ငြိနေကြပြီ …

ေမာင္မႏၲေလးSeptember 10, 20101min1054

ငြိပြီ …

လူအုပ်ထဲမှာ ကျနော်ရှိနေပါတယ်။ ကျနော့်တာဝန်က ဟောပြောပွဲလာ ပရိသတ်တယောက်အဖြစ် လူအုပ်ထဲဝင်နေ၊ သူတို့ဟောသမျှ ပြောသမျှကို အသံဖမ်းယူဖို့နဲ့ လိုအပ်ရင် သတင်းပို့ဖို့။

ခန်းမကျယ်တခုထဲမှာပါ။ ခန်းမက လူငါးရာလောက် ဆန့်နိုင်ပေမယ့် ခန်းမတဝက်လောက်ပဲလူရှိပါတယ်။ မင်္ဂလာစင်မြင့်ကို ဟောပြောပွဲစင်မြင့်လုပ်ထားပြီး ပါတီအလံတွေ တန်းစီထောင်ထားပါတယ်။ ရဲရဲတောက်နေတဲ့ ဟောပြောပွဲ နဖူးစီးကတော့ ‘ရဲရဲတောက် ဒီမိုကရက်တစ်ပါတီရဲ့ ဒေါင်ဒေါင်မြည် ဟောပြောပွဲကြီး’ တဲ့ ဆောင်းဘောက်က  ‘နဂါးနီ သီချင်း’ ကို တကြော့ပြီးတကြော့ဆိုလို့။

တော်တော်ရူးတဲ့လူတွေပဲ။ ကိုယ့်ပတ်ဝန်းကျင်လောကကြီးရဲ့ အခြေအနေမှန်ကို နှမ်းတစေ့လောက်မှ မသိတဲ့လူတွေ၊ လူမိုက်တွေ။ ဆောင်းဘောက်က အော်သံကြားရပါတယ်။

“ပါတီဥက္ကဋ္ဌကြီး မိန့်ခွန်းပြောပါတော့မယ်” အသံတွေတိတ်သွားပါတယ်။ ကျနော့်အသံဖမ်းစက်လေးကို ဖွင့်ထားလိုက်ပါပြီ။

“ကျေးဇူးတင်ပါတယ်…ပရိသတ်ကြီးခင်ဗျား…ဒီကနေ့…ဒီနေရာမှာ….” အရေးမပါတာတွေကို တော်တော်ကြာကြာ လျှောက်ပြောနေပါသေးတယ်။ ဒီလိုပြောရင်း၊ ပြောရင်းနဲ့…ဟော စငြိပြီ။

“လွှတ်တော်ထဲရောက်တာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ စလုပ်ရမယ်…..”

ငြိပြီပေါ့။ ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ (၆) နဲ့ ငြိသွားပြီ။ ကိုယ်လက်မှတ်ရေးထိုးထားတဲ့ ကတိဝန်ခံချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆို။

“မတရားတဲ့ဥပဒေကို ပြင်ပစ်ရမယ်……”

ဒါလည်း ငြိတာပဲ။ တည်ဆဲဥပဒေကို မလေးစားတာ။

“ပြုပြင်စရာတွေ အများကြီးပဲ……”

ငြိပြန်ပြီ နိုင်ငံတော်ကို အကြည်ညိုပျက်အောင်ပြောတာလေ။

“ကျနော်တို့ပါတီကသာ လူထုအတွက် တကယ်လုပ်ပေးမှာ….”

ငကြွား…စကားပြောကလည်း မဆင်ခြင်ဘူး။ ဒါ…တခြားပါတီတွေကို သိက္ခာချတဲ့စကား၊ ပြဿနာတက်အောင်ရန်စတာ၊ တားမြစ်ချက်တွေကို ဖောက်ဖျက်တာပဲ။

ဥက္ကဋ္ဌကြီးရဲ့ မိန့်ခွန်အဆုံးမှာ ပရိသတ်က လက်ခုပ်တီးတော့ ကျနော်လည်း ပါတာပေါ့။

“အခု ကိုယ်စားလှယ်လောင်းက ဟောပြောပါတော့မယ်”

လက်ခုပ်တီးရပြန်ရော။

“ပထမဆုံးလွှတ်တော်ထဲကို ခြေချမိတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့ အဆိုတင်မယ်…”

ဒါ…လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိပါးတဲ့စကားပဲ။ “တနိုင်ငံလုံး လာဘ်ပေးလာဘ်ယူလုပ်နေကြတာတွေကို တိုက်ဖျက်ပစ်ရမယ်…”

ကြည့်စမ်း၊ အစိုးရရဲ့ ဂုဏ်သိက္ခာကိုတမင်ချတာ။

“လူထုချစ်တဲ့ တပ်မတော်ဖြစ်စေရမယ် ….”

ဟင်း…တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်တဲ့စကားအစစ်။

“ဝန်ထမ်းတွေရဲ့ ဘဝသာယာဝပြောအောင် စီစဉ်ပေးရမယ်… ”

အောင်မာ…နိုင်ငံ့ဝန်ထမ်းတွေ အစိုးရကို ဆန့်ကျင်အောင် သွေးထိုးလိုက်တာပေါ့လေ။

“လူထုကို ဆင်ရဲတွင်းကနေ ကယ်ထုတ်နိုင်မယ့် အလုပ်တွေပဲ…”

ဟော…လူထုဆန္ဒပြပွဲတွေဖြစ်အောင် မြှောက်ပေးနေပြီ။

“ဘာသာတိုင်းကို လွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ပေးဖို့….”

ကြည့်…ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ချလိုက်တာပေါ့။ ခန်းမအပြင်ဘက်ကို ကျနော်လစ်ထွက်လာပြီး လက်ကိုင်ဖုန်းကိုဖွင့်လိုက်ပါတယ်။

“ဟဲလို၊ ကြွက်စုတ်ပါ၊ ဟုတ်ကဲ့၊ အားလုံးငြိတယ် ဆရာရေ၊ အနှစ်သုံးဆယ် လေးဆယ်စာလောက်ကိုငြိတာ၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အဲ့ဒါပဲနော်…”

“ရဲရဲတောက်ပါတီဌာနချုပ်ရုံး” ကို ချိပ်ပိတ်ဖို့ တဖွဲ့သွားနေပါပြီ။ ပါတီဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်လောင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း တဖွဲ့လာနေပါပြီ။

ခန်းမထဲကို ကျနော်ပြန်ရောက်တော့ ဟောပြောပွဲက အရှိန်ကောင်းတုန်းပါပဲ။ ကိုယ်စားလှယ်လောင်းက ညာလက်ကိုမြှောက်ပြီး…

“ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဘူး……….” 

ယမထာ

၀၉ စက်တင်ဘာ ၂၀၁

4 comments

  • bigcat

    September 10, 2010 at 2:13 am

    လျှော့လျှော့ပေါ့ပေါ့ အနှစ်နှစ်ဆယ်လောက်ပဲ လုပ်ပါ ဆရာကြွက်ရယ်။

  • yannaingech

    September 10, 2010 at 3:56 am

    Great!! The Laws they enacted can be defined by them with their desired point of view. This post can reflect the situations in our country.

  • yuupar

    September 10, 2010 at 7:49 am

    (၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

    ဖရဲသီးရောင်းသူ ….. “လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”

    ရေဆာနေတဲ့ Taurus ….. ” အတော်ပဲ… ကျွန်တော့်ကို မချိုတာပေးပါ”

    (Taurus ဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ၊
    ဘေးချော်ချင်သည့်တိုင် ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)

    ———————————————————————————–

    (၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

    မေမေ …….”Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ”

    Gemini …..”အာ….. မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ”

    (Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)

    ———————————————————————————–

    (၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

    Cancer ……. “ဒီည သားမေမေနဲ့အိပ်မယ်”

    မေမေ …….. “သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?”
    Cancer …… “အင်း”
    မေမေ ……. “ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?”
    Cancer ……. “ဖေဖေနဲ့ ပေးအိပ်လိုက်မယ်”

    (Cancer ဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)

    ———————————————————————————–

    (၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ ဩဂုတ်၂၂ အတွင်းမွေးဖွားသူ)

    Leo ……. “ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ…? ”

    ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။
    Leo က ပဲပေါက်စီတစ်လုံးယူလိုက်တယ်။

    Leo “မေမေ.. မေမေ… တင်ပါးထဲမှာ အီးအီးတွေနဲ့….”

    ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။

    (Leo ဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ဘေးလူရဲ့အကြည့်၊ အပြောကို
    သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)

    ———————————————————————————–

    (၆) virgo (ကန်ရာသီဖွား– ဩဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

    virgo က ကိုယ့်ချက်ကိုကြည့်ပြီး ….”ဒါဘာလဲ” လို့ ဖေဖေကို တအံ့တဩမေးတယ်။

    ဖေဖေက …. “ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။
    မိခင်ဝမ်းတွင်းကခွာတာနဲ့ ဆရာဝန်ကချက်ကြိုးကိုဖြတ်ပြီး
    အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့ ချက်ဖြစ်လာခဲ့တယ်” ………လို့
    အတိုချုံးရှင်းပြလိုက်တယ်။

    virgo ……. ” ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ
    မသိဘူးနော် ”

    (virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)

    ———————————————————————————–

    (၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

    ဖေဖေ ….. “Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက

    အမွှာလေးမွေးပေးလိုက်တယ်။ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်”

    Libra ……”ဟုတ်ကဲ့ဖေဖေ… ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။

    ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်”

    (Libra ဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)

    ———————————————————————————–

    (၈) Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

    Scorpio အိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်ကသူ့ကိုကိုက်လိုက်တယ်။

    ဒါနဲ့ Scorpioထလာပြီး ခြင်ကိုမောင်းထုတ်တယ်။
    ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ ခြင်ထွက်မသွားဘူး။
    “ကောင်းပြီ…. မင်းမထွက်ရင် ငါထွက်တယ်ကွာ!”

    ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီးတံခါးကိုသော့ခတ်လိုက်တယ်။
    ပြီးမှ အားရကျေနပ်ဟန်နဲ့—
    “ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်”

    ( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဉာဏ် နည်းသူဖြစ်တယ်)

    ———————————————————————————–

    (၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

    Sagittarius …. ” ဖေဖေ… ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ ….? ”

    ဖေဖေ …….. “သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့”
    Sagittarius တအောင့်လောက် စဉ်းစားပြီး… “ဘိုးဘိုးဆံပင်တွေ
    တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?”
    ဖေဖေ “…………”

    (Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)

    ———————————————————————————–

    (၁ဝ) Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

    တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။

    လမ်းခုလပ်ရောက်တော့ ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး
    ” မိုးရွာပြီ… ပြေးပြေး.. ရှေ့ကိုပြေး! ” ….လို့ပြောတော့
    Capricornက တုံ့နှေးနှေးနဲ့

    ” ရှေ့မှာ မိုးမရွာလို့လား…? ” တဲ့။

    (Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)

    ———————————————————————————–

    (၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

    Aquarius ……. ” ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ…? ”

    မေမေ ….. ” ကြက်မက ထွက်လာတာပေါ ့”

    Aquarius ………… “‘ ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ…? ”
    မေမေ …… ” ကြက်ဥက ပေါက်လာတာပေါ့ ”

    Aquarius …..” ကြက်မနဲ့ကြက်ဥ ဘယ်ဟာကအရင်ရှိတာလဲ မေမေ…? ”

    (Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)

    ———————————————————————————–

    (၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

    ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။

    ဖေဖေ ……… “ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်”

    Pisces ……. “သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို
    ရောက်လာခဲ့တာပေါ့နော်”

    (Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)

    ———————————————————————————–

    ၁၂ရာသီဖွားတွေမှာ အားနည်းချက်၊ အားသာချက်တွေ ဒီထက်မကရှိကြပါတယ်။
    အင်တာနက်မှာရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

    ဒီမှာရေးထားတာက တချို့တလေပဲဖြစ်ပါတယ်။
    (၁၂)ရာသီခွင်ဟာသလို့ဆိုထားပေမယ့် တချို့ကသိပ်မရယ်ရပါဘူး။

    နိုင်းနိုင်းစနေ (ဓနုရာသီဖွား)
    copy ယူသည်

Leave a Reply