အလွမ်း….

etoneSeptember 9, 20101min500

အလွမ်း….
လူသားတိုင်း အချစ်ဆိုတဲ့အရသာကို မြည်းစမ်းဖူးသလို လွမ်းရတဲ့ဝေဒနာကိုလည်း

ခံစားဖူးကြမှာပါ ။ ဘယ်သူမှ လွမ်းရတဲ့ ဝေဒနာကို မခံစားချင်ကြပါဘူး ။ ဒါပေမယ့်လည်း..တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တာတွေ

မဖြစ်ရတဲ့အခါ ၊ မိမိ ချစ်တဲ့သူနဲ့ လမ်းခွဲရတဲ့အခါ ၊ တစ်ယောက်နဲ့ တစ်ယောက် ခွဲခွာရတဲ့အခါ လွမ်းကြရပါတယ် ။ သူငယ်ချင်းတွေ

ကျောင်းပြီးလို့ ခွဲခွာရတဲ့အခါ လွမ်းရတဲ့အလွမ်း နှင့် မိမိ ချစ်သောသူနဲ့ ခွဲခွာရတဲ့ အလွမ်း ခံစားရတာချင်းမတူညီပါဘူး…။

သူငယ်ချင်းများကို လွမ်းတဲ့အလွမ်းဆိုတာ သူငယ်ချင်းတွေနဲ့ အတူလျှောက်သွားခဲ့ဖူးတယ် ဆိုတဲ့အသိက ပျော်ရွှင်မှုတွေနဲ့ပဲ

စပြီးတော့..နောင် ပြန်ဆုံတွေ့ရင်လည်း ဒီလိုမျိုး တစ်ခါပြန်သွားဖို့ စိတ်ကူးမိကြတဲ့အတွက် ကြည်နူးခြင်း နဲ့ အဆုံးသတ်ပါတယ် ။

ချစ်သူတွေ ခွဲခွာရတဲ့အကြောင်းအရင်းတွေထဲမှာ အများအားဖြင့် လုံးဝပြန်မတွေ့နိုင်လို့ ၊ မဖြစ်နိုင်တော့လို့ စတဲ့အကြောင်းအရာက

ပိုများပါတယ် ။ ဒီတော့ တကယ်ချစ်ခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပေါင်းစပ်ခွင့်မရှိတဲ့ ချစ်သူတွေဟာ အလွမ်းကို

ဘဝပျက်မတတ် ခံစားကြရပါတယ် ။ ချစ်သူနှစ်ဦး အဆင်ပြေစဉ်အခါက သွားခဲ့ဖူးတဲ့နေရာတွေ တစ်ခါပြန်ရောက်တိုင်း

အရင်တစ်ချိန်က ဒီလိုနေရာမှာ ငါတို့ပျော်ခဲ့ဖူးတယ်..ဒါပေမယ့် နောင်ပြန်မရနိုင်တော့ဘူးဆိုတဲ့အသိက အရမ်းခံစားရခက်ပါတယ် ။

အဓိကအားဖြင့် သမီးရည်းစားတွေ လမ်းခွဲကြတာ ငွေကြေးဂုဏ် အဆင့်အတန်းတွေကြောင့်လည်းဖြစ်တတ်ပါတယ် ။ တကယ်တော့

ပိုက်ဆံ ဆိုတာ အလုပ်လုပ်ဖို့ ထက်အားသန်နေတဲ့သူအတွက်ပါ…။ အလုပ်ကိုလည်းကြိုးစားမယ်..ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့သာ

အရေးကြီးတာပါ ။ မိရိုးဖလာ ချမ်းသာပေမယ့် အလုပ်လုပ်ချင်တဲ့စိတ်မရှိရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဆင်းရဲမှာပဲလေ ။

နောက်တစ်ခေါက် ပြန်တွေးစရာမလိုတဲ့ အဖြေလေးပါပဲ ။ ဒါကြောင့် ကိုယ့်ရဲ့မိဘတွေကို ကိုယ့်ဘဝရဲ့လက်တွဲဖော် ဟာ

အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို့ လည်း လိုအပ်ပါတယ် ။ မိန်းကလေးတွေ

ချစ်သူရည်းစားထားတယ်..ဆိုတာ ယောကျာ်းလေးကိုအားကိုး ချင်တဲ့ စိတ်နဲ့ပါ ။ ဒီလိုပါပဲ ယောကျာ်းလေးတွေ ရည်းစားထားတယ်ဆို

တာ..ကိုယ့်ရဲ့ စိတ်ခံစားချက်ကို နားထောင်ပေးနိုင်မယ့် ..အကြံဉာဏ်ပေးနိုင်မယ့် မိန်းကလေးမျိုး ၊ ကိုယ့်အပေါ်နားလည်မှုပေးနိုင်မယ့်

မိန်းကလေးမျိုးကို လိုချင်ကြတာပါ ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူ ဟာ …ကိုယ် မျှော်လင့်ထားတဲ့ သူ မျိုး ဟုတ်မဟုတ် လေ့လာကြပါလို့

အကြံပြုရင်း …………………