Handy Cafe software အကြောင်းအနည်းငယ်

နိုင်နိုင်September 10, 20101min1543

Handy Cafe software ကိုအင်တာနက်ဆိုင်တွေမှာ အသုံးများပါတယ် သုံးရတာတော့ တော်တော်လေး အဆင်ပြေပါတယ် ဒါပေမဲ့ အားသာချက် အားနည်းချက်တွေတော့ ရှိပါတယ် ထဲ့ရေးမပေးတော့ပါဘူး။ server လုပ်ချင်တဲ့သူများအတွက် အနည်းငယ် သိသလောက်လေး ပြောပြချင်လို့ရေးလိုက်တာပါ ကျွန်တော့် ဘလော့မှာတောင် မရေးရသေးပါဘူး ပထမ register လုပ်မယ်ဆိုတော့ ကွန်နက်ရှင်ရှိမှ ဖြစ်မှာပါ။ www.handycafe.com မှာသွားပြီး register သွားလုပ်ရပါမယ် အဲဒီမှာ ကိုယ်က ကိုယ့်ဆိုင်အတွက် အလုံးရေ ဘယ်လောက် သုံးမှာလည်း PC Quantity မှာ အသုံးပြုမဲ့ အရေအတွက်ကိုထဲ့ပေးရမှာဖြစ်ပါတယ်။ register လုပ်ပြီးတဲ့နောက် မိမိတို့ ထဲ့ထားခဲ့တဲ့ Email ထဲကို ဝင်လိုက်ပါ handy cafe လင့် တစ်ခုရောက်နေပါမယ် username and password ပေးလာပါလိမ့်မယ် ပုံမှန်အားဖြင့် ADMIN AND PASSWORD ဖြစ်ပါတယ်။ Register လုပ်တဲ့အပိုင်းမှာဆင်ပြေလောက်ပါပြီ။ပထမဦးဆုံး server အရင်လုပ်ပါမယ်။ Handycafe software ကိုတော့ ကျွန်တော်ထဲ့မပေးလိုက်တော့ပါဘူး googel search မှာ အဆင်ပြေတာ ဝင်စွဲလိုက်ပါ ဆော့ဝဲ ရပြီဆိုရင်တော့ server လုပ်မဲ့စက်မှာ install စလုပ်ရပါတော့မယ် မခတ်ပါဘူး ပုံမှန် install လုပ်တဲ့ ပုံစံမျိုးပါ တစ်ခုပဲ ရှိပါတယ် ရွေးချယ် ခိုင်းတာ ရှိပါတယ် server လုပ်မှာလား client လုပ်မှာလား မေးလာပါမယ် ကိုယ်က server လုပ်မယ်ဆိုတော့ server ဆိုတာကို ရွေးပေးလိုက်ပါ ပြီးရင်တော့ ဆက်သွားပါ install လုပ်တဲ့အပိုင်း အောင်မြင်သွားပါမယ်။ ငွေပမာဏတွက်တာတွေတော့ စမ်းကြည့်လိုက်ပါ အဆင်မပြေရင်တော့ ကွန်မန်းမှာ ပြန်မေးလိုက်ပါ။ handycafe server မှာ IP address ပေးရပါမယ် ဥပမာ 192.168.1.201 ပေါ့ ဒါဆို clinent စက်တွေမှာလည်း 192.168.1.201 ဆိုတာလိုက်ထဲ့ပေးရပါမယ် client စက်တွေ install လုပ်တဲ့ အခါမှာလည်း server လုပ်မလား client လုပ်မှာလား မေးပါမယ် client ကိုရွေးပြီး ဆက်လုပ်လိုက်ပါ အဆင်ပြေသွားပါမယ် အဆင်ပြေကြပါစေ။ အသေးစိတ်သိချင်တဲ့ သူငယ်ချင်းများရှိပါက ကွန်မန်းမှာ အသေချာမေးနိုင်ပါတယ် ပုံနဲ့အတူ အသေးစိတ် ပြန်ရေးတင်ပေးပါမယ် အားလုံးကျေးဇူးတင်လျှက်။

3 comments

  • sithuphyo

    September 11, 2010 at 2:23 am

    handycafe software ကတော့အင်တာနက်ကွန်နက်ရှင်လိုပါတယ်။ ဒါပေမယ့်ကျနော့်အတွက်တော့မလိုပါဘူး။ ကျနော်ကိုယ်တိုင်ရေး
    ထားတဲ့handycafe crackရှိပါတယ်။ 🙂 register လဲလုပ်စရာမလိုတော့ဘူးပေါ့။ အရင်ဆုံး http://www.handycafe.com ကနေ trial version ကိုဒေါင်းလုပ်လုပ်လိုက်ပါ။ ပြီးရင်ကျနော်တင်ထားပေးတဲ့ crack ကိုdouble click လေးပေးလိုက်ပေါ့ဗျာ။ ဟဲဟဲ register version ဖြစ်သွားစေရမယ်။ဟဲဟဲ cracker တော့မဟုတ်ပါဘူး။:P လေ့လာရုံလေးဘဲရှိပါသေးတယ်။ အကို့blog ကိုပေးခဲ့လေ။လာလေ့လာလို့ရတာပေါ့။

  • intro

    September 11, 2010 at 1:05 pm

    Useful Tips Bro! Thanks…

Leave a Reply