ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူ ဖိုးလပြည့် က အာဏာကို ဆက်ခံမည် မဟုတ်ဟုဆို

Yin Nyine NwaySeptember 10, 20101min15012

ဗိုလ်ချုပ်မှူးကြီး ဘဝဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုးထုတ် သွားမည့် မြန်မာ စစ် ခေါင်းဆောင်၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာ လွှဲပေးရန် အကြောင်းဖန် ပါလာ ပါကလည်း သူ့အနေဖြင့် လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း ယခု သီတင်းပတ် အတွင်းက သူငယ်ချင်း ဖြစ်သူများအား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်းအနားကို မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့သည်။

အသက် ၇၈ နှစ် အရွယ်ရှိသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသက် ၂ဝ အရွယ် အရွယ် မြေးအား အာဏာလွှဲပေး နိုင်သည်ဟု သတင်းများ ထွက်ပေါ် နေချိန်တွင် ဖိုးလပြည့် က ထိုကဲ့သို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း လက်ရှိ စစ်တပ် ရာထူး နှင့် အဆင့်မှ နှုတ်ထွက် သွားပြီဟု သတင်း ထွက်ပေါ် နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အသက် ၂ဝ ပြည့်တွင် ယူရို ငွေတစ်သိန်း ခွဲ ကျော်ခန် ့တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130 အမျိုး အစားကို လက်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။

ရဟတ်ယာဉ် သစ်အား သူကိုယ်တိုင် သရုပ်ပြ မောင်းနှင် ပြသသည့် ပွဲတွင် သူ့အား ရဟတ်ယာဉ်မောင်း လေ့ကျင့်ပေးသည့် လေတပ် လေသူရဲ နှစ်ဦး ပါရှိပြီး သူ၏ သူငယ်ချင်း အချို့ကိုလည်း အလှည့်ကျစီ နောက်ခုံတွင် လိုက်ပါ စီးနင်း စေသည်ဟု သိရသည်။

အသက် ၂ဝ ကျော် အရွယ်ရှိ ဖိုးလပြည့် မှာ သူရထားသော အဖိုးဖြစ်သူ၏ မွေးနေ့ လက်ဆောင် ဖြစ်သည့် ရဟတ်ယာဉ် သစ် မိတ်ဆက်ပွဲတွင် သူ့ အနေဖြင့် မော်တော်ကား မောင်းခြင်း၊ မော်တော်ဘုတ် မောင်းနှင်ခြင်းနှင့် ရဟတ်ယာဉ် မောင်းနှင်းခြင်း တို့ကိုသာ စိတ်ဝင်စား ပြီး ရဟတ်ယာဉ် မောင်းနှင်မှု စွမ်းရည်ပြ ပြိုုင်ပွဲများကို ဝင်ခြင်သည်ဟု သိရသည်။

ဖိုးလပြည့်သည် ရဟတ်ယာဉ်ကို အတော်အသင့် မောင်းနှင်တတ်နေပြီး ယခု မွေးနေ့ လက်ဆောက် ရသည့် ရဟတ်ယာဉ်ဖြင့် စင်္ကာပူ အထိ မောင်းနှင်ခြင်သောလည်း အဖိုးဖြစ်သူက ခွင့်မပြုဟု သိရသည်။

၎င်းသည် မော်တော်ကား မောင်းနှင်ခြင်းလောက် အာဏာကို မမက်မောဟုလည်း ထိုနေ့က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အတွက် ရဟတ်ယာဉ် မွေးနေ့ လက်ဆောင် ဝယ်ပေးသော်လည်း ရန်ကုန်မြို့နေ ပြည်သူ အများစုမှာ ဘတ်(စ)ကား တိုးစီးရဆဲ ဖြစ်သည်။

12 comments

  • moethidasoe

    September 10, 2010 at 6:08 am

    euro တစ်သိန်းခွဲ ဆိုတော့ မြန်မာလို ကျပ် သိန်း ၁၈၀ဝ လောက် ရှိမှာပေါ့နော် .. ဒါတောင်မှ လက်ဆောင်ပေးတာ လို့ ဆိုတော့ ဗိုလ်ချုပ်မှူးကြီး အခွန်ငွေ ဆောင်ထားတာ ဘယ်လောက် ရှိသလဲ ဆိုတာကို သိချင်လိုက်တာ ..

  • narziparty2009

    September 10, 2010 at 6:24 am

    သူတို.ကျတော.ကောင်းပေ.ခေတ်မှီပေ.ဆိုတဲ.ဟာတွေတောင်လက်ဆောင်ပေးတယ်။
    ပြည်သူလူထုကျတော. ဒုတိယကမ္ဘာစစ်ကချက်ကြီးကိုဆက်လက်စီးခိုင်းတယ်။တော်တော်မျှတတာပဲနော်

  • Maung Dae`

    September 10, 2010 at 7:01 am

    အေး…. အဲ့သည်လူရမ်းကား အာဏာဆက်ခံမယ်ဆိုရင်လည်း သည်တိုင်းပြည်ကနေ အမြန်ဆုံးထွက်ခွာတော့မယ်…

    မောင်ဒဲ့

  • ultimate

    September 10, 2010 at 7:14 am

    “ယူရို ငွေတစ်သိန်း ခွဲ ကျော်ခန် ့တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130 အမျိုး အစားကို လက်ဆောင်”

    အဲလောက်များတဲ့ ငွေတွေ ဘယ်ကရလဲ။ ဘယ်သူ့ဆီကလဲ။ သူတို့က တော့အဲလိုသုံးဖြုန်း နေကြတယ်။ ပြည်သူတွေကို တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။ ပြည်သူတွေ ဘယ်လောက်ငတ်ပြတ်နေတယ်ဆိုတာ။ နိုင်ငံတိုးတက်တယ်ဆိုတာ နေပြည်တော်ကို တင်တိုးတက်အောင်လုပ်နေတာကိုပြောတာမဟုတ်ဘူး။ တစ်နိုင်ငံလုုံး ကိုတိုးတက်အောင်လုပ်တာကိုပြောတာ။ ကောင်းပြီးသားလမ်းတွေကို ဆက်ချဲ့နေလည်းအပိုဘဲ ။ မြန်မာနိုင်ငံမှာ လမ်းမကောင်းတာတွေ၊ သွားလို့မရတာတွေ တစ်ပုံကြီး ရှိတယ်။

    ပြည်သူတွေကိုစောင့်ရှောက်မှ ပြည်သူတွေကချစ်မှာပါ။ ဒီအတိုင်းဆက်သွားနေရင်တော့နိုင်ငံချွတ်ချုံ ကြပြီး မွဲသထက်မွဲဖို့ ဘဲရှိတော့တယ်။ နိုင်ငံပိုင်ပစ္စည်းတွေ၊ နယ်မြေတွေကို ရောင်းချတာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့သူတွေ တာဝန်လား။

  • chitsayar

    September 11, 2010 at 2:31 am

    ဖိုးလပြည့် က အာဏာကို ဆက်ခံမည် မဟုတ်ဟုဆို
    ပြောခြင်တာက အာဏာကို ယူလို ့ရတယ် မယူဘူး
    အဲ့သည်လိုလား?
    ကျွန်တော်တို ့တွေရဲ ့ဘဝတွေဟာ လူတစ်ဦးတစ်ယောက်ရဲ ့လက်ထဲမှာ ရှိနေကြတယ် အဲ့သည်လိုလား?

  • alienontheplanetearth

    September 11, 2010 at 7:09 am

    အာဏာကို ဆက်ခံမည် မဟုတ်ဟုဆို ရအောင် သူတို့က မင်းဆက်တွေမှမဟုတ်ဘဲ.
    သူလိုမလောက်လေးမလောက်စားကလေးရဲ့လက်ထဲ မြန်မာနိုင်ငံကြီးဘာကြောင့်ထဲ့ရမှာတုန်း.
    သူ့အဖိုးဒီလောက်ထိမရူးသင့်ဘူး

  • မန်း ရိပ်

    September 11, 2010 at 10:08 am

    တော်သေးတာပေါ့

  • intro

    September 11, 2010 at 12:03 pm

    ပြောကို မပြောချင်တော့တာပဲဗျာ… ပြောနေရင် အလိုလိုနေရင်း အကုသိုလ်ဝင်လွန်းလို့

  • babyshan

    September 11, 2010 at 3:03 pm

    အဲငပြည့်သာဆက်ခံရင် ပြည်သူတွေတော့ လစ်ပြီဗျာ သူဆက်ခံစရာလဲမလိုပါဘူး ဘာဆိုင်လို ့သူကဆက်ခံရမှာလဲ ဒါမျိုးက လုံးဝကို မဖြစ်သင့်ပါဘူးးးးး

  • cobra

    September 13, 2010 at 10:28 am

    သူတို ့ပဲကောင်းတယ်လုပ်ချင်တိုင်းလုပ်လို့ ရနေတယ်လေ..ဖြစ်ချင်တိုင်းလဲဖြစ်နေတာကို..။

  • gar

    September 13, 2010 at 11:40 am

    ကံ ကောင်း တာ က သူ မ ယူ တဲ့ အာဏာ ကို ဘယ် သူ ယူ မှာ လဲ

  • purple

    October 15, 2010 at 12:08 pm

    သူယူချင်ရင်တောင်မှအရည်အချင်းရှိဦးမှကိုး။ဒါပေမယ့်သူတို့ကတော့သူတို့နည်းနဲ့ရအောင်ယူမှာပါပဲ။

Leave a Reply