ကျန်းမာချင်လို အာလူး စားပါဒီလို. . .

အာလူးကို ချက်စားခြင်း၊ ပြုတ်စားခြင်း၊ မီးဖုတ်စားခြင်း ၊ ကြော်စားခြင်း များအနက်မှ ကျန်းမာရေးအတွက် ဘယ်ဟာ က အကောင်းဆုံးဆိုတာကို အကြံပြုရေးသားလိုပါတယ်. . .
မနေ့ကတော့ အာလူးကြော်စားရင် ဘယ်လို ဆိုးကျိုးတွေရတယ်ဆိုတာကို ဖော်ပြပြီး ဖြစ်ပါတယ်. . .

အာလူးမှာပါတဲ့ အာဟာရ တွေကတော့ ဘယ်လိုပဲ စားစား ဆုံးရှူံးမှုမရှိတော့ ကြိုက်သလိုစားလို့ရပါတယ်. . အာလူးစားတော့မယ်ဆိုရင် အောက်ပါအချက်များကို သတိထားစားသုံးပါ က ကျန်းမာရေးဖြင့် ညီညွတ် မည်ဖြစ် ပါ သည်. . .

၁. အာလူးစားရင် အခွံကို ခွာပြီးစားတာ အန္တာရာယ်ကင်းပါတယ် . . အထူးသဖြင့် အခွံစိမ်းနေရင် လုံးဝမစားသင့်ပါ. . ကလေးငယ်များကို ကျွေးလျှင် အခွံခွာပြီးသားကိုသာ ကျွေးရပါ့မယ်.

၂. အာလူးကို ဓားနဲ့လှီးပြီး မချက်ခင်မှာ သန့်ရှင်းတဲ့ရေနဲ့ဆေးရပါတယ် . . အဲဒီလိုဆေးလျှင် Saponin အဆိပ်တွေ ဖြစ်တဲ့ အကျိအချွဲတွေဟာ ရေနဲ့အတူ ပျော်ဝင်သွားမှာ ဖြစ်ပါတယ်. . ဆေးတဲ့အခါ ရေ ပျော်ဝင်မှု ပိုကောင်းအောင် လက်နဲ့လှုပ်ပေးဖို့လိုပါတယ်. . . ရေကို သုံး လေး ခါ လဲပေးရင် အဆိပ်တွေ ကင်းစင်သွားမှာ ဖြစ်ပါတယ်. .

၃. ကြော်ရင် တူးအောင် မကြော်ဖို့လိုပါတယ် . . ညိုတယ်ဆိုရင်တော်လောက်ပါပြီ၊ အဖြူထည်ကြော်တာထက် ခပ်ညိုညိုလေးက ပိုကောင်းပါတယ်. . ဆီပါဝင်မှုနည်းသွားအောင်လုပ်ခြင်း ဖြစ်ပါတယ်. . အဆိပ်တွေလဲ ပျယ်သွားပါတယ်.

၎. ပြုတ်စားရင် ပြုတ်ရေကို မသောက်ပဲ သွန်သင့်ပါတယ်. . . အာလူးသားကိုပဲ စားသင့်ါတယ်. . . ပြုတ်ရေထဲမှာ အဆိပ်တွေ ပျော်ဝင်နေလို့ ဖြစ်ပါတယ်. .

၅. သက်ကြီးရွယ်အိုများ၊ အစာအိမ် အချဉ်ရယ် Acid ထွက်တာနည်းသည့် အတွက် အာလူးကျွေးလျှင် တစ်ရက်ထဲ အများကြီး မကျွေးသင့်ပါ. . တစ်ကြိမ်စားလျှင် အနည်းငယ်သာ စားသင့်ပါတယ် . .

အာလူးကြိုက်သူများ ကျန်းမာမျှတစွာ စားသုံးနိုင်စေရန် ဆန္ဒပြုရေးသားအပ်ပါတယ်..

အာလူးကြော်စားရင်

အာလူးကြော်ကို မည်သည့် ပုံစံဖြင့် ကြော်ထားသည် ဖြစ်ပါစေ အာလူးကြော်မှန်သမျှသည် Junk Food ဟုခေါ်သော အမှိုက်သရိုက် အစားအစာထဲတွင် ပါဝင်ပါသည်. . . အာလူးသည် အာဟာရဓာတ် များစွာပါရှိသော အသီးအနှံတစ်မျိုးဖြစ်ပါသည်. . .

အာလူးကို ဆီဖြင့်ကြော်လိုက်မည် ဆိုပါက အာလူးထဲမှရသည့် ကယ်လိုရီရော ကြော်သည့်ဆီမှ ရသည့်  ကယ်လိုရီပါ ပေါင်းလိုက်ပါ က ကယ်လိုရီ အတော်များသွားပါသည်. . . အာလူးကြော်ကို အရသာရှိအောင် ဆိုပြီး ဆား၊ အရွမှုန့် အစရှိသည်တို့ကို ထပ်ထည့်လိုက်သည့် အခါတွင် အငန်ဓာတ်ရော၊ ကယ်လိုရီပါ ပိုများသွားစေပါသည်. . .

အဆိုးဆုံးကတော့ အာလူးချောင်း ကြော်ဘ၀ရောက်သွားတဲ့အခါ အဲဒီအာလူးထဲမှာ ခန္ဓာကိုယ်ကျန်းမာရေး အတွက် ထိခိုက်စေနိုင်သော ဒြပ်ပေါင်းတစ်မျိုး ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါသည်. . .

အာလူးကြော်ထဲတွင် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းတစ်ခု ဖြစ်သည့် အခရလစ်လမိုက် (Acrylamides ) များ ပါဝင်နေခြင်းဖြစ်သည်. .

အာလူးချောင်းကြော်တစ်နေ့လျှင် ၁၆၀ ဂရမ် (၁၅ကျပ်သား ရှိအာလူးကြော် အထုပ်ကြီးတစ်ထုပ်) ကို နေ့စဉ် ၂၈ ရက်တိတိစားလျှင် သွေးတွင်း အခရစ်လမိုက် ပမာဏနှစ်ဆ အထိတက်သွားကြောင်း တွေ့ရှိထားပါသည်. . . ဤ တွေ့ရှိချက်အရ အာလူးကြော်ကို နေ့စဉ်စားတဲ့ အလေ့အထ ရှိတဲ့ လူတစ်ယောက်သည် ကင်ဆာရောဂါ ဖြစ်ရန် အခွင့်အလမ်း ပိုများနိုင်ပါသည်. . .

ဒါ့ကြောင့် အာလူးကြော်ကို အလွန်အကျွံ့စားသူများ သတိထားရမှာဖြစ်ပါတယ်. . . . အာလူးကြော်အစား ကျန်းမာရေးနှင့် ညီညွတ်သည့် အခြား အစားအစာများ၊ သစ်သီးဝလံများ၊ သရေစာများကို အစားထိုး စားသုံးသင့်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်.

ဒေါက်တာခင်မောင်လွင် (FAME) (Health Talk Programme)

အားလုံးကိုချစ်ခင်လေးစားလျှက်…

မှတ်ချက် အားလူးဖျော်ရည်ကောင်းတဲ့ အကြောင်းလေး ပြောထားတာတွေ့လို့ တခြားအမြင်လေးနဲ့ တခါတည်း ဖတ်မိအောင် ရှာဖွေ တင်ပေးလိုက်ပါသည်။

About ဆူး

has written 398 post in this Website..