ဒီပုံကတော့ “အထူး”ဆိုပြီး တံဆိပ်တက်ထားတဲ့ အထူးကားတစ်စီးပေါ်မှ ရိုက်ကူးထားသောပုံ ဖြစ်ပါတယ်။ ဒီတော့ အထူး ဆိုတာ ဘာလဲလို့ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ ခရီသယ်တင် မော်တော်ယဉ်လိုင်းထဲကို ပထမဆုံး စတင်ဝင်ရောက်လာတဲ့ အထူးကားကတော့ ပုဂ္ဂလိကလို့ ပြောကြတဲ့ “ရွှေဧည့်သည်” အထူး ယဉ်လိုင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အထူးဆိုတာ ဘာမှန်းမသိခဲ့ကြသေးတဲ့ ခရီးသွားပြည်သူတွေမှာ အထူး ဆိုတာ ဒါကြိးလာဆိုတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန် ပေါ်ကာစတုန်းက အထူးကားဆိုတာ အဆင့်အတန်းခွဲခြားလိုက်သလို့မျိုး ခံစားခဲ့ရတဲ့ ပြည်သူတွေထဲမှာ ကျွန်တော်လည်း တစ်ဦး အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ရိုးရိုး ဘက်စ်ကားခ ၅၀ ကျပ် ၊ ၁၀၀ ကျပ်လောက်သာ ပေးရချိန်မှာ အထူးကားဆိုသော် ရွှေဧည့်သည် ကားကြီးများမှာ ၂၀၀ ကျပ်မှာ စတင်ခဲ့သည်။ ဒီတော့ သာမန်ပြည်သူတွေအဖို့ အထူးကားစီးနိုင်ယင်ပဲ တော်တော်လေး ဂုဏ်ရှိနေပြိထင်နေရပါတယ်။ နောက် ကျွန်တော်တို့ရဲ့ အများပိုင်လိုလို တစ်ဦးပိုင်လိုလို ပုဂ္ဂလိက လိုလို နဲ့ ဗန္ဓုလ ယဉ်လိုင်းမှ မထသ အထူးယဉ်လိုင်းများအဖြစ် ” အဓိပတိ” ဆိုသော အထူးယဉ်လိုင်းများကို စတင်စမ်းသပ်ပြေးဆွဲသည်ဟုဆိုကာ လူစည်ကားသော နေရာများတွင် စတင်ပြေးဆွဲပေးခဲ့ကြပါတယ်။

ဒီအချိန်အထိ ပြောစရာမရှိသေးခဲ့ပါဘူး။ နောက်ပိုင်းမှာ အထူး ဆိုသော် ယဉ်လိုင်းများမှာ တစ်စထက်တစ်စ များပြားလာကာ တစ်ဖြည်းဖြည်း တိုးချဲပြေးဆွဲလာသည်မှာ ယခုဆိုယင် အထူးကားများနှင့် ရိုးရိုးကားများမှာ ဆတူနည်းပါးကို များပြားလာသည်ကို တွေ့နေရပါတယ်။ ကျွန်တော်ပြောချင်တာက အထူးဆိုပြီး စတင်ပြေးဆွဲခဲသော် ” ရွှေဧည့်သည်” အပါအ၀င် “အဓိပတိ”ယဉ်လိုင်းများမှာ စတင်ပြေဆွဲချိန်များက မထသ ၏ ဆောင်ပုဒ်များအတိုင်း Air-con မအေး ကားမထွက်ရ ၊ တို့ မိန်းကလေးဦးစားပေးပါ တို့။ စသည့်အပြင် အမှန်တကယ် အထူးဆိုသော် ဂုဒ်များအတိုင်း ကားပေါ်တွင် အေးဆေးစွာဖြင့် ထိုင်ခုံအပြည်သာ တင်ဆောင်ကြသည်မှာ တွေမြင်နေရသော ပြည်သူများကပင် ” အော် သူတို့ ဒီလောက်လေး လူကို ထိုင်ခုံအပြည်တင်ယုံ ဆိုယင် ဘယ်လောက် သူတို့အတွက် ကြံမှာလဲ ” ဆိုပြီး မုဒိတာ တောင် ပွားနေကြသေးသည်။ နောက်ပိုင်းရက်များတွင်တော့ ကျွန်တော်တိုံ့ ထင်မြင်ကြသလို့မျိုး မဟုတ်ကြတော့ပဲ ကား “စပါယ်ယာ” များ ၊ “ဒါရိုက်ဘာ” များ၏ လောဘများကြောင့်လားတော့မသိ ၊ အထူးဆိုသော ကားများ မှာလည်း ကျွန်တော်တို့ နေစဉ် မြင်တွေနေကြဖြစ်သော ရိုးရိုးကားများကဲ့သို့ပင် ထိုင်ခုံမပြည့်သာ မဟုတ်တော့ပဲ ကားအပြည့်ပြန်လည်တင်ဆောင်လာကြသည်မှာ ၀မ်းနည်းဖွယ်ရာ ဖြစ်ပါတယ်။နောက်ထပ် ကြုံတွေနေရသော် အထူးကားများစွာမှာလည်း အထူးဆိုသော် ဂုဏ်သိက္ခများကို ပင် အထောက်ထားတော့တာကိုတွေနေရပါတယ်။နောက်ထပ် ကိုယ်တွေ ဖြစ်ရပ်များစွာလည်း ရှိနေပါသေးတယ်။

ဒါကြောင့် အထူးဆိုတာ ဘာကို ပြောတာလဲဆိုတာကို မြန်မာနိုင်ငံမော်တော်ယဉ်ကြီးကြပ်ရေးအသင်းကြီး မှ ပြန်လည် ဆန်းစစ်သင့်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

PS: :အပေါ်က ဓါတ်ပုံကတော့ ၄၈ အထူးကားတစ်စီးပေါ်မှ ၇ိုက်ကူးထားသော် မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။

About Team X

Team X has written 3 post in this Website..