World Wide Web ရဲ့ သမိုင်းကြောင်း

World Wide Web ကို ဩဂုတ်လ ၆ရက် ၁၉၉၁ ခုနှစ်တွင် တစ်ကမ္ဘာ့လုံးကို Sir Tim Berners-Leeက တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ BBC ကနေ မူပိုင် ရည်ညွှန်းထားတဲံ့ World Wide Web သမိုင်းကြောင်းကို အောက်မှာ ဖော်ပြထားပါတယ်။

World Wide Web ရဲ့ အစ; ၁၉၉၁ ခုနှစ် ဩဂုတ်လ ၆ ရက်

Tim Berners-Lee က World Wide Web စီမံကိန်းကို Alt-hypertext သတင်းအုပ်စု ပေါ်တွင် တစ်ကမ္ဘာ့လုံးသို့ မိတ်ဆက်ပေးခဲ့ပါတယ်။ ပို့စ်တွင် သူက စီမံကိန်းကို ဘယ်နေရာကဆို သတင်းအချက်များ လုပ်ဆောင်ဖို့ Links တွေကို လက်ခံပေးဖို့ ရည်ညွှန်းပါတယ်လို့ ပြောခဲ့ပါတယ်။ အမျိုးမျိုးသော Documents တွေကြားမှာ ဆက်သွယ်ဖို့ အတွက် နည်းလမ်းကို Hypertext နည်းလမ်း သုံးပြိး အဲဒါက လုပ်ဆောင်ပါတယ်။ လွန်ခဲံတဲ့ နှစ်ပေါင်းများစွာက တီထွင်ခဲ့သော်လည်း Mr.Berners-Lee ရဲ့ တီထွင်မူက Hypertext ကို အင်တာနက်နဲ့ ပေါင်းစပ်ပေးခဲ့ပါတယ်။ သူ့ တီထွင်မူကို လေ့လာစေနိုင်ဖို့ လူတွေအတွက် လိုအပ်တဲံ့ ဖိုင်တွေအားလုံးကို သူက ရရှိအောင် လုပ်ဆောင်ထားပါတယ်။