လိင်တူချင်း လပ်ထပ်ပေးနိုင်ဖို့ ဓမ္မဆရာဖြစ် သင်တန်းကို လေဒီဂါဂါတက်ရောက်

PhyoSeptember 8, 20101min932

သက်တံ့အယ်ဒီတာအဖွဲ့။ 8/September/2010

လေဒီဂါဂါတယောက် သူမကိုယ်တိုင် လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်ကို ပေးနိုင်ဖို့ အတွက် လက်ထပ်ပေးနိုင်တဲ့ ဓမ္မဆရာတယောက် ဖြစ်ဖို့အတွက် သီးသန့် ဘာသာရေး သင်တန်း တစ်ခုကို တက်ရောက် သင်ကြား တော့မယ်လို့ သိရပါတယ်။

ဗြိတိန် အခြေစိုက် ဒေးလီးစတား သတင်းဌာနရဲ့ ထုတ်ဖော် ပြောဆိုချက်အရ လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို ချစ်နှစ်သက်သူ ဖြစ်တဲ့ လေဒီဂါဂါဟာ ကယ်လီဖိုးနီးယားမှာ ဖြစ်ပျက်နေတဲ့ လိင်တူ လက်ထပ်ခြင်းကို ဆန့်ကျင်တဲ့ အဖြစ်အပျက် တွေနဲ့ တွေ့ကြုံခဲ့ရပြီးတဲ့ နောက်မှာ အခုလိုမျိုး စတင် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော်ရေးသား ခဲ့ပါတယ်။

အခုချိန်မှာ သူမဟာ အဲဒီ ဓမ္မဆရာဖြစ်သင်တန်းကို အွန်လိုင်းပေါ်ကနေ စတင်သင်ယူ လေ့လာနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းက လေဒီဂါဂါရဲ့ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေမှာ လေဒီဂါဂါတယောက် အစွန်းရောက် ခရစ်ယာန် ဘာသာဝင်တွေရဲ့ တိုက်ခိုက်မှုတွေကို အများအပြား ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ သူမကတော့ အကြမ်းမဖက်တဲ့နည်းနဲ့ တည်ငြိမ်အေးဆေးစွာ ပြန်လည်တုံ့ပြန် နိုင်ခဲ့တာ ဖြစ်ပါတယ်။

http://www.coloursrainbow.com/articles/45-hot-news/390-2010-09-08-15-58-02.html

2 comments

  • chitsayar

    September 9, 2010 at 1:37 pm

    မှန်ပါတယ် မှန်ပါတယ်
    ဘယ်သူအကြမ်းဖက်ဖက် ကိုယ်မဖက်ဘို ့အရေးကြီးပါတယ်
    ယ္ခု သင်တန်းတက်တာလည်း ကောင်းပါတယ် အဲ့ဒါကအများနဲ ့ဆက်ဆံဘို ့ပါ
    အများတွက်ပြီးရင် ကိုယ့်အတွက်လည်း နည်းနည်းပါးပါးလုပ်ဘို ့ လိုမယ်ထင်ပါတယ်
    အဲ့သည်သင်တန်းပြီးရင် မြန်မာပြည်ကို လည်းခဏလောက်တော့အရောက်လာခဲ့ပြီး
    မြန်မာ့ဆိုင်းဝိုင်းက ငြမ်ဂွင်း တီးတဲ့ဆရာကြီးတွေ ငြမ်ဂွင်းနှစ်ချမ်းကို
    ဗျန်းဗျန်း မြည်အောင်ဘယ်လိုတီးတယ်ဆိုတာ လာရောက်လေ့လာဘို ့လည်း လိုပါလိမ့်မည်ဟု တေးချစ်သူပရိတ်သတ်တစ်ယောက်အနေနဲ ့အကြံပေးပါတယ်လို ့
    ဘိုလိုတတ်တဲ့ ဆရာတွေ ပြောပေးစေချင်ပါတယ် သူမကို

  • mG

    September 9, 2010 at 1:43 pm

    အင်း………….။ကောင်းပါတယ်ဗျာ။လူတွေကို ဘယ်တော့မှ အထက်စီးကနေ အမိန့်ပေးလို့မရဘူးဗျ။အခုလို သူများတွေရဲ့ လက်အောက်မှာနေထိုင်ပြီး လိင်တူချင်း လက်ထပ်မှုကို ခံယူမဲ့အစား။ကိုယ့်ဘာသာ နည်းပညာတွေရဲ့ အရှင်သခင်ဖြစ်အောင် ကြိုးစားလိုက်တဲ့ Lady GaGaအတွက်လည်းဂုဏ်ယူပါတယ်။
    Gay တွေအတွက်တော့ အစဉ်ပြေတာပေါ့။ကျွန်တော့်တို့လို လူတွေအတွက်ကတော့ ဘာမှတော့ မထူးခြားပါဘူး။ဒါပေမဲ့ ကျွန်တော်တို့တွေကို Gay တွေနှောက်ယှက်တဲ့ ဖြစ်ပျက်မှုတွေ။တောင်းပြုံးပွဲတော်တွေက ဖြစ်ပျက်မှုတွေအားလုံး ငြိမ်းသွားမှာပါ။

Leave a Reply