လမ်းခွဲရှင်းတမ်း

etoneSeptember 10, 20101min1292

တစ်ညနေမှာ
လင်မယားနှစ်ယောက် လမ်းခွဲပြတ်စဲကြဖို့ ဆွေးနွေးနေကြတယ်။ မိန်းမဖြစ်သူက
နီရဲတဲ့မျက်လုံးတစ်စုံနဲ့ လင်ယောက်ျားကို တစ်ချက်ကြည့်ပြီး
လမ်းခွဲရှင်းတမ်းတွေ ရေးနေခဲ့တယ်။
စာအုပ်စင် —- ကျွန်မဝယ်ထားတဲ့အရာ
မှန်ဘောင် —- ကျွန်မဝယ်ထားတဲ့အရာ
တိုင်ကပ်နာရီ —- ကျွန်မဝယ်ထားတဲ့အရာ
ကုလားထိုင် —– ကျွန်မဝယ်ထားတဲ့အရာ
အထပ်ကအရာအားလုံး ကျွန်မဝယ်ထားတဲ့အတွက် ကျွန်မယူဆောင်သွားပါမယ်။
မိန်းမရဲ့ရှင်းတမ်းကိုကြည့်ပြီး ယောက်ျားကလည်း စာရွက်တစ်ရွက်နဲ့ ရှင်းတမ်းတွေ ချရေးလိုက်တယ်။

စောင် —- အခမဲ့
အင်္ကျီစင် —– အခမဲ့
ဓာတ်ဗူး —– အခမဲ့
တယ်လီဖုန်း —– အခမဲ့
စာအိတ်နှစ်ရာ —- အခမဲ့
အကြိမ်ပေါင်းများစွာ ကြိုပို့ —- အခမဲ့
ဂရုစိုက်မှု၊ ကြင်နာမှု၊ စောင့်ကြိုမှု —– အခမဲ့
ရှော့ပင်းကြိုပို့—- အခမဲ့
အထက်က အရာအားလုံးဟာ အခမဲ့ဖြစ်တာကြောင့် တစ်ပါးတည်း ယူဆောင်နိုင်ပါတယ်။ နောက်ပြီး……
အင်္ကျီ၊ ပန်းစည်း အားလုံးအခမဲ့
သင့်အတွက် စိုးရိမ်ကြောင့်ကြမှု၊ သင်စိတ်ချမ်းသာ ပျော်ရွှင်မှု အားလုံးဟာလည်း အခမဲ့ပါ။
အထက်က အရာအားလုံးပေါင်းပြီး သင့်ကိုချစ်ခဲ့တဲ့ အချစ်စစ်ဟာလည်း အခမဲ့ပါပဲ။
ယောက်ျားရဲ့ရှင်းတမ်းကိုကြည့်ပြီး သုတ်သိမ်းလိုက်တဲ့ မျက်ရည်တွေ မိန်းမရဲ့ပါးပြင်ပေါ် စီးကျလာပြန်တယ်။
နှုတ်ဆိတ်ခေါင်းညိတ်ရာက မျက်နှာမော့ပြီး ယောက်ျားဖြစ်သူကို ခပ်စူးစူးတစ်ချက်
သူကြည့်လိုက်တယ်။ ပြီးနောက်
“အထက်က အရာတွေအားလုံး ကျွန်မယူဆောင်သွားမှာပါ။ ရှင်ဟာလည်းအခမဲ့မို့
ရှင့်ကိုလည်း ကျွန်မယူဆောင်သွားရလိမ့်မယ်”
စကားအဆုံးမှာ ယောက်ျားဖြစ်သူက မိန်းမကိုရင်ခွင်ထက် တင်းတင်းလေးဆွဲပွေ့ပြီး နားနား ကပ်ပြောလိုက်တယ်။
“မောင့်ကို တစ်ပါးတည်း ယူဆောင်သွားပါ ဟန်နီ”

2 comments

  • HayMonChan

    September 12, 2010 at 3:25 pm

    ချစ်တတ်လိုက်တာနော်

  • Gong Zhu

    September 16, 2010 at 3:33 am

    တွေ့လား တွေ့လား . . . မိန်းမတွေကယောကျာ်းတွေထက်ပိုချစ်တတ်ကြတယ် ။ ။ ။

Leave a Reply