဆို အကြီးမက ဆိုင်သွား ဈေးရောင်းရတယ် နေ့ခင်းဆို ဟိုလူကြီးစားဖို့ အမြဲပို့ပေးတယ် (၂) ယောက်စာပေါ့။သူကလဲ ချစ်နေရရင်ပြီးရော ခံယူထားလားမသိဘူး၊ ဟိုအငယ်မလေးက အကြီးမ အိမ်မှာ ထမင်းပြန်စားရင် မကြိုက်ဘူး။ လူကြီး ဆိုင်သွားလို့ သူမလိုက်ရရင်လဲမကြိုက်ဘူး အကြီးမနဲ့မနေရဘူးတဲ့။အကြီးမကလဲ ဆိုင်ကိုတော့ ခေါ်မလာပါနဲ့ ရှက်လို့ပါတဲ့ အိမ်မှာကြိုက်သလိုနေပါတဲ့။ ဒါပေမဲ့ မရပါဘူး ဝန်တိုတတ်တဲ့ မသတ္တဝါတွေဘဲ အမျိုးမျိုးဖြစ်နေကြတာပေါ့။ ဒီမှာခံရတာက အကြီးမပေါ့။ အငယ်မလေးက တွတ်တီးတွတ်တာချွဲလိုက်ရင်အကြိးမကိုမကြည်၊အငယ်မလေးရှေ့မှာတင် ရိုက်တယ်။ ဟိုကလဲ လင်မယားလိုဖြစ်နေတော့ မခံဘူး အပြန်အလှန်အော်တယ် မိန်းမဘဲ အားမှမရှိတာ။သူဘဲ ခံရမှာပေါ့။ ဒါပေမဲ့ ပြီးရင်တော့ သူတို့နှစ်ယောက် ဆေးတွေ အပြန် အလှန်လိမ်းကြ။ ဒါကိုဘဲ အငယ်မကတင်းတယ်။ ဒီလိုနဲ့ တစတစဖြစ်လာလိုက်တာ အငယ်မကလဲ မလျော့ဘူး သူကိုမှလိုချင်တယ်။အကြီးကလဲ ပေးဆပ်ချစ်နဲ့ဘဲပျော်နေတယ်။ ဟိုလူကြီးကတော့ နားလည်ပေမဲ့ အငယ်လေးကိုမလွန်ဆန်နိုင်ဘူး အကြီးကိုလဲ သနားတယ် အငယ်ရှေ့ ဆိုရိုက်တယ် ခပ်တင်းတင်းဆက်ဆံတယ်နောက်ကွယ်ရောက်ရင်တော့ကြည်ဖြူတယ် အကြီးကလဲ ဒါတွေနဲ့တင်ဘဲ ခွင့်လွှတ်ထားတယ်။ အငယ်မလေးကလဲတတ်တယ် ရုပ်ကလေး ငယ်ဂုဏ်လေးကရှိတာကိုး။ သူရှေ့မှာဆို အကြီးမကို စာနာသလိုလိုနဲ့ ချောက်တွန်းတတ်တယ်။ နောက်ဆုံးဟိုလူကြီးရိုက်လို့ ခေါင်းပေါက်ဆေးရုံရောက်တယ် အကြီးမကလဲ အာဂ ပြုံးပြုံးဘဲ အငယ်မက အကြီးမကိုဂရုစိုက်ရပါမလားဆိုပြီး ဆေးရုံမှာရန်ရှာတယ်။ အကြီးမက အရင်ကျော့ကျော့လေး ရုံးခန်းထဲနေ လာတဲ့ သူ အခုတော့ ဈေးရောင်းတယ် ညနေဆိုင်  ပိတ်ရင်ဟိုလူကအငယ်မကိုလိုက်ပို့ဖို့ပိုက်ဆံသူဆီမှာလာတောင်းတယ်။ ဒီလိုပြောပေမဲ့ အငယ်မဆီကလဲ သူယူထားတာတွေအများကြီးပါ။ အကြီးမကတော့ မချမ်းသာပါဘူး။ အငယ်မလေးထက် အတွေ့အကြုံ အရည်အချင်း တွေတော့ရှိပါတယ်။ အငယ်မလေးက ချမ်းသာတယ်။ ဟိုလူကြီးကလဲ တခါတလေ အကြီးမ အတွက် ဆိုပြီး အငယ်မလေး ဆီက ပိုက်ဆံတောင်းပေးရင်လဲပေးတတ်တယ်။အငယ်မလေးကအိမ်ကို ကျောင်းတတ် တယ်ဆိုပြီး ကျောင်းချိန်ကနည်းနည်း အဲဒီအိမ်မှာဘဲ တနေ့လုံးလာနေတာပါ။ အပြင် သင်တန်းတစ်ခုကို တတ်တာပါ။ နောက်ပြီး ဒီလိုအနုလေးနှစ်ယောက်ရှိပေမဲ့ တခြားခဏတာရည်းစားတွေလဲ အင်တာနက်ကနေ မကြာမကြာရှာသေးတယ်။ နောက်တော့ အကြီးမကို အိမ်ပေါ်က ခဏခဏနှင်ချပါတယ်။ အငယ်မကလဲ နောက်ဆုံး သူလာနေမယ်ဆိုပြီးပြောပါတယ် အကြီးမကိုဖယ်ပေးပေါ့။ ဟိုကလဲ အကြီးမကို နှစ်ရက်လောက်သွားနေပါ သူ(၂)ရက်ဘဲ လာမှာပါလို့ပြောတယ်။ အကြီးမလဲ အိမ်ပေါ်ကဆင်းသွားတယ်။ဒါပေမဲ့ အငယ်မလေးကမလာပါဘူး အကြီးမဆင်းအောင်အကြပ်ကိုင်လိုက်တာပါ။ အကြီးမ ဆင်းသွားတော့ အငယ်မလေးကဝမ်းသာတာပေါ့။ အိမ်ကိုပေးမလာနဲ့ ဘာညာဟိုလူကြီးကို ရာဇသံတွေ ထုတ်တာပေါ့။ ဟိုကလဲလင်မယားလိုဖြစ်နေတော့ သံယောဇဉ်တော့ရှိတယ်။ တွေ့လိုက်ရင် တစ်ယောက်နဲ့တစ်ယောက် မနေဘူး။ လိုတာတွေအားလုံးကူညီတယ်။ ဒါပေမဲ့ ကြည်လိုက်မကြည်လိုက်ပါဘဲ။ အငယ်မကလဲမရဘူး။ အကြီးမက ဆင်းတယ်ဆိုတာ သူငယ်ချင်းအိမ်မှာကပ်နေရတာပါ။ ဒါပေမဲ့ခုထိလဲအငယ်မကိုလဲသူမယူသေးပါဘူး။ အိမ်ကိုဒီလိုဘဲ လာနေဆဲပါဘဲ။ ဒီအပြင် မိန်းကလေးတွေလဲ အွန်လိုင်းကနေ ဒိတ်နေဆဲပါ။ အငယ်မလေးကိုတော့ သူကြောက်ရပါတယ် ထမင်းကအစ ခွံ့ကျွေးရမတတ်ပါဘဲ အဝတ်လဲ သူဘဲလျော်ပေးရပါတယ်။ အကြီးမက အိမ်ကို ရံဖန်ရံခါလာပါတယ် သူ အဝတ်တွေ လျှော်၊ ချက်ပြုတ်ကျွေးမွေးအရင်အတိုင်းပါဘဲ။ အစ်ကိုအရင်းလို သံယောဇဉ်ရှိတယ်တဲ့။  ဒါလေးကတော့ တကယ့်အဖြစ်အပျက်ပါ။ ဘယ်သူမှားတယ်မှန်တယ်အသီးသီးရဲ့ခံစားချက်တွေကိုတော့ စာဖတ်သူတွေဘဲ မိမိအတွေးအမြင်နဲ့ခံစားကြည့်ကြပါ။

5 comments

  • intro

    September 8, 2010 at 3:11 pm

    ၂ အချိုး ၁ ပေါ့

  • intro

    September 8, 2010 at 3:12 pm

    ၁ အချိုး ၁ မဟုတ်ဘူး ညာတာ တစ်ကယ်က ၂ အချိုး ၁။ ဒါတွေ အကုန်လုံးရှင်းပစ်တဲ့အချိန်ကျတော့ မင်းက ငါ့ကို… အင်းဟင်း… သိတော့ဝူး..

  • etone

    September 9, 2010 at 3:26 am

    ဘယ်လိုအရူးမတွေလည်းကွာ …ဒီလိုမိန်းမမျိုးတွေရှိနေလို့ လက်ကြောမတင်းတဲ့အကောင်တွေလည်းရှိနေတာ ။
    တစ်ကယ်ဆိုရင် ယောကျာ်းကလည်း ကိုယ့်သိက္ခာကိုယ်ထိန်းရမှာပေါ့ ။ မိန်းမတွေကလည်း ဒီကောင်မှမရရင် သေတော့မလိုဖြစ်နေတာကိုး … ။ ဘဝပျက်ခဲ့သည့်တိုင်အောင် ကျန်သေးတဲ့ဘဝကို တည်တည်ငြိမ်ငြိမ်ဆက်လျှောက်သင့်တယ် ။

  • Pyae Sone Aung

    September 9, 2010 at 5:05 am

    အရူးတွေပဲ၊ စိတ်ကုန်တယ်

  • kai

    September 9, 2010 at 8:57 am

    ကိုရီးယားကား ကျနေတာပဲနော..။

    ဘယ်သူမှမှားတယ်တော့ မထင်ဘူး။ သူ့ဇတ်နဲ့သူ ကနိုင်နေတာပဲလေ..။
    ဇတ်ကို ဆက်မကနိုင်တော့မှ..မှားတယ်မှန်တယ်…ဖြစ်မှာကိုး..။
    ယောက်ျားအသက်က ၄ဝဆိုတော့… သိပ်တော့မကြာပါဘူး အလုပ်၊ငွေမရှိပဲနဲ့ဆိုရင်တော့… အရှုံးသမားက ယောက်ျားဖက်ကစမယ်ထင်ပါတယ်..။
    အမျိုးသမီး ၂ယောက်လုံး သားသမီးမယူကြတာလား. မရတာလားမသိပေမဲ့..သားသမီးအရင်ရတဲ့သူ ..ယောက်ျားကိုအပိုင်လို ့ထင်မိပါတယ်။
    ယောကျာ်းကိုက..သားသမီးမထွန်းကားနိုင်တာဆိုရင်တော့…အသက်က(အချိန်က) အဆုံးအဖြတ်ပေးတော့မှာပါ။
    အဲဒီလို…ခံစားမိပါကြောင်း..

Leave a Reply