လူ့တိုင်းအတွက် နေ့စဉ် စိတ်ကြည်လင်စေရန် ပြုလုပ်နည်း……

Yin Nyine NwaySeptember 9, 20101min984

  • နေ့စဉ် 10 မိနစ်မှ မိနစ်30 အထိလမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
  • နေ့စဉ်အနည်းဆုံး 10မိနစ်ခန့် ဘာကိုမှာမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
  • ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလိုနေ့စဉ် 7နာရီပြည့်အောင်အိပ်ပါ။
  • E သုံးလုံးနဲ့အညီနေပါ။ (1) Energy (2) Enthusiasm (3) Empathy
  • Game တွေကစားပေးပါ။
  • မနေ့ကထက် ဒီနေ့စာများများပိုဖတ်ပါ။
  • တရားထိုင်းခြင်း၊ ယောဂကျင့်ခြင်း စတာတွေအတွက် နေ့စဉ်အချိန်ပေး လုပ်ဆောင်ပါ။
  • သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကို အသက် 70 အရွယ်တွေနဲ့ အသက် ်6နှစ်အောက်ကလေးငယ်များနဲ့ အချိန်ဖြုန်းနေပါ။
  • နိုးနေတာထက်အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
  • အသားများများစားတာထက် အသီးအရွက်များများစားပါ။
  • ရေများများသောက်ပါ။
  • တစ်နေ့မှာ အနည်းဆုံးလူ 3ယောက်ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံး ဖြစ်အောင်ပြုံးပြပါ။
  • အတင်းပြောခြင်းနဲ့ အချိန်တွေမဖြုန်းမိပါစေနဲ့။
  • အတိတ်က အမှားတွေကို ပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ ပျော်အောင်နေပစ်ပါ။
  • သင်မလုပ်နိုင်ပဲနဲ့ အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှ သင်ကိုယ်တိုင် ဝင်ခံစားပေးပါ။
  • ဘဝဆိုတာသင်ယူစရာတွေနဲ့ ပြည့်နှက်နေတဲ့ ကျောင်းတစ်ခုဆိုတာသိပါ။ ပြဿနာဆိုတာ သင်ရိုးညွှန်းတမ်းထဲက ပြဌာန်းချက် အပိုင်းအစတစ်ခုဖြစ်လို့ ကျောင်းမှန်မှန်တက်ပြီး ဘဝနောက်ဆုံးအချိန်ထိ လေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။
  • မနက်မှာ ဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။
  • လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီးများများပြုံးပါ။
  • ဘဝဟာသိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့ အချိ်န်မဖြုန်းပါနဲ့ မုန်းနေတာတွေရှိရင် ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။
  • အလုပ်တွေလုပ်တဲ့အခါ အသည်းအသန် အပူတပြင်းမလုပ်ပါနဲ့။ ခေါင်းအေးအေးထားပြီး အမှားကင်းအောင်လုပ်ပါ။
  • အငြင်းအခုန်ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့သင့်လေတွေကိုမဖြုန်းပါနဲ့။ နားလည်မှု အတတ်နိုင်ဆုံး ပေးလိုက်ပါ။
  • အတိတ်ကကိစ္စရပ်တွေအတွက် ငြိမ်းချမ်းရေးယူကြည့်ပါ။ လက်ရှိအခြေအနေအတွက် အထောက်အကူရလာပါလိမ့်မယ်။
  • သင့်ဘဝကို အခြားတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
  • သင့်ဘဝကို ပျော်ရွှင်အောင်လုပ်နိုင်တာသင်အပြင်တခြားလူမရှိဘူးဆိုတာ သိပါ။
  • အရာရာတိုင်းအတွက် လူတိုင်းကို ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ မြင်ကြည့်ပါ။
  • အခြားသူတွေ သင့်ကိုဘယ်လိုထင်မြင်နေပါစေ မဟုတ်ရင်သင်ခံစားမနေပါနဲ့။
  • ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိ်န်တစ်ခုကို စောင့်ကြည့်ပါ။
  • သင်နေမကောင်းဖြစ်နေလျှင် သင့်သူငယ်ချင်း (သို့) တစ်စုံတစ်ဦးက သင့်တာဝန်တွေကို လုပ်ဆောင်ပါလိမ့်မယ်။ (ကိုယ်ကျန်းမာမှာစိတ်ကျန်းမာမည်)
  • အသုံးမဝင်တော့တဲ့ အရာတွေကိုအမြန်ဖယ်ရှားပါ။ လှလှပပနဲ့ ပျော်ရွှင်အောင်နေပါ။
  • မနာလိုဝန်တိုခြင်းဆိုတာ အချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့ အရာအားလုံးကို သင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကို သတိရပါ။
  • မကြာမီ အကောင်းဆုံးတွေ သင့်ထံရောက်လာတော့မယ်ဆိုတာ သိပါ။
  • ခံစားမှုတွေများလို့ မပြိုလဲသွားပါနဲ့။ အမြန်ထ အမြန်ပြင်ဆင်ပြီး လန်းဆန်းတက်ကြွစွာ နေပြပါ။
  • သင်မှန်တယ်ထင်တာတွေကို တွေးပြီးလုပ်ပါ။
  • မကြာခဏ မိသားစုနဲ့ ဝိုင်းဖွဲ့ပြီး စကားပြောပါ။
  • သင့်ရဲ့အတွင်းစိတ်ကို အမြဲပျော်ရွှင်အောင်ထားပါ။
  • နေ့စဉ် တစ်စုံတစ်ယောက်ဆီကို ပုံမှန်လက်ဆောင်ပေးပါ။ (ငွေ၊အရာဝတ္တု၊စကား)
  • အလုပ်ထဲ အတိုင်းအတာတစ်ခုအထိပဲ အနစ်မွန်းခံပါ။
  • သင်သိသမျှ ပတ်ဝန်းကျင်ကို မျှဝေပါ။

4 comments

  • winkyawaung

    September 10, 2010 at 1:24 am

    လူတိုင်းလိုက်နာနိုင်ကြရင် ကောင်းတဲ့ဆုံးမစာတမ်းလေးပါ။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်တဲ့ စာတွေပါပဲ..။ ဒါပေမဲ့ ၉၉% လောက်က မလုပ်နိုင်ကြတာ ခက်နေပါတယ်။ ကျွန်တော်လည်းပါတယ်.။

  • KIMURA

    September 10, 2010 at 1:53 am

    ဟုတ်ပါတယ်လူတိုင်းလိုက်မလုပ်နိုင်ကြပါဘူး။ပိုပြီးတောဆိုးတာက အခု ကိုရီးယားကားတွေပြနေတောလူတွေပိုပြီးပျင်းရိစေပါတယ် အားလုံး ပါပဲလေ။၊၊၊၊
    ဘာပဲဖြစ်တင်ပေးလိုက်တဲအတွက်လုပ်နိုင်တယ်သူကောင်းပါတယ်။

  • Gong Zhu

    September 15, 2010 at 12:57 am

    လမ်းတော့လျှောက်ချင်ပါတယ် .။ ဘယ်လျှောက်ရမယ်မှန်းမသိဘူးဖြစ်နေတယ် 🙂 winkyawaung ပြောတာမှန်ပါတယ် ဒါပေမယ့် Gong Zhu က 1% ထဲကနော် 😛

Leave a Reply