အားလူးနဲ့ စားသုံးခြင်း စပ်မိစပ်ရာ

ဆူးSeptember 11, 20101min1428

ကျန်းမာချင်လို အာလူး စားပါဒီလို. . .

အာလူးကို ချက်စားခြင်း၊ ပြုတ်စားခြင်း၊ မီးဖုတ်စားခြင်း ၊ ကြော်စားခြင်း များအနက်မှ ကျန်းမာရေးအတွက် ဘယ်ဟာ က အကောင်းဆုံးဆိုတာကို အကြံပြုရေးသားလိုပါတယ်. . .
မနေ့ကတော့ အာလူးကြော်စားရင် ဘယ်လို ဆိုးကျိုးတွေရတယ်ဆိုတာကို ဖော်ပြပြီး ဖြစ်ပါတယ်. . .

အာလူးမှာပါတဲ့ အာဟာရ တွေကတော့ ဘယ်လိုပဲ စားစား ဆုံးရှူံးမှုမရှိတော့ ကြိုက်သလိုစားလို့ရပါတယ်. . အာလူးစားတော့မယ်ဆိုရင် အောက်ပါအချက်များကို သတိထားစားသုံးပါ က ကျန်းမာရေးဖြင့် ညီညွတ် မည ်ဖြစ် ပါ သည်. . .

၁. အာလူးစားရင် အခွံကို ခွာပြီးစားတာ အနာ္တရာယ်ကင်းပါတယ် . . အထူးသဖြင့် အခွံစိမ်းနေရင် လုံးဝမစားသင့်ပါ. . ကလေးငယ်များကို ကျွေးလျှင် အခွံခွာပြီးသားကိုသာ ကျွေးရပါ့မယ်.

၂. အာလူးကို ဓားနဲ့လှီးပြီး မချက်ခင်မှာ သန့်ရှင်းတဲ့ရေနဲ့ဆေးရပါတယ် . . အဲဒီလိုဆေးလျှင် Saponin အဆိပ်တွေ ဖြစ်တဲ့ အကျိအချွဲတွေဟာ ရေနဲ့အတူ ပျော်ဝင်သွားမှာ ဖြစ်ပါတယ်. . ဆေးတဲ့အခါ ရေ ပျော်ဝင်မှု ပိုကောင်းအောင် လက်နဲ့လှုပ်ပေးဖို့လိုပါတယ်. . . ရေကို သုံး လေး ခါ လဲပေးရင် အဆိပ်တွေ ကင်းစင်သွားမှာ ဖြစ်ပါတယ်. .

၃. ကြော်ရင် တူးအောင် မကြော်ဖို့လိုပါတယ် . . ညိုတယ်ဆိုရင်တော်လောက်ပါပြီ၊ အဖြူထည်ကြော်တာထက် ခပ်ညိုညိုလေးက ပိုကောင်းပါတယ်. . ဆီပါဝင်မှုနည်းသွားအောင်လုပ်ခြင်း ဖြစ်ပါတယ်. . အဆိပ်တွေလဲ ပျယ်သွားပါတယ်.

၄. ပြုတ်စားရင် ပြုတ်ရေကို မသောက်ပဲ သွန်သင့်ပါတယ်. . . အာလူးသားကိုပဲ စားသင့်ါတယ်. . . ပြုတ်ရေထဲမှာ အဆိပ်တွေ ပျော်ဝင်နေလို့ ဖြစ်ပါတယ်. .

၅. သက်ကြီးရွယ်အိုများ၊ အစာအိမ် အချဉ်ရယ် Acid ထွက်တာနည်းသည့် အတွက် အာလူးကျွေးလျှင် တစ်ရက်ထဲ အများကြီး မကျွေးသင့်ပါ. . တစ်ကြိမ်စားလျှင် အနည်းငယ်သာ စားသင့်ပါတယ် . .

အာလူးကြိုက်သူများ ကျန်းမာမျှတစွာ စားသုံးနိုင်စေရန် ဆန္ဒပြုရေးသားအပ်ပါတယ်..

အာလူးကြော်စားရင်

အာလူးကြော်ကို မည်သည့် ပုံစံဖြင့် ကြော်ထားသည် ဖြစ်ပါစေ အာလူးကြော်မှန်သမျှသည် Junk Food ဟုခေါ်သော အမှိုက်သရိုက် အစားအစာထဲတွင် ပါဝင်ပါသည်. . . အာလူးသည် အာဟာရဓာတ် များစွာပါရှိသော အသီးအနှံတစ်မျိုးဖြစ်ပါသည်. . .

အာလူးကို ဆီဖြင့်ကြော်လိုက်မည် ဆိုပါက အာလူးထဲမှရသည့် ကယ်လိုရီရော ကြော်သည့်ဆီမှ ရသည် ့ ကယ်လိုရီပါ ပေါင်းလိုက်ပါ က ကယ်လိုရီ အတော်များသွားပါသည်. . . အာလူးကြော်ကို အရသာရှိအောင် ဆိုပြီး ဆား၊ အရွမှုန့် အစရှိသည်တို့ကို ထပ်ထည့်လိုက်သည့် အခါတွင် အငန်ဓာတ်ရော၊ ကယ်လိုရီပါ ပိုများသွားစေပါသည်. . .

အဆိုးဆုံးကတော့ အာလူးချောင်း ကြော်ဘဝရောက်သွားတဲ့အခါ အဲဒီအာလူးထဲမှာ ခန္ဓာကိုယ်ကျန်းမာရေး အတွက် ထိခိုက်စေနိုင်သော ဒြပ်ပေါင်းတစ်မျိုး ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါသည်. . .

အာလူးကြော်ထဲတွင် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းတစ်ခု ဖြစ်သည့် အခရလစ်လမိုက် (Acrylamides ) များ ပါဝင်နေခြင်းဖြစ်သည်. .

အာလူးချောင်းကြော်တစ်နေ့လျှင် ၁၆ဝ ဂရမ် (၁၅ကျပ်သား ရှိအာလူးကြော် အထုပ်ကြီးတစ်ထုပ်) ကို နေ့စဉ် ၂၈ ရက်တိတိစားလျှင် သွေးတွင်း အခရစ်လမိုက် ပမာဏနှစ်ဆ အထိတက်သွားကြောင်း တွေ့ရှိထားပါသည်. . . ဤ တွေ့ရှိချက်အရ အာလူးကြော်ကို နေ့စဉ်စားတဲ့ အလေ့အထ ရှိတဲ့ လူတစ်ယောက်သည် ကင်ဆာရောဂါ ဖြစ်ရန် အခွင့်အလမ်း ပိုများနိုင်ပါသည်. . .

ဒါ့ကြောင့် အာလူးကြော်ကို အလွန်အကျွံ့စားသူများ သတိထားရမှာဖြစ်ပါတယ်. . . . အာလူးကြော်အစား ကျန်းမာရေးနှင့် ညီညွတ်သည့် အခြား အစားအစာများ၊ သစ်သီးဝလံများ၊ သရေစာများကို အစားထိုး စားသုံးသင့်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်.

ဒေါက်တာခင်မောင်လွင် (FAME) (Health Talk Programme)

အားလုံးကိုချစ်ခင်လေးစားလျှက်…

မှတ်ချက် အားလူးဖျော်ရည်ကောင်းတဲ့ အကြောင်းလေး ပြောထားတာတွေ့လို့ တခြားအမြင်လေးနဲ့ တခါတည်း ဖတ်မိအောင် ရှာဖွေ တင်ပေးလိုက်ပါသည်။

8 comments

  • piti

    April 23, 2011 at 12:26 pm

    ကျွန်တော်က အာလူးကြော်ဆို သိပ်ကြိုက်တာ…
    အခုလိုဆိုတော့ ဆင်ခြင်ရတော့ မှာပေါ့…
    ကျေးဇူးတင်ပါတယ်… ကျန်းမာရေး ဗဟုသုတရအောင် တခြားဟာလေးတွေကိုလည်း တင်သင့်တဲ့အချိန် တင်ပေးပါအုံးဗျာ

  • တညင်သား

    April 23, 2011 at 1:33 pm

    သွားပြီ ကျွန်တော်က အာလူူးပဲ စားစရာရှိတာ အခုတော့… ..ပြုတ်စားလို့ ရသေးတယ်နော်………..

  • nature

    April 23, 2011 at 2:12 pm

    စိတ်ဝင်စားဘို့ကောင်းပါတယ်၊ ကျနော်ကဆေးဘက်ဝင်သော မီးဖိုချောင်မှ အသီးအရွက်များအကြောင်း စိတ်ဝင်စားပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 24, 2011 at 2:55 am

    ပြောတော့
    ကင်ဆာဖြစ်ရင်
    အာလူးနဲ ့ကုတယ်ဆို
    ဂျပန်ဆေးမြီးတိုလားဘာလား
    ဘယ်မှာလဲသိဘူးဖတ်ရတယ်

    • kai

      April 24, 2011 at 9:15 am

      http://myanmargazette.net/20162/economic-news-international-news-news-industry-people-in-the-news-us-news-news

      Raw Potato Juice Can Control Spread Of Cancer Cells*

      Raw Potato Juice

      (The following article was originally written in Japanese. Its translation is presented here without editing. It’s well known in TCM that raw potato juice together with its skin can have efficacious healing effects but organic potatoes are preferable to avoid harmful man-made chemicals)

      “There have been a number of cancer patients who have undergone this type of treatment this year, while several have gradually recovered, to the extent that when some are saved from the brink of death, they have called to inform of their eternal joy.”

      Buddhist monk Master Tomizawa, who advocates fresh potato juice treatment, has received overwhelming response in letters from cancer sufferers from all over Japan, therefore this edition will again publish clinical cases of fresh potato juice treatment.

      Mash fresh potatoes to pulp and continuously every day drink one to two glasses of potato juice derived from this pulp. This will mainly cure cancer, but recovery cases from liver disease, diabetes, gastric ulcer, kidney disease, heart disease, hypertension, lumbago and sore shoulders etc have also been reported.

      For example, Mr T had a tumor growth under his ear which was diagnosed to be malignant and which had also been operated on before. He later received radiotherapy, but up to last year, his cancer cells had spread to his lungs. He was diagnosed to have lung cancer at a cancer specialist hospital, and proclaimed beyond cure. Thereafter he started actively participating in fresh potato juice treatment. At present, the spread of his cancer cells is under control and his physical strength has improved, and should be able to return to work.

      No after-efffects: can be implemented immediately.

      In Scholor Tomizawa’s book “The Way to Healthy Life: Cancer not to be Feared”, he wrote, “even though a patient might be undergoing operation on cancer, because of his fear cancer cells will spread or all its affected parts not cleared, he will continuously use anti-cancer drugs or undergo radiotherapy. However, it is seldom heard of that cancer is thus cured. Moreover, the risk of side effect from such treatment remains high. As a result, the patient loses his appetite and his body rapidly becomes weaker. On the contrary, treatment using fresh potato juice has no danger of any side effects at all and it enables the patient to restore his physical strength, as well as enhance his natural rehabilitative power. Potato is a kind of food with high nutritive value, if continuously consumed over a long period, it has a miraculous power that could suppress the growth of cancer cells.”

      There is no risk at all in using Fresh Potato Juice Treatment. Anyone could start it immediately and within a very short period, one could really feel the effect. Anyone with soreness in his body could gradually reduce the aching feeling after one has taken the juice for one to two weeks. Even for those who had no soreness, their appetite would improve, skin appearance turned redder and their physical strength is expected to recover gradually after they had continuously taken the juice for even a short period.

      A True Magic Wand For Instant Revival

      However, Scholar Tomizawa warned those patients not to view Fresh Potato Juice as a drug. He said, “even though one only takes the juice and still not try to change the old habit of voluptuous life, then it can said that he is viewing potato as a medicine available in a medicine bottle. He seems to treat himself as a patient but without self-constraint and life-preservation. He takes medicine just for curing his disease in a light manner. When a human being is ailing, there is always a causative factor, for example voracious eating and drinking, yearning for delicious foods and non-controlled sleepless nights. Such living styples are major causes of sicknesses. As such, the responsibility of treating sickness would naturally have to be shouldered by himself. If one has brought his life to such a critical situation and yet still not prepared to change his living habits and intends to use Fresh Potato Juice just to cure once and for all his sickness, it is indeed a great mistake!”

      Life accumulates disease little by little from one’s past to the present. Therefore if one intends to completely cure one’s disease, one has to make a 180 degree turnabout, ie, undergo an enormous change from one’s past lifestyle. The Fresh Potato Juice will then become the fairy wand that could truly revive one’s life.

      How To Prepare Raw Potato Juice

      The following is the method for preparing fresh potato juice (preferably from organic potatoes). For the first preparation of potatoes, there should be 2 to 3 large potatoes and 3 to 4 small ones.

      First of all, brush the potatoes in water, make them clean and dry, then remove all the sprouts on them. Scrape whole potatoes with skins on into crumbled particles on a vegetable scraper-board. Place the crumbs into a cloth or jute rice bag with rather large mesh. Then squeeze hard to get the juice. One squeeze might yield one cup of juice (180 to 200cc).

      Take the juice about 30-60 minutes before breakfast every day, i.e. drink it with an empty stomach. If possible, take one cupful of the juice before dinner. According to Scholar Tomizawa, one should drink the juice immediately after it is squeezed out and it is important to continue drinking every day.

      For those who are weak and cannot drink one cupful at a time, drink with several intervals. For those who dislike drinking raw juice, about 30cc of some kind of fruit juice can be mixed together to make a drinking easier.

      The Treatment Has Prevailed In Germany Since Ancient Times

      According to Doctor Kinoshita who was very familiar with Chinese medicinal dietotherapy, he said, “Potato was called the ‘apple of the great earth’ in Europe, which showed it was a food with very rich nutrition especially in vitamin C and calcium. In Germany, people used to drink potato-scraped juice for treating gastric ulcer and constipation since olden times.”

      Besides, potato has the effect of suppressing cancer growth. This was gradually proven by scientific experiments. Professor Kagamin from the Hygiene study in the Akita University Medical Department, successfully extracted a suppressive material, a pro-variation substance from potatoes. The significant effect of such material was affirmed through experiments conducted on mice. The research result was published last year in Germany where an International Cancer Society Conference was held.

      The Fresh Potato Juice could not only treat cancer but also cure many people who suffer from hypertension, heart diseases, diabetes and kidney disease. For those who are suffering from chronic diseases, please try this treatment.

      Okada Akira, Medical Analyst

  • eros

    April 24, 2011 at 11:07 am

    တောက် ဒီအချိန်မှာ အာလူးချောင်းကြော်လေးရယ် ဘီယာအေးအေးလေးရယ် နဲ့ ဆိုလို့ကတော့ ရှယ်ပဲ။ သူကြီး လာဝိုင်းမလားဗျ။ US မဟုတ်တော့ ဟန်နီကယ်တို့ ကားလ်စဘက် တို့ မရှိဘူးပေါ့ဗျာ။ မြန်မာပြည်ဆိုတော့ မြန်မာနဲ့ပဲ ဧည့်ခံမယ်ဗျိုး။ ပြောသာပြောရတယ် သူကြီးက မြန်မာဘီယာ အရသာ သိလောက်မှာ မဟုတ်ဘူး။

  • naywoonni

    April 24, 2011 at 11:47 am

    အာလူးလာမပေးနဲ့xxx လေတွေနဲနဲလျော့….. ဘူတာရုံမှာသင်္ဘောကြီးတွေဆိုက်လို့တဲ့….။ ဟိုတစ်ချိန်တုန်းက အော်ခဲ့တဲ့ သီချင်းလေးးး ပေါ.့……..

  • manawphyulay

    April 24, 2011 at 12:20 pm

    တော်ပြီအာလူးကြော်မစားတော့ဘူး။ ဆိုးကျိုးက ကောင်းကျိုးထက် ပိုများနေတယ်။ အာလူးဟုတ်ဘူးလား ခေါင်းစဉ်က အားလူးဖြစ်နေတယ်နော်ညီမလေး

Leave a Reply