မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ ၁၀၀

CharTooLanSeptember 10, 20101min1419

ကဲ အခု ၁ ကနေ ၁၀ဝ ထိ ဆုံးအောင် ဖတ်လိုက်ကြဦးနော်။ ပြီးရင် မပါသေးတဲ့
အချက် ကို ရေးပေးကြပါဦးနော်……

၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး
များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။

၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း
အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။

၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက .. အစာလုံးဝမစားရ။
(သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ )

၄။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော
ယောက်ျားလေးများ အများအပြားရှိသည်။

၅။ ထိုယောက်ျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်ကြသည်။

၆။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့်
လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။

၇။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch pad
ကို သုံးပြီး အံဩလောက်ဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft paint
ဖြင့် ဖန်တီးလေ့ရှိသည်။

၈။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / MS Word ကို
ဆိုလိုခြင်းဖြစ်သည်။

၉။ ကွန်ပျူတာပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး
ကွန်ပျူတာသုံးလေ့မရှိကြ။

၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျောက်လေ့ရှိသည်။

၁၁။ ဆင်းရဲသားများ ရန်အလွန်ဖြစ်ကြသည်။

၁၂။ ရုပ်ဆိုးသူများသည် လူဆိုး၊လူမိုက်များဖြစ်ကြသည်။

၁၃။ လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။

၁၄။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ (သို့) Leather Jacket
ဝတ်လေ့ရှိပြီး တခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။

၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။

၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင်စားလေ့မရှိဘဲ
လူဆိုးများဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။

၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။

၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို
ရေထဲသို့တွန်းချလေ့ရှိသည်။

၁၉။ စီးပွါးရေးသမားအများစုသည် အနောက်တိုင်းဝတ်စုံကို
ဝတ်စုံပြည့်ဝတ်ဆင်သွားလာလေ့ရှိသည်။

၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများကိုင်ဆောင် လေ့ရှိကြသည်။

၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပါတ်သက်သူ တစုံတယောက်မှာ
သေဘေး(သို့)အန္တရာယ်နှင့် ကြုံနေရသည်မှာ အသေအချာပင်။

၂၂။ သေခါနီးလူမမာများသည် စကားအလွန်များသောသူများဖြစ်ကြသည်။

၂၃။ သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။

၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့်
မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင်ရှိသည်။

၂၅။ တက္ကသိုလ် ကျောင်းသားဘဝသည် ကင်တင်းတွင် တနေကုန်ထိုင်ပြီး
ရီစရာဟာသများပြောကာ ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။

၂၆။ တက္ကသိုလ်ကျောင်းဆိုသည်မှာ Myanmar Info Tech ( ICT Park ) နှင့်
အင်းလျားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။

၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။

၂၈။ ကျောင်းသူ မိန်းကလေးအများစုသည် အသံစွာကျယ်စွာကျယ်
စကားပြောလေ့ရှိပြီး၊ကင်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများဖြစ်ကြသည်။

၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေးတစ်ယောက်လာလျှင် ဝိုင်းစတတ်ကြသည်။

၃၀။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်းများလုပ်လေ့ရှိသည်။

၃၁။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။

၃၂။ လူငယ် ယောက်ျားလေး မိန်းကလေးများသည် ၃ယောက် ၄ယောက် အဖွဲ့လိုက်သာ
ပေါင်းသင်းလေ့ရှိကြသည်။ တယောက်တည်း နေလေ့သိပ်မရှိ။

၃၃။ ယောက်ျားလေးအဖွဲ့မှ တယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တယောက်ယောက်
ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးများသည် ထိုမိန်းကလေးအဖွဲ့မှ
အခြားသော
မိန်းကလေးများနှင့် ရည်းစားဖြစ်သွားလေ့ရှိသည်။

၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားနေကြလေ့ရှိသည်။

၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။

၃၆။ ကိုယ်ဝန်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဖို့ ၉၀% သေချာသည်။

၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ
အလွန်ပျော်ရွှင်လေ့ရှိသည်။

၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။

၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိကြသည်။

၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေးနှင့်ရည်းစားဖြစ်တတ်သည်။

၄၁။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍
လက်စားခြေလိုလျှင် သမီးရည်းစားအဖြစ်တွဲလေ့ရှိသည်။

၄၂။ အရက်မူးလာရင် အာလေး လျှာလေးဖြင့် စကားပြောတတ်ပြီး ..
ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။

၄၃။ အရက်ဆိုင်အတွင်းရန်ဖြစ်လျှင် များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။

၄၄။ မူးရူးပြီးအိမ်ပြန်လာလျှင် အိမ်ရှိကောင်မလေးများအား
မတရားပြုကျင့်တတ်ကြသည်။ ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုလဲသွားခြင်း၊
ကျကွဲခြင်း၊ ပန်းပွင့်ကြွေခြင်းများဖြစ်တတ်သည်။

၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင်
မုဒိန်းကောင်ဖြစ်သည်။ (မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀%
သေချာသည်။)

၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။

၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။

၄၈။ ကိုယ်ဝန်ဖျက်ချလေ့လဲမရှိသည့်အပြင် ကလေးကို တောရွာတခုခုသို့သွားပြီ
ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။

၄၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖေါ်ကောင်မလေးများရှိတတ်သည်။

၅၀။ ထိုအိမ်ဖေါ်ကောင်မလေးများသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်းသွားတတ်ကြသည်။

၅၁။ ရုပ်ဆိုးသောအိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။

၅၂။ ခေတ်လူငယ်အများစုသည် Shopping Mall များ၊ Snack Shop များတွင်
တချိန်လုံး အချိန်ဖြုန်းနေတတ်ကြသည်။

၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှ ကောင်မလေးများအား မျက်စပစ်ပြခြင်း
စသည် စသည်များ စိတ်ကြိုက်လုပ်ခွင့်ရှိသည်။

၅၄။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောက်ျားလေးအဖွဲ့တဖွဲ့နှင့်
လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်းစားဖြစ်သွားလေ့ရှိသည်။

၅၅။ ယောက်ျားလေးမိန်းကလေးအဖွဲ့များတွင် အချောဆုံးတယောက်မှ လွဲပြီး
ကျန်သော သူငယ်ချင်းများမှာ တချိန်လုံး ဟာသလုပ်ပြီး
ရီစရာများပြောနေတတ်ကြသည်။

၅၆။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး(သို့)နှစ်ဦးစလုံး မရှိတတ်ကြ။ ဦးလေး
အဒေါ်များ သူငယ်ချင်းများဖြင့်သာနေလေ့ရှိကြသည်။

၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်းစား စကားပြောခွင့်ရှိသည်။

၅၈။ (အရောင်းတာဝန်ခံ/မန်နေဂျာ/Security) မည်သူကမျှ မတားဆီးကြ၊
အနှောင့်အယှက်မပေးလေ့မရှိကြ။

၅၉။ မည်သူမဆို Taxi ငှားစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။

၆၀။ အသက်၄ဝကျော် မိန်းမကြီး ၉၀% ခန့်မှာ အတင်းပြောတတ်သူများသာဖြစ်ကြသည်။

၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။

၆၂။ အိမ်တစ်အိမ်တွင် အဖိုး၊အဖွားများသည် ဩဇာအရှိဆုံးလူများ ဖြစ်ကြသည်။

၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး
ဂစ်တာတီးနေသူများကို တရပ်ကွက်လုံးက သည်းညည်းခံကြသည်။

၆၄။ ဂစ်တာတလုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။

၆၅။ ကောင်မလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သော လမ်းများတွင်
သွားလာလေ့ရှိသည်။

၆၆။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့
အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။

၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။

၆၈။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ယောက်၃ယောက်မကသော
လူဆိုး၊ လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါများတွင်
တိုက်ဆိုင်စွာ ဘောင်းဘီရှည်သာ ဝတ်ထားလေ့ရှိသည်။

၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။

၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါခပ်ချာချာ
အစ်ကိုတစ်ယောက် ရှိနေတတ်သည်။

၇၁။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။

၇၂။ နယ်မှ တယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော
အခန်းများငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့် သွားလာလေ့ရှိသည်။

၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တခါတရံ) စုတ်ပြဲနေသော
အဝတ်အစားများသာ အမြဲလိုလိုဝတ်ဆင်ကြသည်။

၇၄။ ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ် လုပ်လေ့မရှိကြ။

၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျောက်နေလေ့ရှိသည်။

၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသော
ကောင်မလေးအား လက်ထပ်ခွင့်ရရန် ယောက်ခမလောင်းများအား ငွေဖြင့်
သိမ်းသွင်းတတ်သည်။

၇၇။ အဖြူရောင်ကုတ်အကျီရှည်ဝတ်ထားပြီး နားကျပ်လည်ပင်းတပ်ထားသူတိုင်း
ဆရာဝန်များဖြစ်ကြသည်။ (သို့) ဆရာဝန်တိုင်း ဂျူတီကုတ်ဝတ်ပြီး
နားကျပ်လည်ပင်းဆွဲထားတတ်ကြသည်။

၇၈။ ခွဲစိတ်ကုသမှုမအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ
ခေါင်းယမ်း၍ (သို့) မျက်နှာပျက်၍ ထွက်လာတတ်သည်။

၇၉။ မင်းသား(သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့)
သွေးတိုးရောဂါများရှိတတ်သည်။

၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ မူးမေ့လဲသွားတတ်သည်။

၈၁။ အလွန်တော်သောမိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသော
ယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။

၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။

၈၃။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်နာမည်များ
ဖြစ်လေ့ရှိသည်။

၈၄။ တခါတရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိသည်။

၈၅။ ထိုတောက်ညင်ကတ်ဖွယ်နာမည်ဆိုးကို မည်သူကမျှ စခြင်းနောက်ခြင်း
ပြောင်လှောင်ခြင်းမပြုကြ။

၈၆။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည် မိဘများအား
ခိုးရာလိုက်သွားပြီဖြစ်ကြောင်း .. လိုက်မရှာရန် နှင့်
ခွင့်လွှတ်စေချင်ကြောင်း .. အစရှိသဖြင့် စာရေးထားတတ်ကြပြီး .. အိပ်ယာပေါ်
သို့မဟုတ် အိပ်ယာဘေးက စားပွဲပေါ်တင်ထားလေ့ရှိကြသည်။

၈၇။ ထိုစာအများစုတွင် သမီးမိုက် ဆိုသော စာသား ပါလေ့ရှိသည်။

၈၈။ ယောက်ျားလေးအများစုကတော့ မိဘကို မိန်းမခိုးမည့်ကိစ္စနှင့်ပါတ်သက်ပြီး
လုံးဝ အသိပေးလေ့မရှိ။

၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။

၉၀။ ယောက်ျားလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို့
အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။

၉၁။ အိမ်ဖေါ်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏ သမီးအား မမလေး ဟုသာ
ခေါ်လေ့ရှိသည်။

၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင်
တမင်ကြိုးစား ဖျစ်ညှစ်ပြောတတ်သော အကျင့်များရှိလာကြသည်။

၉၃။ လူကြားထဲတွင် အိန္ဒြေပျက်လောက်အောင် တကိုယ်လုံးနှင့်
လက်များရမ်းခါလှုပ်ပြီး စကားပြောတတ်သူများကို .. မထူးခြားသယောင်
ဆက်ဆံပြောဆိုတတ်ကြသည်။

၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များဝတ်ဆင်ကြလေ့ရှိသည်။

၉၅။ ကျောင်းသားကျောင်းသူ အများစုမှာ စာကြိုးစားသည်ကို မတွေ့ရ။

၉၆။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင်ရိုမန်တစ်ဖြစ်သည်။

၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။

၉၈။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော
စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။

၉၉။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားတတ်ကြတယ်။

၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။

9 comments

  • ဆူး

    September 10, 2010 at 5:22 am

    တော်ချက်က ကန်းကုန်တယ် အကုန်လုံး ကွက်တိဘဲ ဖတ်ပြီးတော့ ရီလိုက်ရတာ.. နဲနဲတောင် မောသွားတယ်။ အဲဒါတွေကြောင့် မြန်မာကား မကြည့်ဖြစ်တာ ကြာပေါ့။

  • Maung Dae`

    September 10, 2010 at 6:51 am

    မှန်လိုက်လေ… မြန်မာကားက အစပိုင်း ၁၅ မိနစ်လောက်ကြည့်ပြီးရင် ဇာတ်သိမ်းပိုင်းကို ပြောလို့ရပီ… တစ်ချို့ဟာသတွေက ရီရမှာလိုလို ပြုံးရမှာလိုလိုနဲ့ ဟက်ကော့ကြီးဖြစ်ပီး ပါးညောင်းတယ်… ညစ်ညမ်း ဟာသတွေကိုအရမ်းသုံးတယ်… အိမ်မှာ အစ်မတွေ ညီမ တွေနဲ့တောင်ကြည့်ရတာ အဆင်မပြေဘူး…
    သူတို့ကိုလဲ အပြစ်တော့ပြောလို့မရပါဘူး… လုပ်ပိုင်ခွင့်.. ထုတ်ဖော်ပြသခွင့်ဘာမှမရှိဘူးလေ… ပုဂံမှာ ရုပ်ရှင်တစ်ရက်ရိုက်ရင် ၁ဝ သိန်းဆိုလားပဲ.. သေချာတော့မသိဘူးနော်.. ကြားတာကိုပြောတာ… ပြီးတော့ သရုပ်ဆောင်တွေက အလှနဲ့သရုပ်ဆောင်တာ… ဘယ်လောက်ပဲဆင်းရဲဆင်းရဲ မျက်နှာက ဝင်းပြီး ချောမွတ် နေတာပဲ…

    နောက်တစ်ချက်ထပ်ဖြည့်လိုက်ဦး ထမင်းဟင်း ချက်ရင်မျက်နှာကို အိုးမဲပေနေတက်တယ်.. ချက်တာကတော့ တိုက်ခန်းထဲမှာ ဂက်စ်အိုးနဲ့… ကဲ ကြည့်လဲလုပ်ကြဦးလို့..

    မောင်ဒဲ့

  • mzm

    July 28, 2011 at 3:50 pm

    မှန်ပါတယ်ဗျာ မြန်မာကားအားလုံးကိုကြည့်လိုက်ရင် ညားစေသတည်း ဇာတ်ကားတွေချည်းပဲ
    အရေမရ အဖတ်မရနဲ့အချစ်ကားဆိုလည်းဇွတ်ကိုချစ်တာ ဟာသကားဆိုလဲပေါမဆုံးပေါင်တောသုံးတောင်လို့
    ပြောရမလိုဖြစ်နေတာ ဒါနဲ့များနိုင်ငံတကာထိထိုးဖောက်မယ်တဲ့ဗျာမလုပ်ကြပါနဲ့တော်ကြာထမင်းအိုးပေါက်မှ
    ဟုတ်ပေ့ဖြစ်နေအုံးမယ်

  • zawthulay

    July 28, 2011 at 5:04 pm

    နောက်တစ်ခုရှိပါသေးတယ်…မင်းသမီးကဆင်းရဲတဲ့အခန်းသာသရုပ်ဆာင်တာ လက်သည်းကြတော့အရှည်ထားတယ်…တစ်ခါလာလည်းချစ်ကွဲညားပဲ.. မပြခင်ကတည်းကကြိုသိနေတာပါပဲ

  • asarpokelay

    July 28, 2011 at 5:19 pm

    ဟုတ်ပါ့နော် ကြည့်လိုက်တိုင်း မဖြစ်နိုင်တာတွေကများနေသေးတယ် နော်
    ကိုယ့် ဘာသာမင်းသားလုပ် ဒါရိုက်တာလဲ သူပဲ ပြီးရင်မင်းသားက အမြဲချရင်သူပဲနိုင်နေတော့တာပဲ
    မင်းသားနဲ့ လူဆိုးချနေရင်အားရပါးရထိုးတယ်ကို်မရှိဘူး… မင်းသားမနိုင်တော့ မင်းသမီး ကူ ပြီးရိုက်လို့လူဆိုးပြေးတဲ့အခန်းလဲရှိသေးတယ် နော် ….
    ဟာသ ကားဆိုလဲ ပေါတာကများနေတယ် ပေါကားလို့ပေးရမှာနော်..
    ps
    ဝေဖန်ပေးတာနော်….

  • hmee

    July 28, 2011 at 5:21 pm

    မင်းသမီး၊ မင်းသားများ ဆင်းရဲတယ်လည်း ပြောသေး ခေါင်းကဆံပင်က ဂျယ်တွေနဲ့ ကော့ပြီးထောင်လို့။ အဝတ်အစားများ ထပ်တောင်မထပ်ပေါင်။ တခုရှိသေးတယ် ကိုချာတူးလန်ရေ တောသူရေခပ်ဆင်းတယ်တဲ့ အောကတ္တီပါ ပုံတော် ဖိနပ်နဲ့နော်။ ရေအိုးသာပင့်ပြီးရွက်တာ တအောင့်လောက်ကြာလို့ လူဆိုးတွေ့လို့ ရေအိုးကွဲတော့ ရေမပါဘူး။ ရေမခပ်ပဲ လေခပ်တယ်ထင်ပါ့။ ဦးသုခက ဦးအံ့ကျော်ကို ဘယ်သူပြိုင်လို့ လှပါနိုင်ထဲမှာ ထန်းလျှက်တောင်းထမ်းခိုင်းတာ တောင်းထဲ ခဲတွေထည့်ပြီး ထမ်းခိုင်းတယ်တဲ့။ ဆရာရယ် အလွတ်ပဲ ထမ်းလို့ မရဘူးလားပြောတော့ မရဘူး ပခုံး အနိမ့်အမြင့် မတူဘူးလို့ ပြောတာ ဖတ်ခဲ့ဖူးပါတယ်။ အခုတော့ မုန့်ဟင်းခါးလာပို့တယ် ပြောပြီး ချိုင့်လှမ်းပေးတာ လက်ကောက်ဝတ်မညွတ်ဘူး။ ဘာမှမပါတာသိသာတယ်။ နောက် ခရီးက ပြန်လာတာတို့ ဘာတို့ ခရီးဆောင်အိတ်အလွတ်မှန်း သိသာတယ် ကိုယ်ဟန်အနေအထားကြည့် သိသာတာကိုး။ သဏ္ဍန်လုပ် သရုပ်တူဆို ပီပြင်အောင် လုပ်သင့်တယ်။ ပရိတ်သတ်ကို လျှော့တွက် သလိုပဲ။ စိစိပေါက်ပေါက် ထပ်ပြောရင် တရာမကဘူး ထပ်ရနိုင်တယ်။

  • MOEPWINTPHYU

    July 28, 2011 at 5:24 pm

    ဟုတ်တယ် ညတုန်းကကြည်ရတဲဇာတ်ကားမြန်မာအသံကလာတာ ဘယ်လိုမှန်းကိုသိဘူး မင်သားနဲမင်းသမီးကိုပဲဖေးမပြီး ကျန်တဲလူကသူတိုကိုချော့နေရသလိုချည်းပဲ အစ်ကိုတွေကလဲ အပြင်ကအစ်ကိုတွေနဲမတူဘူး အဲဒါဒါရိုက်တာတွေက အပြင်
    ကလူတွေအကြောင်းမသိလိုလာ ဒါမျိုးတွေပဲတွေ့နေရတယ်

  • bigbird

    July 28, 2011 at 7:33 pm

    ဒါတွေဒါတွေကြောင့်… မြန်မာကားတွေ မကြည့်ဖြစ်တာ အတော်လေးကိုကြာခဲ့ပါပြီး။
    ငမူးအခန်းတွေဆို လုံးဝကို ကြည့်ချင်စိတ်မရှိဘူး။
    မင်းသား မင်းသမီးတွေကို အပြင်မှာတွေ့ရင်တောင် သိမှာမဟုတ်တော့ဘူး။

    ရှေးဟောင်းသရုပ်ဆောင်တွေကို လွမ်းတယ်….(ကောလိပ်ဂျင်နေဝင်း စသည်ဖြင့်ပေါ့)

  • nature

    July 28, 2011 at 9:36 pm

    အရင်ကမြန်မာကားတွေ ကြည့်ရတာ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။ မင်းသားက ချမ်းသာရင် မင်းသမီးက ဆင်းရဲမယ်။ မင်းသားက ဆင်းရဲရင် မင်းသမီးက ချမ်းသာမယ်။ မိဘက သဘောမတူဘူးခွဲမယ်။ အများစုက ပြီးရင်ညားမယ်။ မညားလို့ကလည်းမရ ။ မညားရင် ကြည့်မဲ့သူမရှိဘူး။
    မင်းသားနဲ့ မင်းသမီးတွေ့တာကလဲ လက်ကိုင်ပုဝါကျကျန်တာလိုက်ပေးရင်း ကားပျက်ရင်ပြင်ပေးရင်း ၊ လူဆိုးတွေ နှောက်ယှက်တာကာကွယ်ပေးရင်း နဲ့ပဲ ကြိုက်သွားကြတာများတယ်။ အဲဒီတုန်းက သူတို့ ပြောနေတဲ့ mood သွင်းတယ်ဆိုတာနားမလည်ဘူး။ ကိုရီးယားကား ၊ တရုပ်ကားကြည့်တော့မှ mood သွင်းတယ်ဆိုတာ နားလည်သွားတယ်။

Leave a Reply