အားလုံးကိုပျော်စေချင်ပါတယ်

ေမာင္မႏၲေလးSeptember 10, 20101min650

(ဟာသလေးတစ်ပုဒ် … ကြိုက်လို့တင်လိုက်တယ်)

အားလုံးကို ပျော်စေချင်သူ


ဗိုလ်ချုပ်မှူးကြီး၊ ဒု-ဗိုလ်ချုပ် မှူးကြီး နှင့် စစ်ရုံး ချုပ်မှ ဗိုလ်ချုပ် ကြီး တို့ ရဟတ် ယာဉ် စီးလာ သည်။

ရွာကြီး တစ်ရွာ ပေါ် ရောက်သောအခါ ဗိုလ်ချုပ် မှူးကြီး က ပြောလိုက် သည်။

အခု နေ ငွေ တသောင်း ထုတ် တထုတ် လောက် ပစ်ချ လိုက်ရင်ကောက်ရ တဲ့ သူတော့ ပျော် မှာပဲ။

ထို အခါ ဒု- ဗိုလ်ချုပ် မှူးကြီး က

တထောင် စီ တထောင် စီ ချရင် ၁ဝ ယောက် လောက် ပျော်ရ မှာပေါ့၊

စစ်ရုံး ချုပ် ဗိုလ်ချုပ် ကြီးက “တစ်ရာတန်တွေ ကျဲချ လိုက်ရင် လူတစ်ရာ လောက်တောင် ပျော်နိုင်တယ်။

ငါ့ကောင် တွေ မဆိုးဘူး ဟု စဉ်းစား ကာ ဗိုလ်ချုပ် မှူးကြီး ပြုံးလိုက်သည်။

စည်းကမ်း ရှိတဲ့ ဒီမို ကရေစီ ကို သာ ကျင့်သုံး ခွင့်ရတဲ့ အနား က ကိုယ် ရံတော် စစ်သား လေး ကတော့ ယခုလို စိတ်ထဲ က တိတ်တိတ်လေး ပြောလိုက် သည်။

မင်းတို့ သုံးယောက်လုံးကိုသာ ပစ်ချ လိုက်ရင် တတိုင်းလုံး၊ တပြည်လုံး ပျော်မှာကွ။