ငွေစက္ကူအဟောင်းများကြောင့်

meengelaySeptember 9, 20101min1147

ငွေစက္ကူအဟောင်းအနွမ်းမှ ရောဂါဖြစ်ပွားနိုင်…

ငွေစက္ကူအဟောင်းအနွမ်းများတွင်လူ

ကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို. ရောဂါပိုးမွှားများပါဝင်သည်ကိုတွေ.ရှိရကြောင်း အိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှစူးစမ်းရှာဖွေလေ.လာသူသုတေသီပညာရှင်များက တွေ.ရှိခဲ့ကြောင်း သိရှိရ သည်.သတင်းလေးတစ်ခုပြန်တင်ပြချင်ပါတယ်….

သူတို.ရဲ.ရှာဖွေလေ.လာတွေ.ရှိချက်အရဟောင်းနွမ်းနေတဲ.ငွေစက္ကူများဟာ ကိုင်တွယ်သုံးစွဲနေတဲ.လူတွေကိုကူးစက်နိုင်တဲ.ရောဂါပိုးမွှားများဖြစ်တည်ပွားများဖို. အတွက်အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။အဲဒီပိုးမွှားတွေကြောင်.ဖြစ်နိုင်တဲ.ရောဂါ တွေကတော.တီဘီရောဂါ၊အစာခြေလမ်းကြောင်းနာ၊နမိုးနီးယားလို.ခေါ်တဲ. အဆုတ်အအေးမိရောဂါ၊အစာအိမ်ယောင်ရောဂါစတဲ. လူကိုသေစေနိုင်လောက်တဲ.ရောဂါများဖြစ်ပါတယ်။
ငွေစက္ကူတွေဆုတ်ပြဲတာ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေတာတွေဟာငွေစက္ကူမှာပါတဲ. ဆယ်လူလွိုက်လို.ခေါ်တဲ.ဓါတ်တစ်မျိူးကိုဖေါ်ပြပြီးဘက်တီးရီးယားရောဂါပိုးမွှားတွေကို လက်ခံသယ်ဆောင်စေနိုင်တယ်လို. သုတေသီပညာရှင်ကဆိုပါတယ်…

အခြေအနေကတော.အတော်.ကိုဆိုးရွားပါတယ်၊အထူးသဖြင်. လူတွေအများဆုံးသုံးနေကြတဲ. တန်ဖိုးနည်းငွေစက္ကူတွေမှာ ပိုပိုးရောဂါပိုးတွေတွေ.ရပါတယ်လို. လည်းအဲဒီပညာရှင်ကဆက်ပြောပါတယ်။ငွေစက္ကူအကြွေတွေရှားပါးလာလို.အဲဒီငွေ စက္ကူတွေပိုမိုဆုတ်ပြဲဟောင်းနွမ်းလာရတာဖြစ်ပြီး အနားတွေဖွာလာတာတို.ဆုတ်ပြဲလို.တိပ်နဲ. ကပ်ထားတာတို.ကလည်း ရောဂါပိုးမွှားတွေကိုပွားများစေဖို.ပိုဖြစ်စေတယ်လို.ဆိုပါတယ်။

အထူးသဖြင်.ကုန်စိမ်းဈေးနဲ.သားငါးဈေးတွေမှာတွေ.ရတဲ.ငွေစက္ကူတွေမှာအထက်ပါ ရောဂါပိုးမွှားတွေကိုပိုပြီးတွေ.ရတယ်လို.ဆိုပါတယ်။ လူအများပြုလုပ်နေကျဖြစ်တဲ. လက်ကိုတံတွေးဆွတ်ပြီးငွေစက္ကူတွေကိုရေတွက်တာကလည်းရောဂါပိုးတွေ ကူးစေဖို.အကြောင်းတစ်ခုဖြစ်ပါတယ်။အဲဒီကမှတစ်ဆင်.ရေတွက်တဲ. သူတွေကိုလည်းကူးစက်နိုင်တာဖြစ်ပါတယ်။

ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇ဝ ရဲ. ၈ဝ ရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ.ပိုးမွှားတွေတွေ.ရပြီး ၆၅ ရာခိုင်နှုံးကတော.အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ. အစာအိမ်ရောဂါတို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေ တွေ.ရပါတယ်တဲ. …

တန်ဖိုးနည်းငွေစက္ကူရွက်တွေမှာပိုးမွှားတွေပါတယ်ဆိုလို.တန်ဖိုးကြီးတဲ. ငွေစက္ကူတွေမှာတော.မပါနိုင်ဘူးလို.မဆိုလိုပါဘူးလို. လည်းညာရှင်တွေကဆိုပါတယ်။သူတို.ကငွေစက္ကူအဟောင်းအနွမ်းတွေကို အချိန်ကြာမြင်.စွာမကိုင်တွယ်ထားသင်.ပါဘူး၊ပြီးတော. လက်မှာပြည်တည်နေတဲ.အနာ၊ဒဏ်ရာရှိတဲ.သူတွေအနေနဲ. လည်းငွေစက္ကူတွေကိုမကိုင်တွယ်သင်.ပါဘူးလို.အကြံပြုခဲ.ကြပါတယ်။ အဲ့တာကြောင့် ငွေစက္ကူကိုင်ပြီး လက်ကိုသေချာဆေးကြောပါလို. အကြံပြူလိုက်ပါရစေ………….

7 comments

  • unclegyi1974

    September 9, 2010 at 2:41 pm

    ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇ဝ ရဲ. ၈ဝ ရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ.ပိုးမွှားတွေတွေ.ရပြီး ၆၅ ရာခိုင်နှုံးကတော.အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ.အစာအိမ်ရောဂါတို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေ တွေ.ရပါတယ်တဲ. …

    အိုးဟို။။။ ဒါကြောင့်ကိုး။။ သိပြီ။။သိပြီ
    ကျေးဇူးဘဲ။

  • winkyawaung

    September 10, 2010 at 2:17 am

    မြန်မာပြည်ကတော့ ငွေစက္ကူဟောင်းတွေကို အစိုးရက စနစ်တကျ မသိမ်းတာ..ပြည်သူတွေသေသေ ဘာဖြစ်ဖြစ် သူတို့ရွေးကောက်ပွဲနိုင်ဖို့ပဲ စိတ်ဝင်စားနေကြတာပါ။ ပြည်သူတွေဟာ ငွေစက္ကူတွေထက်တောင် နွမ်းပါးနေရတာ..ကြာလာခဲ့ပါပြီ..။

  • ဆူး

    September 10, 2010 at 3:06 am

    အဲဒီလို ဆိုပြန်တော့လည်း တစ်ရှူး ချိုချဉ် ကော်ဖီမစ် ကျန်းမာရေးအတွက် အသင့်တော်ဆုံးလို့ ကြေညာရမလို ဖြစ်နေပြီ။ ဖြစ်လာသမျှ ဘဝကိုတော့ ကြံကြံခံရမှာဘဲ ပြောင်းလဲ ချင်တိုင်း ပြောင်းလဲလို့မှ မရတာ ဘယ်တတ်နိုင်မလဲ မပေးတော့လည်း ဈေးသည်က မကျေနပ် ပေးတော့လည်း ဒါဘဲရှိတယ် ဒါနဲ့ လည်ပတ်နေရတာဘဲလေ

  • zuzuaung

    September 10, 2010 at 3:16 am

    အောင်မြတ်လေး..အလုပ်လေးတစ်ခုရပါတယ်။ လစာလေးကောင်းလို ့လေ။ ရီ လိုက်ရတဲ ့ ပိုက်ဆံဂျာ။ အစုတ်တွေကြီးပဲ။မို စော် ကလည်းဘာနံသလဲမမေးနဲ ့။
    နောက်ဆုံးတော ့…ကိုယ် ့ကျန်းမာရေး အရေးကြီးတယ်ဆို ပြီး အလုပ်ပါထွက်လိုက်ရတယ်။ပြီးရော 🙁

  • ဆူး

    September 10, 2010 at 4:44 am

    တခု သတိရလို့ ထပ်ရေးလိုက်အုန်းမယ် ပိုက်ဆံ ရေပြီးရင်တော့ မျက်စိမပွတ်မိစေနဲ့နော် မအူပင်မှာ အမျိုးသမီး တယောက် ပိုက်ဆံ ရေပြီး အမှတ်တမဲ့ မျက်စိပွတ်လိုက်မိတာ မျက်စိတွေ စပ်လို့ ဆေးရုံကို ပြေးရတဲ့ အထိ ဖြစ်တယ် သတိတော့ ထားနော် လက် ကို ချက်ချင်းသာ ရေဆေးကြပါဗျို့။

  • Maung Dae`

    September 10, 2010 at 7:09 am

    ဟိုတစ်နေ့က ကားစပါယ်ယာက ပိုက်ဆံ ၁၀ဝ အမ်းလို့ ယူပြီးကြည့်လိုက်တော့ တစ်မျိုးကြီးပဲလို့စိတ်ထဲမှာထင်နေတာ.. ၂ဝ တန်ရယ် ၁၀ဝ တန်ရယ် ၁ဝ တန်ရယ်ကို ၃ မျိုးစပ်ထားတဲ့ ၁၀ဝ တန်ဖြစ်နေတယ်လေ.. ကိစ္စတော့မရှိပါဘူး နောက်တစ်ခါ ကားစီးရင်ပြန်သုံးတောပေါ့ဆိုပြီးတောပဲယူထားလိုက်တယ်.. နောက်ထပ်ကားစီးတော့ ပေးကြည့်တော့လဲယူတာပဲ.. သူတို့ကလဲ တွေးမှာပဲ ခရီးသည်တွေကိုပြန်အမ်းလို့ရတယ် ဆိုပြီးတော့ပေါ့.. ဒီလိုနဲ့ပဲ ချာလပတ်လည်နေတယ်… ရောဂါပိုးတွေလည်း ပျံ့နေမှာပဲ…

    မောင်ဒဲ့

  • Gong Zhu

    September 15, 2010 at 12:56 am

    Maung Dae` ပြောတာဟုတ်တယ် . ၅ဝ ၊ ၁၀ဝ ၊ ၂၀ဝ တန် အကောင်းဆိုတာရှားမှရှားပဲ

Leave a Reply