ယာဉ်မောင်းသူအချို့အကြောင်း ပြောပြချင်တယ် ပြောပြန်ရင်လဲ နှိမ်ရာကျမယ်  ကိုယ်တိုင်တော့ ကား မ၀ယ်နိုင်သေးပါ .. ကိုယ်ပိုင်ကား မရှိလို့ ဒီစာ ရေးတာတော့ မဟုတ်ပါ .. ဒီမြင်ကွင်းကို တွေ့ပါများတော့ စိတ်အချဉ်ပေါက်လာတယ် .. ဘယ်နဲ့ .. သူတကာတွေ စနစ်တကျ တန်းစီပြီး မီးပွိုင့်ကို ဖြတ်ကျော်ကြတာကို ကြားဖြတ်ဝင် တစ်ခါတစ်လေတော့ လက်ကလေး ထောင်ပြပါရဲ့ .. အများအားဖြင့် ခတ်တည်တည်ပဲ .. ဖြတ်ဝင်တဲ့ ကားတွေ ကြည့်ရင် အဟောင်းရော အသစ်ရော .. ကိုယ်ပိုင်ရော .. taxi ရော အားလုံးပဲ .. အဆိုးဆုံးက လိုင်းကားတွေ .. သူတို့က နေ့စဉ် ဆက်ကြေး ပေးရတဲ့သူတွေဆိုတော့ ငါတို့ကို ဖမ်းမှာ မဟုတ်ဘူး ဆိုပြီး ဘေးကပ်မောင်းရမယ့် လမ်းမှာ အလယ်ကြော အထိတက် .. ပြီးတော့မှ တစ်ကြောပြီးတစ်ကြော ကြားဖြတ်တက် .. ပြီးတော့မှ မီးပွိုင့်ကို သတ်မှတ်လမ်း ကြောင်းအတိုင်းဖြစ်အောင် အတင်းပြန်ဝင် .. ကြားက ကားတွေမှန်သမျှ ဂရုစိုက်စရာ မလို ဆိုတဲ့ ပုံစံနဲ့ပေါ့ .. ပွိုင့်မှာတော့ ယာဉ်ထိန်းရဲ ရှိပါတယ် .. ပုံမှန် ဆက်ကြေးကိုပဲ တွက်နေတာ များတယ် မတိုက်မချင်း ထိုင်ရာက မထ ထဲကပဲ ထင်ပါရဲ့ .. အဲဒီတော့ ယာဉ်မောင်းတွေ ဥပဒေ ချိုးဖောက်ကြတာ ဘာဆန်းသလဲ .. ယာဉ်တိုက်မှုဖြစ်မှသာ .. ကျွန်တော့်မှာ မိန်းမက ဘယ်နှယောက် .. ကလေးက ဘယ်နှယောက် ကို လုပ်ကျွေးနေရတာပါ .. အမေအိုကြီးကို လုပ်ကျွေးနေတာပါနဲ့ ငိုပြကြဦးမယ် ..  ဟော သူတို့ကားကို လမ်းမဖယ်ပေးရင်တော့ ပွတ်ဆွဲမယ် တကဲကဲနဲ့ .. ပြီးရင် ပြောလိုက်သေး တယ် .. ကားသမားချင်း ကိုယ်ချင်းမစာဘူးတဲ့ .. ကဲ .. အခု တန်းစီနေတဲ့လူတွေ .. ဒီနေရာကိုရောက်ဖို့ ဘယ်လောက် စနစ်တကျ လာခဲ့ရသလဲ ဆိုတာကိုရော သူတို့ ကိုယ်ချင်းစာကြည့်ဖူးလို့လား .. တစ်ကယ်နော် .. စိတ်ကုန်တယ် ..  စိတ်တိုတတ်တဲ့ လူနဲ့တွေ့လို့ကတော့ .. ဂျိမ်းကနဲပဲ .. ပြီးရင် နှစ်ဖက်စလုံး မကောင်းဖြစ်တော့မယ် ..  တစ်ခါက စင်္ကာပူမှာ ညပိုင်း မီးနီ ဖြတ်ဝင်တဲ့ လူတစ်ယောက် .. အိမ်ကို ချလံရောက်လာတော့ .. သွားမဆောင်ဘူးလေ .. ဘယ်သူသိမှာလဲလို့ အတွေးနဲ့ပေါ့ .. တစ်ပတ်လောက်ကြာတဲ့အထိ မသွားဖြစ်တော့ နောက်ထပ် ဓါတ်ပုံအထောက်အထားနဲ့ ဆင့်ခေါ်စာရောက်လာပါလေရော .. ပုံထဲမှာ ဘယ်နေ့ ဘယ်အချိန် ဆိုတဲ့ နာရီ စာသားရယ် .. ကင်မရာချိန်ထားတာက ဘယ်နေရာဆိုတာရယ်ကို အတိအကျ ပါတဲ့အပြင် မောင်းသူရဲ့ဘေးမှာ မိန်းမ တစ်ယောက် ပါလာတာကိုပါ ထင်ရှားအောင် ရိုက်ထားတဲ့ ပုံဖြစ်နေတော့မှ .. အိမ်က မိန်းမနဲ့ ကွိုင်တက်ပါလေရော တဲ့ ..   ဒီတော့ နိုင်ငံခြားမှာဆိုရင် အဲဒီ ယာဉ်မောင်းတွေ .. လိုင်စင် ပိတ်ခံရမှာ သေချာတယ် .. သူတို့မှာ စိမ်းစိမ်းကျက် ကျက် .. ချလံဖြတ် .. လာမဆောင်ရင် .. တရားရုံးက ဆင့်ခေါ်မှာ .. သြော် သူတို့မှာ ကားမှန်သမျှ အမည်ပေါက် ရှိနေရတာကိုး  လုပ်နိုင်မှာပေါ့ ..  ကြားဖြတ်ခံရတဲ့ ကားတွေဖက်ကလဲ စဉ်းစားကြည့်ကြပါ .. သူသူငါငါ ကိုယ်သွားမယ့်ခရီးကို မြန်မြန်ရောက် ချင်ကြတာချည်းပဲ (သေဖို့ကလွဲလို့) .. သူဌေး မြန်မြန်ဖြစ် .. ထီ မြန်မြန်ပေါက် .. အမွေ မြန်မြန်ရ .. ကား ကြီးကြီးစီး .. တိုက် ကြီးကြီး ဆောက် .. မိန်းမ +++ ယူ .. ဒီလိုချည်းပဲ .. ဒါပေမယ့် သူများကို ထည့် မစဉ်းစားကြဘူး .. သူတို့လဲ ငါ့လို အလျင်လိုကြမှာပဲ .. မြန်မြန်ရောက်ချင်ကြမှာပဲ ဆိုတာ ..  သူတို့ မြန်မြန် မရောက်ချင်တာ .. ကြားဖြတ် မသွားချင်တာ သင်္ချိုင်းပဲ ရှိတယ် .. အဲဒါကြတော့ စောစော မရောက်ချင်ကြဘူး .. ဒါပေမယ့် သူတို့လုပ်ရပ်ဟာ အဲဒီကို စောစောရောက်နိုင်တယ် ဆိုတာကို မသိကြသေးဘူး ဆိုတာတော့ ထင်ရှားတယ် .. ဒါပါပဲ .. စိတ်ချဉ်လို့ ရေးလိုက်တာ ..

About moethidasoe

moe thidasoe has written 34 post in this Website..