ရည်းစားစာ

နွယ်ပင်September 9, 20101min1498

သတိရခြင်း
သတိရတယ်ဆိုတာခင်မင် ကြတဲ့သူအချင်းချင်း ၊ သံယောဇဉ်ရှိကြတဲ့သူ အချင်းချင်း၊ ချစ်ကြတဲ့အချင်းချင်း၊ ခံစားရတဲ့ ခေါင်းစဉ်တစ်ခုပေါ့ ။ သတိရခြင်းမှာ ဖြူစင်တာတွေ ရှိတယ်။ ရိုးသားတာတွေရှိတယ်၊ သန့်စင်မှုတွေရှိတယ်၊ ဒီလိုပဲ အစာမကြမှု၊ အခဲမကြေမှု၊ မရိုးသားမှုတွေကလည်းရှိတယ်။ တစ်ယောက်ကိုသတိရနေတာဟာ အဲဒီ့လူတစ်ယောက် ကိုယ့်စိတ်ထဲမှာရှိနေလို့ပဲပေါ့…။

တမ်းတခြင်း
တမ်းတခြင်းဆိုတာ သတိရခြင်းလောက်မဖြူစင်ဘူး ၊ တစ်ယောက်ယောက်ရဲ့ အပြုမူတွေ၊ အပြောအဆိုတွေကို အမှတ်ရနေတာတမ်းတနေတာပေါ့၊ တမ်းတခြင်းကလည်း ခံစား
ရတဲ့ လူတစ်ယောက်အတွက် ဝေဒနာတစ်ခုပါပဲ။ တမ်းတမိတဲ့စိတ်က အချိန်နဲ့အမျှ မဟုတ်ပေမဲ့ အချိန်ရတိုင်းတမ်းတမိ နေတတ်တယ်။

လွမ်းဆွတ်ခြင်း
ဒီဝေဒနာက ခေါင်းစဉ်သုံးခုထဲမှာ အဆိုးဆုံးပါပဲ ။ အလွမ်းဆိုတာ အချစ်ကိုသိရှိတဲ့သူတိုင်းခံစားမိတဲ့အရာပါ ။ လွမ်းဆွတ်ခြင်းမှာ အရာအားလုံးထက်ပိုတဲ့ ခံစားချက်တွေပါတယ် ။
လွမ်းတယ်ဆိုတာမလွယ်ပါဘူး ၊ ရင်ထဲမှာ တစ်စုံတစ်ယောက်ရှိ နေမှသာဖြစ်ပေါ်လာတဲ့အရာပေါ့ ။ လွမ်းတယ်ဆိုရင်လဲ အရာအားလုံးက လွမ်းစရာချည်းပါပဲ..။
(((ဥဩ))) (((ဥဩ))) ဆိုတဲ့ အသံကလည်းလွမ်းစရာပဲ ။ ပူပြင်းတဲ့ခြောက်သွေ့မှုကလည်း လွမ်းစရာပဲ ။ ညဘက်မှာကြားရတဲ့ သတ္တဝါမျိုးစုံရဲ့ အသံတွေမှာတောင် အလွမ်းအဆွေးတွေပါနေသလိုပဲ ။ နောက်ဆုံးကုန်ကုန်ပြောရရင် ညဘက်ကြမှ အော်တဲ့ တောက်တဲ့ကြီးရဲ့အသံကိုလည်း ကြောက်ရင်းနဲ့လွမ်းနေမိတတ်တယ် ။ ချိုမြိန်မှုကိုတပ်မက်တဲ့ လူတစ်ယောက်က အလွမ်းကိုမလိုချင်ပဲနဲ့ တမ်းတမ်းတတ လွမ်းဆွတ်နေမိတာ….ကိုယ့်စိတ်ထဲတစ်ယောက်ရှိနေပြီဆိုတာ အသေချာဆုံးပဲ ။ လွမ်းရတာကိုကြောက်တယ်…။လွမ်းရတာကို မုန်းတယ် အလွမ်းတွေဆို မလိုချင်ဘူး ။ ဒါပေမဲ့ အခုအလွမ်းတွေနဲ့ပဲ ထွေးပွေ့ထားရတယ်။

မှတ်ချက် ။ ။ အမှန်တိုင်းပြောရရင် ဒီစာစုလေးကို သင်္ကြန်တွင်း သီလရှင်ဝတ်ရင်း ကောင်လေးကို သတိရတာနဲ့ ဝတ်နည်းလွတ်လေးရေးထားတာပါ ။

8 comments

  • king

    May 28, 2011 at 11:17 am

    ကိလေသာ အညစ်အကြေးတောထဲက မထွက်သေးပါလားဗျ
    များများဝတ်ပေးနော် ဒါမှ တဏှာတွေ နည်းသွားမှာဗျ
    😛 (( * _ ^ ) ;P

  • OQ23

    May 28, 2011 at 2:12 pm

    အော် သံယောဇဉ်ကမပြတ်နိုင်ဘူးနော်။
    သာသနာ့ဘောင်ဝင်တာတောင် ဖြစ်တတ်ပါတယ်။
    တဏှာလောဘတွေပေါ့ လူသားမှန်ရင်ရှိတတ်ပါတယ်။

  • nature

    May 29, 2011 at 1:34 am

    gathering လုပ်တုန်းက သူငယ်ချင်း၂ယောက်ပြောနေတာကြားဖူးတယ်၊ ငယ်ငယ်တုန်း အသဲအသန်ကြွေခဲ့ဘူးတဲ့ မိန်းခလေးအကြောင်းပြောနေကြတာ၊
    အဲဒီတုန်းကတော့ …..မရရင်သေရပါတော့မယ် တကယ့်မေတ္တာစစ်နဲ့နှစ်နှစ်ကာကာချစ်တာပါ ဘာညာပေါ့…..။
    အခုတော့……..တောက်၊အဲဒီအချိန်ကိုနှမျှောလိုက်တာတဲ့။
    စွဲလမ်းမှုတွေအတွက်တော့ အချိန်ဟာအကောင်းဆုံးသမားတော်ပါပဲ။
    ကာမရောဂါကိုယ်တွင်းနာ ကုရာနတ္ထိဆေးမရှိ၊ သတိ နဲ့ အချိန် သာလျှင် ဒေဝဩသဓ ဆေးမည်စွ။

  • cobra

    May 29, 2011 at 11:48 am

    သီလရှင်ဝတ်ရင်းနဲ့ကောင်လေးကိုသတိရလို့တဲ ့
    ဟဲ…ဟဲ…
    တခါတည်းသီလရှင်ဝတ်ရုံကိုချွတ်..
    အဝတ်အစားလဲပီး
    ကောင်လေးစီပြေးချင်လာတယ်ပေါ့

  • naywoonni

    May 29, 2011 at 3:47 pm

    ကောင်းတာပေါ့……… အဲဒါနဲ့ပဲ လူပြန်တော် ပြန်ဖြစ်ရတာပေါ့…….. သံယောဇဉ်မဖြတ်နိုင်ရင် မလုပ်ပါနဲ့..။ စိတ်ပင်ပန်းပါတယ်……..

  • etone

    May 30, 2011 at 4:59 am

    etone တို့ကတော့ ကိုယ့်အကြောင်းကိုယ်သိလို့ သီလရှင် လည်း မဝတ်ဖြစ်ဘူး ။ 😛
    လူ့စိတ်ကလေ … တစ်ခါတစ်လေ ဆန်းကြယ်တယ်… ။ တနေရာထဲ အတူရောက်နေလျှင်တောင် toilet ထဲခဏဝင်လို ့ ခွဲရလျှင်တောင် လွမ်းတတ်တယ် … ။ 😛 (နောက်တာ )

    • bigcat

      May 30, 2011 at 8:29 pm

      flush ဆွဲချလိုက်ရင်ကော သူ့မျက်နှာလေး ပျောက်သွားသလို မြင်ယောင်မိသေးလား….

  • R Ga

    May 30, 2011 at 10:03 am

    နောက်တစ်ခါ ကျွန်တော့်ကိုပေးထားတဲ့စာတွေကို ခွင့်ပြုချက်မရပဲတင်ရင် ။ တရားစွဲပြစ်မယ်နော် ဒေါ်နွယ်ပင်..။

Leave a Reply