လိင်တူတွေအပေါ် စော်ကားတဲ့ စကားလုံး သုံးနှုန်းမိလို့ စပွန်ဆာပေးခြင်းမှ ရုတ်သိမ်း

PhyoSeptember 9, 20101min1218

သက်တံ့အယ်ဒီတာအဖွဲ့။ 9/September/2010

ဩစတြီးယားနိုင်ငံသူ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ရေကူးချန်ပီယံ စတက်ဖယ်နီ ရွိုက်စ်တယောက် အင်တာနက် သတင်းဖြန့်ချီရေး ကွန်ယက်တစ်ခုဖြစ်တဲ့ Twitter ကနေပြီး လိင်တူချင်း ချစ်သူတွေအပေါ် မုန်းတီးတဲ့ အသုံးအနှုန်း စကားလုံးကို သုံးနှုန်းဖြန့်ချီလိုက်တဲ့အတွက် သူမနဲ့အတူ စာချုပ် ချုပ်ထားတဲ့ စပွန်ဆာပေးသော Jaguar ကုမ္ပဏီက သဘောတူညီချက်ကို ဖျက်သိမ်း လိုက်တယ်လို့ သိရပါတယ်။

ရွှေတံဆိပ်ဆုရှင် ရွိုက်စ်ဟာ Twitter ကနေ “-ီးစုပ်တဲ့ အခြောက်တွေ”ဆိုပြီး သူမအားပေးနေတဲ့ ရပ်ဘီဘောလုံးအသင်း ရှုံးသွားတဲ့ အချိန်မှာ သတင်းဖြန့်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂နှစ် ရှိပြီဖြစ်တဲ့ ရွိုက်စ်ဟာ ဒေါ်လာတစ်သိန်း အပါအဝင် XFတံဆိပ်ပါတဲ့ Jaguar ကုမ္ပဏီက ပံ့ပိုးထားသော မော်တော်ကားပါ အသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

Jaguar ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်အက်ဒါက လောလောဆယ် သူမစီးနေတဲ့ မော်တော်ကားကိုလည်း ပြန်လည်သိမ်းယူမှာ ဖြစ်သလို Jaguar ကုမ္ပဏီရဲ့ ကိုယ်စားလှယ် သံအမတ်ဖြင့် ရွေးချယ်ထားတဲ့ နေရာကလည်း ရပ်ဆိုင်းပစ်တော့မှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အဲဒီအပြင် Jaguar ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေမယ့် အခုလိုမျိုး လူသားချင်းလေးစား အသိအမှတ် ပြုမှုမရှိတဲ့ အပြုအမူတွေကြောင့်လည်း နောင်လာမယ့် အနာဂတ်မှာ လက်တွဲလုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရွိုက်စ်ကတော့ သူမကျူးလွန်ခဲ့တဲ့ အခုလိုမျိုး ကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ခဲ့ပြီးသား ဖြစ်ပါတယ်။

ဂေး ဘောလုံးသမား အီရန်ရောဘတ် ကတော့ အရူးမလို့ သူ့ကို စွတ်စွဲခဲ့သလို သူငယ်ချင်းဖြစ်တဲ့ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ ရေကူးချန်ပီယံ မစ်ချန်းကတော့ ရွိုက်စ်ဟာ အရမ်းခင်ဖို့ကောင်းတဲ့ သူငယ်ချင်းပါ။ သူနဲ့ပေါင်းလာတာ နှစ်နှစ်ကျော်ပြီ။ ရွိုက်မှာ လိင်တူချင်း ချစ်တဲ့သူတွေကို မုန်းတီးတဲ့ စိတ်ဆန္ဒ လုံးဝမရှိဘူးလို့ အားပေးထောက်ခံ ခဲ့ပါတယ်။

http://www.coloursrainbow.com/articles/45-hot-news/391-2010-09-09-04-12-54.html

8 comments

  • etone

    September 9, 2010 at 4:42 am

    Jaguar ကုမ္ပဏီရဲ့ ပိုင်ရှင်လား ပတ်သတ်ရာပတ်သတ်ကြောင်းလား တဦးဦးကတော့ ခြောက်နေလို့ပဲ 😀

  • secret

    September 9, 2010 at 4:51 am

    လူသားချင်းလေးစား အသိအမှတ် ပြုမှ ု ကိုထောက်ခံလိုနေမှာပါ..
    အကောင်းဘက်ကတွေးတတ်စမ်းပါ…..

  • Phyo

    September 9, 2010 at 5:50 am

    Jaguar ကုမ္ပဏီက တစ်ဦးဦးမခြောက်ပေမယ့်လည်း သူတို့ကုမ္ပဏီက လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်စော်ကားမှုတွေမရှိပဲ တန်းတူဆက်ဆံနိုင်တဲ့ ပေါ်လစီတွေ ချမှတ်ပြီးတော့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ လေးစားကာကွယ်ပေးတဲ့အတွက် အခုလိုမျိုး စကားလုံးလေး တစ်လုံးတောင် အမှားမခံတာက ပိုများမယ်ထင်ပါတယ်… ဘာဖြစ်လို့လဲဆိုရင် ဒီခွဲခြားဆက်ဆံတဲ့ စကားလုံးလေး တစ်လုံးကပင် မုန်းတီးမှုတွေကို ဖြစ်ပေါ်လာစေမယ်… မုန်းတီးမှုတွေကတဆင့် အကြမ်းဖက် စော်ကားမှုတွေကို ဖြစ်ပေါ်လာစေနိုင်မှာလေ… အဲဒါကြောင့် လူတိုင်းက ကိုယ်ပြောတဲ့ စကားလုံးလေး တစ်လုံးပင်လျှင် အရမ်းကို အများသူငှာတွေအတွက် အရေးကြီးတယ်ဆိုတာကို ပြသနေတဲ့ သဘောပါပဲဗျာ…

  • secret

    September 9, 2010 at 6:02 am

    right right
    တော်တော်ပြောတတ်တတ်ဲဗျာ……

  • Shwe Zin U

    September 9, 2010 at 8:02 am

    လူသားချင်းလေးစား အသိအမှတ် ပြုမှုမရှိတဲ့ အပြုအမူတွေကြောင့် ကမ္ဘာပေါ်မှာ အများဆုံး ပြသာနာ တွေဖြစ်နေပါတယ် အားလုံး ဟာ လူသားတွေပါဘဲ အသွေးအသား တွေ နှလုံးသား တွေ ရှိကြပါတယ် အားလုံး ရဲ့ အမြင်တွေ ပြောင်းလဲကြဘို့ လိုအပ်ပါတယ်…

    လူသားအားလုံး တန်းတူ အခွင့်အရေးရရှိကြပါစေ လူသားအားလုံး အား လူ အဖြစ်မြင်နိုင်ကြပါစေ ကိုယ်ချင်းစာ တရားရှိနိုင်ကြပါစေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  • Phyo

    September 9, 2010 at 8:11 am

    ဟုတ်တယ်ဗျ… Shwe Zin U ပြောတာကို လက်ခံပါတယ်… ထောက်ခံပါတယ်

  • mG

    September 9, 2010 at 12:39 pm

    Jaguar ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေက လူသားအရင်းအမြစ်တွေရဲ့ အောက်ခြေအထိကို လေ့လာသုံးသတ်ထားပါပုံပေါ်တယ်ဗျ။ဘယ်သူတွေက ဘယ်လိုတွေပဲဖြစ်နေပါစေ လူသားအချင်းချင်း နှိပ်ကွတ်တာကတော့ လွန်လွန်တယ်ဗျာ။ဖြစ်သင့်တယ်။မြန်မာမှာလည်း အဲ့လိုစော်ကားမှုတွေရှိနေသေးတယ်။ဘယ်တော့ ဘာတွေဖြစ်ကျအုန်းမလည်း မသိဘူးဗျ။ကျွန်တော်လည်း mandalaygazette ရဲ့ သတင်းထောက်တယောက်ပုံစံနဲ့ ရန်ကုန်မှာ ဖြစ်ပျက်နေသမျှကို အချိန်နဲ့ အမျှစောင့်ကြည့်နေပါတယ်။ပိုက်ဆံလိုချင်လို့ မဟုတ်ဘူးနော်….။ဖားတာလည်း မဟုတ်ဘူးနော်။မြန်မာလူမျိုးတွေ အားလုံးသိသင့်တာတွေကို သိစေချင်တယ်ဗျ။အဲ့ စိတ်ပဲရှိတာပါဗျာ။အားလုံးကို ကျွန်တော်နဲ့ ပူးပေါင်းမယ်ဆိုရင် ဖိတ်ခေါ်ပါရစေနော်။ ( leonveez@gmail.com)

  • chitsayar

    September 9, 2010 at 1:10 pm

    ကကြီရေ က
    ကကြီးရေးချာ ကာ
    ကကြီးရေး လုံးကြီးတင် ကိ

Leave a Reply