MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်…

CharTooLanSeptember 10, 20101min1297

MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်…
မင်္ဂလာ ရှိသော မနက်ခင်းပါ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်းမှ ထို်င်နေသာ
ခရီးသည်များနှင့် မတ်တက်စီးနင်း လိုက်ပါလာသော ခရီးသည်များကို
နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး သူရိန် ဖြစ်ပါတယ်။
လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့်
မတ်တက်ရပ်သူများ သေချာ မတ်တက် ရပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မြန်မာ့
လေကြောင်း မှ ခရီးစဉ်အချိန် ၄ရက် နောက်ကျသွားခြင်းကြောင့် ဝမ်းနည်းပါတယ်။
ရာသီဥတု မကောင်းတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ Flight 747 စင်္ကာပူ မှ
မြန်မာပြည် ကို ပျံသန်း နေခြင်းဖြစ်ပါတယ်။ လေယာဉ် ဘယ်နား
ရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ မြန်မာပြည် တစ်နေရာရာမှာ
ရပ်နားမှာတော့ ကြိမ်းသေပါတယ်။ ကံကောင်းရင် လူကြီးမင်းတို့ နေတဲ့ ရပ်ကွက်မှာ
ဆင်းသက်နိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာ့ လေကြောင်းဟာ ခရီးစဉ်အားလုံး ဘေးကင်းစွာပဲ
ပျံသန်းနေတာကြာပါပြီ၊ ဘယ်လောက် အန္တရာယ် ကင်းသလဲဆိုရင် အကြမ်းဖက် သူတွေတောင်
ကြောက်ပြီးမစီးကြပါဘူး။ သတင်းကောင်းပါး လိုက်တာကတော့ ကျွန်တော်တို့ ရဲ့ ခရီးသည် ၃၀%

ဟာ သူတို့ သွားလိုတဲ့ ခရီးကို မြန်မာ့လေကြောင်း ပို့ဆောင်မှုကြောင့်ရောက်ရှိခဲ့ပါတယ်။ ခရီးသည်များ တောင်းဆိုချက်အရ ကျွန်တော်တို့ရဲ့ လေယာဉ်ပန်ကာ အင်ဂျင်ဟာ နားငြီးတယ် ဆိုရင် ပိတ်ပေးလို့ရပါတယ်။တကယ်ဘုရားတရားမကိုင်းရှိုင်းသူများ

ကျွန်တော်တို့လေကြောင်းဟာ ဘုရားရှိလား
မရှိလားဆိုတာကို တကယ်ရှာဖွေပေးပါတယ်။

ကျွန်တော်တို့ရဲ့ In Flight ရုပ်ရှင်ကတော့ တီဗီက ပြသနေတာတွေကို ကူးယူဘို့
မေ့သွားလို့ ကြည့်ရှုလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နဲ့ အမြင့်ချိန်တူ ဘေး
မနီးမလှမ်းမှာ ပျံသန်း နေတဲ့ Emirate
Airline မှာ ပြသ နေတဲ့ ရုပ်ရှင်ကို ညာဘက်က ပြုတင်းပေါက်တွေကနေ
လှမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ လေကြောင်းအားလုံးတွင်
ဆေးလိပ် မသောက်ကြရန် နှင့် မီးခိုးငွေ့တွေ့ပါက ကျွန်တောတို့ တပ်ဆင်ထားတဲ့
အင်ဂျင်စက် က အရှိန်လျှော့ရန် အချက်ပြသနေခြင်းဖြစ်ပါတယ်။

ခရီးသွားများ ဘယ်ကနေ ဘယ်ကို ပြန်သန်းနေတယ်ဆိုတာ
လမ်းတစ်လျှောက်မြင်ဖူးတယ်ရှိအောင် အတတ် နိုင်ဆုံး မြေကြီးနဲ့ ကပ်ပြီး
ပြန်သန်းနေပါတယ်။ မြေလွှာနဲ့

သိပ်ကပ်သွားတယ်ဆိုရင်လဲ အကြောင်းကြားပေး စေချင်ပါတယ်။ကျွန်တော်တို့ မြန်မာ
လေကြောင်းဟာ မကြာခင်မှာ ဆင်းသက်တော့မှာမို့ ခါးပတ်များ ပတ်ထားကြရန်နှင့်
ခါးပတ် ရှာမရသူများ ၊ ကိုယ့်ခါးမှာ ပါလာတဲ့ ခါးပတ်ကို ထိုင်ခုံနှင့်
ချီထားကြပါရန်၊ ထိုင်ခုံ မရှိသော ခရီးသည်များ ဘယ်လို ခါးပတ်ပတ်ရမည် မသိပါက၊
ကျွန်တော်တို့ ရဲ့ လေယဉ်မယ်များကို ကိုယ်ပါလာတဲ့ လက်ကိုင်အထုတ်တွေနဲ့
ဘယ်လို ချီရမယ်ဆိုတာ ကို အကူအညီ တောင်းနိုင်ပါတယ်။ကျွန်တော်တို့ မြန်မာ့
လေကြောင်းဟာ ခရီးသည်များ ခေတ်မှီစွာ လက်မှတ်များ ဝယ်ယူနိုင်ရန် အင်တာနက်မှ
တဆင့် ရောင်းချပေးနေပါတယ်။ မြန်မာပြည်မှာ မီးပျက်တာရယ်၊ အင်တာနက် ဆာဗာ များ
လေးလံတာရယ်၊ ကမ္ဘာ့သုံး ငွေကြေးကဒ် စနစ်မရှိသေးသောကြောင့်
လက်မှတ်ဝယ်ရာတွင် ပုံမှန်လိုပဲ ငွေကို ကောင်တာတွင် လက်ငင်းချေပါရန်
ပန်ကြားအပ်ပါတယ်။

မြန်မာ့လေကြောင်းမှ ကျေးဇူးအထူးတင်ရှိပါသည်။

7 comments

  • Saneyarr

    September 22, 2010 at 11:41 am

    ဒါမျိုးက ဟာသမလုပ်သင့်တဲ့ အရာပါ။ ကိုယ့်မြန်မာလေကြောင်းကို တမင်သတ်သတ်ကိုပုတ်ခတ်ထားတဲ့အကြောင်းအရာမျိုးဖြစ်လို့ ရှုံ့ချပါတယ်။

  • bluerose

    May 31, 2012 at 3:32 pm

    ရှုတ်ချတယ်လို့မမြင်ပဲ
    ဟာသအနေနဲ့ပဲဖတ်မယ်ဆိုရင်တော့ရယ်ရပါတယ်
    လူရွှင်တော်တွေတောင်တီဗွီဖန်သားပြင်ကနေလူသိရှင်ကြား
    ရှုတ်ချတာတွေရှိသေးတာပဲလေ
    ဒါမျိုးကတော့ဟာသလို့မြင်ပေးရင်စိတ်ရွှင်လန်းစေပါတယ်

  • မိုးတိမ်

    May 31, 2012 at 6:00 pm

    ၁။တကယ်အဲလိုဖြစ်နေပါသလား
    ၂။ဟာသအနေနဲ့ဆိုရင်တော့လက်ခံပါတယ်
    ၃။မြန်မာတွေ သိပ်ညံ့တယ်ထင်နေရင် မြန်မာပျောက်တော့မယ်
    ၄။အဘက်ဘက်ကပူးသတ်နေကြပြီ
    ၅။အခုပို(စ့်)ရေးတဲ့သူ တစ်ကယ်ကြုံခဲ့ပါသလား
    ၆။အချိန်အမှန်ဆုံး (ကမ္ဘာမှာ) မြန်မာအဲဝေး ကရခဲ့တာကောသိပါသလား
    ရ။လေယဉ်မှာ flight plan နဲ့ ETA , ETD ပေးရတာသိပါသလား
    ၈။ငါကိုယ်တိုင်လေသူရဲပါဘဲ

    • nozomi

      May 31, 2012 at 6:19 pm

      အတိုတို့ကလဲ ချိတ်ကြီးလိုက်ကြတာ
      အရေးအသားအရ ဟာသကြီးပါဗျာ
      (၂၀၁ဝ ကတင်တဲ့ ပို့စ် ကို အခု မှ ချိတ်ချိုး နေရသေး )

      တကယ်ဆိုလဲ ၂၀၁ဝ အရင်က ဖြစ်ခဲ့တယ်ပေါ့
      အခု ၂၀၁၂ မှာ ကမာ္ဘမှာ မြန်မာလေကြောင်းလိုင်းတွေက အကောင်းဆုံး ဖြစ်နေပြီပေါ့ ဗျာ
      အဲဒီလိုသာတွေးလိုက်

      စကားအတင်းစပ်ရရင်
      ကိုမိုးတိမ် ပြောတဲ့ ETA , ETD တို့ ဆိုတာ ဘာတွေလဲဗျ
      လေသူရဲ ကြီးဆိုတော့ အတွေ့အကြုံလေးတွေ ရေးပြပါလား စိတ်ဝင်စားဘို့ ကောင်းမှာ ဗျ
      တရွာလုံးကိုယ်စား တောင်းဆိုပါတယ် ဗျာ

  • မိုးတိမ်

    May 31, 2012 at 6:57 pm

    Estimate Time Arrival (ETA) နဲ့ Estimate Time Departure (ETD) ပါဗျာ။
    လေယဉ်ရောက်မယ့်အချိန် နဲ့ လေယဉ်ထွက်ခွာပျံသန်းချိန်ကို အတိအကျသတင်းပေးရပါတယ်။
    လေယဉ်သွားမယ့်လမ်းကြောင်း(flight plan)ကို အနဲဆုံး ၄၅ မိနစ်ကြိုတင်သတင်းပေးရပါတယ်။
    အဲဒီအတိုင်းသွားရပါတယ်။လမ်းကြောင်းလွဲမရပါဘူး။အပိုအလို (၅)မိနစ်ထက်မပိုရပါဘူးခင်ဗျာ။
    လေယဉ်ဟာ ဘတ်(စ်)ကားမဟုတ်ပါဘူး။Airspeed (အမြန်နှုန်း)အတိအကျထိန်းရပါတယ်။
    အားလုံးအတိအကျတွက်ပြီးမှ သွားရတာပါ။လေယဉ်စီးတဲ့သူတိုင်း ဘယ်အချိန်ရောက်မယ်ဆိုတာကို
    ကြိုတင်အသိပေးပါတယ်။ပို၊လို (၅)မိနစ်ဆိုတာ အလွန်ဆုံးပါ။ရာသီဥတုကောင်းရင် အတိအကျကို
    ရောက်ပါတယ်။GPS နဲ့ flying facility တွေအများကြီးရှိနေပါပြီခင်ဗျာ။

  • က်ိုကိုအိုဗာ

    May 31, 2012 at 6:58 pm

    ကိုယ်ဆရာတွေ တော်ကြပါတော့
    စါရေးသူဟာ ဟာသဥဏ် ကောင်းပါတယ် ပါရမီရှိတယ်လို့ထင်ပါတယ်
    ဘယ်လိုပဲဖြစ်ဖြစ်ပါ အမ်အေအိုင် ကိုတော့
    ဖက်စက်လတီ မြင့်ဖို့ရာ
    လိုအပ်နေတာအားလုံး အသိပါ။
    လေသူရဲကြီး ကလဲ …
    အတွေ့အကြုံ လေးတွေ
    ရွာသားတွေကို မျှဝေရင်တော့
    အားလုံးပျော်စရာကောင်းမှပါ။
    လေးစာစွာဖြင့်…

  • သားငယ်

    May 31, 2012 at 7:28 pm

    ကျနော် ကြုံခဲ့တာတစ်ခု ကတော့ ဗန်းမော်မြို ့ကနေ မန်းလေး ကို တိုက်ရိုက်ပျံသန်း မယ့် လေယာဉ် ခရီးစဉ်ဖြစ်ပါတယ်။ ဗန်မော်
    လေယာဉ်ကွင်းမှာ ပစ္စည်းတွေ စစ်ပေါင်ချိန် အားလုံး ပြီးစီးလို ့လေယာဉ်ပေါ်တတ်ဖို ့ဘဲကျန်တော့ တဲ ့အချိန်မှာ လေယာဉ်က
    ပန်ကာ အဆင်မပြေလို့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်..အဲ့ဒါနဲ ့လေယာဉ်ကွင်း အစီအစဉ်ကားနဲ ့ဗန်းမော် မြို ့ထဲက တည်းခိုခန်း
    မှာ တစ်ညတာ အိပ်စက်ပြီး နောက်နေ ့ခရီးစဉ် ကတော့ အဆင်ပြေစွာနဲ ့လေယာဉ်ပျံသန်းမှု ့စတင်ပါတယ် ..လေယာဉ်ပေါ်တတ်ခါနီး
    မေ့ပြီး အပေါ့အပါးမသွားခဲ ့မိတော့ လေယာဉ်ပေါ်ရောက်မှ အပေါ့ သွားချင်လို ့မတ်တပ်ရပ်ပြီး လေယာဉ်နောက်ဖက် က အိမ်သာ ရှိ
    ရာသွားမယ် ပြင်တော့ လေယာဉ်မယ်လေးက ဘယ်ကိုသွားမလို ့ပါလဲ လို ့လာမေးပါတယ် ..အဲ့ဒါနဲ ့အပေါ့သွာချင်ကြောင်းပြောတော့
    လေယာဉ်မယ်က ခဏလေး စောင့်ပေးပါ..တဲ ့.သူကတော့နောက်ဖက်ကိုသွားပြီးအလုပ်တွေ ရူပ်ပါတော့တယ်..ဘာများလဲလို ့ကြည့်
    လိုက်တော့ အိမ်သာထဲမှာ ပါ ပစ္စည်းတွေ ကထည့်လာတာကိုး ဟိဟိ အဲ့ပစ္စည်းတွေ သယ်ထုတ် ပြီး ရှင်းနေရပါတယ်..ပါဆယ် ထုပ်တွေပေါ့..ပြီးတော့မှ အိမ်သာထဲ ဝင် အပေါ့အပါးသွား..လေယာဉ်ပျံသန်းတာကတော့ ပုံမှန်ပါဘဲ လမ်းမပေါ်မှာ လေယာဉ်ပြေးတာ
    တစ်ချက်ဘဲ လမ်းတွေက သိပ်မကောင်းတော့ ကတုန်ကယင်ကြီးဗျာ..မြန်မာလေကြောင်းလိုင်းဖြစ်ပါတယ်ဗျာ..တကယ်ကို ကိုယ်တွေ ့ကြုံခဲ ့ရတာလေးပါ.. တာချီလိပ်ဘက်က ပြန်လာတော့ မှတ်သားထားတာလေး နဲ ့အရင်ဆုံး အိမ်သာ ဝင် ကိစ္စလေးတွေ
    အရင် ရှင်းပြိးမှ စိးခဲ ့ပါတယ်..အဲ့ကျပြန်တော့ ဟဲဟိုးဆိုက်တယ်.ပြိးတော့ ခရီးသည်ထပ်တင်တယ် ချတယ်..ပြီးတော့ မန်းလေး..ပြီးမှ ရန်ကုန်..အဲ့လို.ပေါ့ဗျာ အဆင်ပြေပါတယ်..ကြားလေဆိပ်ကလမ်းတွေကတော့.သိပ်မကောင်းလို ့ခုန်ဆွခုန်ဆွပါဘဲ..ဟိဟိ..

Leave a Reply