ရောဂါကြီးတွေကာကွယ်ဖို့အာလူးစိမ်းဖျော်ရည်သောက်ကြစို့။

etoneSeptember 10, 20101min1035

ကင်ဆာရောဂါအမှန်တကယ် ပျောက်ကင်းချင်တယ်ဆိုရင် အာလုံးစိမ်းဖျော်ရည် နေ့စဉ်မှန်မှန်သောက်ပေးဖို့လိုတယ်လို့
အခုတလော ခေတ်စားနေပါတယ်။ အာလူးစိမ်းဖျော်ရည်လုပ်နည်းဟာ အလွန်ရိုးစင်းလွယ်ကူတဲ့အတွက် အခုချက်ခြင်း
ထလုပ်လို့ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ လုပ်နည်းက အရွယ်တူအာလူး (၃)လုံးကို ဖြူစင်အောင်ဘေးအစို့ပေါက်များကို အသေအချာဖယ်ရှားရပါမယ်။ အခွံနွှာဖို့တော့မလိုဘူးလို့ သိရပါတယ်။ (တစ်ခုရှိတာက ကိုယ်ရွေးတဲ့အာလူးဟာ သန့်ရှင်း လတ်ဆတ်ဖို့တော့ လိုပါတယ်။ အာလူးပုတ်၊ အာလူးဆွေးမဖြစ်စေရပါ) ရေဆေးပြီး ချစ်ရပါမယ်။ ပြီးရင် အဲဒီ အာလူးမျှင်ကလေးတွေကို ပိတ်စိမ်းပါးသန့်သန့်နဲ့ ထုပ်ပြီး အုန်းနို့ညစ်သလို ညစ်ရပါမယ်။ ရလာတဲ့ အာလူးစိမ်းရည်ကို အရသာကောင်းအောင် ပျားရယ်စစ်စစ်နည်းနည်းရောစပ်သောက်နိုင်ပါတယ်။ အာလူးစိမ်းဖျော်ရ်ကို နံနက်တိုင်း တစ် ခွက်နှုန်းသောက်သုံးပေးရင် ကင်ဆာရောဂါ သက်သာပျောက်ကင်းစေနိုင်တဲ့အကြောင်း ဂျပန်နိုင်ငံမှာ သက်သေထူပေး မယ့်အထင်ကရပုဂ္ဂိုလ် ဒုနဲ့ ဒေး ရှိနေပြီလို့သိရပါတယ်။
အာလူးစိမ်း ဖျော်ရည်ကို သောက်သုံးပေးရင် ကင်ဆာရောဂါပျောက်ရုံတင်မဟုတ်ဘူးတဲ့ တစ်ပတ်နှစ်ပတ်အ တွင်း ပေါ့ပါးရွှင်လန်းလာတာတော့သေချာပါတယ်။ ကိုယ်တိုင်စမ်းသောက်ကြည့်ရင် ပိုပြီးသေချာတာတွေ့ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါး နာ၊ ပုခုံးနာ၊ ကျီးပေါင်းတက်ရောဂါတွေပါ ပျောက်ကင်းတယ်ဆိုပြီး ဂျပန်နိုင်ငံမှာတော့အတော့်ကို ရေပန်းစားနေပြီဖြစ်ပါ တယ်။ အဲဒီလိုဖြစ်အောင် စတင်ဆော်ဩသူကတော့ ဂျပနဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးအဂှသ် တိုမိဇာဝဖြစ်ပါတယ်။ ဘုန်းတော်ကြီးတိုမိဇာဝရဲ့ အာလူးစိမ်းဖျော်ရည်ဖျော်နည်း၊ သောက်နည်းရသွားပြီး ကိုယ်တိုင်လက်တွေ့ဖျော်စပ်သောက် သုံးသူဂျပန်လူမျိုး အများစုဟာ သေမဲ့ဆဲဆဲရောဂါအတော်များများပျောက်ကင်းချမ်းသာရသွားလို့ ကျေးဇူးတင်မဆုံးဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံသားမစ္စတာတီဟာ ရောဂါခံစားရလို့ ခေတ်မီအနောက်တိုင်းဆေးဝါးတွေနဲ့ ခွဲစိတ်ကုသရုံမကဘူး ဓာတ်ကင်ခဲ့ပေမယ့် ရောဂါမသက်သာလို့ လူပြောများတဲ့ အာလူးစိမ်းဖျော်ရည်ကို စမ်းသောက်ကြည့်တယ်လို့ဆိုပါ တယ်။ ဆရာဝန်က လက်လျော့လိုက်တဲ့အတွက် ကင်ဆာရောဂါနဲ့ သေမင်းနှုတ်ခမ်းဝရောက်ခဲ့တဲ့ မ စ္စတာတီဟာ အာလူးစိမ်းဖျော်ရည်သောက်သုံးတဲ့ ကျေးဇူးကြောင့် ကင်ဆာရောဂါသက်သာသွားရုံမကဘူး။ အခုဆိုရင် အားခွန် ဗလပြည့်ဖြိုးပီး အလုပ်တောင်ပြန်ဝင်နေပြီလို့သိရပါတယ်။
ဒါကြောင့်အနောက်တိုင်းဆေးပညာနဲ့ ကုသပေးနေတဲ့ ဂျပန်ဆရာဝန်အတော်များများဟာ အာလူးစိမ်းဖျော် ရည်သောက်သုံးပေးခြင်းဟာ ကင်ဆာရောဂါသာမက အခြားရောဂါကြီးတော်တော်များများကိုပျောက်စေတယ်လို့ ထောက်ခံလာကြပြီဖြစ်ပါတယ်။ ဘာလဲဖြစ်ဖြစ် ရောဂါတစ်ခုခုခံစားရပြီဆိုရင် ငွေကုန်ကြေးကျမသက်သာလှတဲ့ ခုလို အချိန်မျိုးမှာ ဈေးအသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်တဲ့ အာလူးစိမ်းဖျော်ရည်ကို လိုလိုမယ်မယ် ကြိုတင်သောက် သုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

5 comments

  • moethidasoe

    September 10, 2010 at 9:12 am

    ဒီလိုဆိုရင် အာလူး လာမပေးနဲ့လို့ မပြောတော့ပဲ အာလူးများများပေးပါ လို့ ပြန်ပြောရမယ့် အခြေအနေပေါ့နော် .. မြန်မာပြည်မှာ စမ်းသပ်ပြီးရင်လဲ .. အားလုံးကို ထပ်မံ ဖြည့်စွက်ပေးပါလို့ တောင်းဆိုချင်ပါတယ် .. (အာလူး ဈေးတက်မှာတော့ ကြောက်ပါတယ်)
    စီပိုးအတွက်လဲ ဈေးသက်သက်သာသာနဲ့ ပျောက်နိုင်တာကို တင်ပြပေးတဲ့ လူကိုလဲ ဒီနေရာကပဲ ချီးကျူးလိုပါတယ်

  • yuupar

    September 10, 2010 at 9:43 am

    c ပိုး က တော်တော် အဖြစ်များနေပီ တင် ပေးတာ ကျေးဇူးပဲ

  • saund

    September 11, 2010 at 1:35 am

    တန်ဖိုးရှိတဲ့နည်း ဝေမျှတာ ကျေးဇူးပါ။

  • ဆူး

    September 11, 2010 at 4:20 am

    မျှဝေတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • char too lan

    September 11, 2010 at 4:46 am

    ကျေးဇူးတင်ပါတယ်
    ကျနော်အတွက်ဒီဆေးနည်းက အဖိုးတန်ပါတယ်

Leave a Reply